မြစ်ဆုံစီမံကိန်း ရပ်ထားမည်

Friday, September 30, 2011



....




အငြင်းပွားစရာ မြစ်ဆုံဆည် စီမံကိန်းကို ဆက်မလုပ်ဘဲ ရပ်ထားလိုက်မယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ လွှတ်တော်မှာ ပြောလိုက်ကြောင်း မြန်မာပြည်ကလာတဲ့ AP, Reuters သတင်းတွေက ဆိုပါတယ်။

ဒါဆိုရင်တော့ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပါ။
အလွှာအသီးသီးရဲ့ မြစ်ဆုံအရေး တောင်းဆိုချက်ကို ဂရုစိုက်ကြောင်း
မနက်ပိုင်းမှာ သမ္မတက ပြလိုက်သလို
နေ့ခင်းပိုင်းမှာလည်း အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြပါမယ် တဲ့။

ထောင်တံခါးတွေဖွင့်ပေးမယ်ဆိုရင် ပိုပြီး မင်္ဂလာရှိမယ့်နေ့ ဖြစ်သွားမှာပါ။



....

9 comments :

  1. Anonymous said... :

    နိုင်ငံတော်သမ္မတကြီးအား အလေးပြု !!!

  1. NawCherry said... :

    အမှန်တကယ်သာဆိုလို့ကတော့ အလေးပြု မှာအမှန်ပါပဲ .. ရပ်ထားမည် ကနေ ဖျက်သိမ်းမည် ဆိုလို့ကတော့ သမ္မတ ကို ဆုတောင်းမေတ္တာ တောင်ပို့ ပေးဦးမယ် ညတိုင်း ...

  1. ကြိုဆိုပါတယ် သမ္မကြီးခင်ဗျား။ (ပထမဆုံး အကြိမ်)

  1. Anonymous said... :

    စစ်အာဏာရှင်အဖွဲ့ဝင်စစ်ဘောင်ဘီချွတ် သမတသိန်းစိန်ပြောတာလေးနဲ့ ယုံပြီးအလေးပြုစရာမလို့ပါဘူး.သမတ သိန်စိန်းအပေါင်းအပါတွေ ပြည်သူတွေကို လိမ်ညာပြီးပြောလာခဲ့တာ နစ်ပေါင်းကြာညောင်းခဲ့ပါပြီး
    သမတ သိန်းစိန်ပြောတာဟုတ် မဟုတ် ပြည်သူတွေလိမ်ညာပြီး ၀ါဒဖြန့်တာဟုတ်မဟုတ်ဆိုတာ အများကြီး သတိထားပြီး စောင့်ကြည့်ရမှာပါ..သူတို့ပြောတိုင်ယုံပြီး ပုံအပ်လို့ကတော့ကွ မိအေး နစ်ခါနာဖြစ်သွားမယ်လေ...သူများကြားအောင်တော့ လူတိုင်းပြောတတ်တာပေါ. လုပ်တွေလုပ်ပြဘို့အရေးကြီးတယ်...ကမ္ဘာကျော်လူလိမ်လူညာဖြစ်တဲ့ သမတ သိန်းစိန်အဖွဲ့ကိုဘယ်တော့မှ မယုံသေနဲ့အုံးဟေ့ ဘာဖြစ်လို့လဲဆိုတော့ ရွေကောက်ပွဲမှာ အမျိုးမျိုး မဲတွေ လိမ်ညာပြီးတော့ သမတဖြစ်လာတဲ့ သမတသိန်းစိန်ပါ

  1. tharthiha said... :

    သမ္မတကြီး၏ ယနေ့ပေးပို့သော သ၀ဏ်လွှာ နားဆင်နိုင်ပြီ
    http://blog.all-channel.com/?p=257

  1. Anonymous said... :

    မရပ်လို့မရဘူးလေအဲကနေတစ်ဆင့်လူထု
    အုံကြွမှုဖြစ်လာနိုင်တယ်၊ပီးတော့ခုလူတွေက
    အမျိုးသားရေးခေါင်းစင်တပ်ပီးကန့်ကွက်နေ
    တာဆိုတော့နိုင်ငံရေးနဲ့လည်းဖမ်းဖို့ကခက်ပီ
    ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာအပြောင်း
    အလဲဖြစ်ကောင်းဖြစ်လာနိုင်တယ်...ဦးဇော်မင်း
    ကဘယ်လိုသတ်တိမျိုးနဲ့ဇွတ်ဆက်လုပ်မယ်လို့
    ပြောရဲသလဲ...ဦးသိန်းစိန်ကရောခုလိုဆက်လုပ်
    မယ်လို့တရားဝင်ကြေငြာပီးမှရပ်ထားဆိုပီး
    လုပ်လိုက်တာ...စောင့်ကြည့်ကြတာပေါ့

  1. Anonymous said... :

    ဒီစီမံကိန်းကြီးက ရပ်ထားတာတင်မက ဖျက်သင့်ပါတယ်။ ရပ်ဆိုင်းထားတဲ့ကာလလွန်ပြီ ဆိုလို့ ပြန်စမယ်ဟေ့ ဆိုရင်လည်း ခုဖြစ်လာနိုင်မယ့် ဆိုးကျိုးနဲ့ နောက်ဖြစ်လာနိုင်မယ့်ဆိုးကျိုးကတော့ လျော့မသွားလောက်ပါဘူး။ ဒီမြစ်ဆုံကိစကို ကနဦးကနေ စတင်ကန့်ကွက်ခဲ့တဲ့ ကချင်လူငယ်တွေနဲ့ ကွန်ယက်တွေ၊ အဖက်ဖက်က နှောင့်နှေးအောင်ပါဝင်လုပ်ဆောင်ခဲ့တဲ့ ကေအိုင်အိုတို့လို လက်နက်ကိုင်အဖွဲ့တွေနဲ့ နောက်ပိုင်း အကျယ်တ၀င့်ကန့်ကွက်ခဲ့တဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ အနုပညာရှင်တွေ အားလုံးကိုလည်း လေးစားပါတယ်။

    ဗမာဟာလည်း တိုင်းရင်းသားတမျိုးဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံး တန်းတူညီမျှအေးချမ်းသာယာနိုင်အောင် ဒီမြစ်ဆုံစီမံကိန်း လှုပ်ရှားမှုလိုပဲ အားလုံးပူးပေါင်းလုပ်ဆောင်သွားနိုင်မယ် ဆိုရင် ပိုကောင်းပါလိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တန်းတူညီတူ ဆွေးနွေးသင့်ပါတယ်။ ၀တွေနဲ့ ဆွေးနွေးနိုင်ခြင်းကို ရမ်းကောသမ်းကော ဂုဏ်ယူမနေသင့်ပါဘူး။ တရုတ် တဖြစ်လဲ ၀နဲ့ ဗမာစစ်တပ်ရဲ့ဆက်ဆံရေးကလည်း သမိုင်းနဲ့ ရှိခဲ့တာပဲ။ တိုင်းရင်းသားတပ်တွေလည်း အရင်က အချင်းချင်းမစည်းလုံးခဲ့တာတွေကို ပြုင်ပြီး ခုတော့ တစ်လေသံတည်း ထွက်နေပါပြီ။ ဘယ်သူမှ မြန်မာနိုင်ငံတော်ထဲကနေ ခွဲထွက်မယ်လို့ မပြောကြတော့တဲ့အချိန်မှာ လက်ရှိအစိုးရအနေနဲ့ အခွင့်အရေးကောင်းယူပြီး ပြေလည်အောင် တွေ့ဆုံသင့်ပါတယ်။ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ ဆိုရိုးကလည်း ရှိတယ်မဟုတ်လား။

  1. Myint said... :

    ပွဲခရယူသွားတာကသူများတွေ.. ပြသနာကိုရှင်းရမှာက..ကိုယ်..ကျုပ်ဆိုလဲရပ်ထားလိုက်မှာဘဲ။ကိုယ့်လက်ကလွတ်..ဗလွတ်..
    ပေါ့

  1. P K Sahm said... :

    ပြောရမယ်ဆိုရင် သုညကနေ တစ်ဖြစ်လာတာလေ။ ကြိုဆိုပါတယ်။ တရုတ်နဲ့ စကားများရမှာကို ဘေးဖယ်ပြီး ပြည်သူ့ဆန္ဒကို အပြည့်မဟုတ်တောင်မှ လေးစားကြောင်းပြလိုက်တာပဲ။ အဆီတဝင်းဝင်း သဲတရှပ်ရှပ်နဲ့ ဟာကြီးကို သဲခါပြီး စားရင်ရရဲ့သားနဲ့ ခဏ ရေခဲသေတ္တာထဲ ထည့်ထားလိုက်တာလေ။ သူ့လက်ထက်မှာတော့ ဆက်မလုပ်တော့ပါဘူးတဲ့။ ဟုတ်တာပဲ။ သူ့မှာလဲ သူ့အခက်အခဲတွေ ရှိမှာပေါ့။ ဖြစ်ချင်တာကိုပဲ ကြည့်မနေနဲ့ဦး။ သူ့ဖက်ကလဲ စဉ်းစားကြဦးမှပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved