မြန်မာစာအကြောင်း လွှတ်တော်မှာ ပြောကြပြီ

Wednesday, September 14, 2011

.....






မနေ့က သတင်းစာကနေ ဖြတ်ထားတာပါ။

လွှတ်တော်ထဲ ပြောနေကြတဲ့ အများကြီးထဲ ဒါလေးက သဘောကျစရာလေးလို့ ယူဆပါတယ်။

စာရေးဆရာ မောင်သန်းဆွေ(ထားဝယ်)က လွှတ်တော်ထဲ ပြောနေပါပြီ၊ မြန်မာစာ ရေးထုံး အမှားအများဆုံးကို ဂျာနယ်တွေမှာ တွေ့ရတယ် ဆိုပဲ။ မဂ္ဂဇင်းတွေက အမှားနည်းတယ်လို့ ဆိုလိုချင်တာ ထင်ပါရဲ့။ ဒါဆို မဂ္ဂဇင်းတွေပဲ ဖတ်တော့မယ်။ အမှားတွေဖတ်တာများရင် ကိုယ့်အမှားတွေကို ကိုယ်တိုင် မသိမသာ အတည်ပြုပေးသလို ဖြစ်နေမယ်လေ။

ဆရာဝန်မြတ်ဥာဏစိုးကလည်း မြန်မာစာရေးထုံးမှားသူကို ဒဏ်တပ်ဖို့ စဉ်းစားပါ ဆိုပြီး လွှတ်တော်မှာ ပြောနေပြီ။
သူ့အဆိုက ဥပဒေဖြစ်လာရင်တော့ မြန်မာစာသင်လိုသူတွေ ပေါလာပြီး မြန်မာစာသင်တန်းတွေ ပေါ်လာမှာပါ။

ကောင်းလျင့်တည်း။

မဂ္ဂဇင်း ဂျာနယ် အင်တာနက် တို့မှာ ရေးကြသားကြသူတွေအတွက် မြန်မာစာ မွမ်းမံ ရက်တိုသင်တန်းများ အမြန်ဆုံး ပေါ်ထွက်ပါစေ။

ဒီလို သင်တန်းတွေ ဖြစ်မြောက်ရေး အရေးကြီးကြောင်းကိုလည်း ထုတ်ဝေသူဘော့စ်များ၊ အယ်ဒီတာများလည်း သဘောပေါက်ကြပါစေ။






.....

10 comments :

  1. ကေကေအို said... :

    အေယာဝတီလည်း သတိထားနော်။ ဆာလုံးပေါင်းတွေ၊ အသုန်းအနှုန်းတွေ မှားတာ တွေ့ရတယ်။ ဒန်တပ်မှာတဲ့။ လွှတ်တော်မှာ ဝံကြီးတွေ ပျောနေပီ။

  1. Anonymous said... :

    သို့သော် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကုန်သွယ်ကြရာ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ မြန်မာ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖို့ခန့်ကို မဲဆာက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။
    အေယာဝတီ လည်း ဆာလုံးပေါင်း အသုန်းအနှုန်း မှားတာတွေ တွေ့ရတာအပြင် ဆာလုံးပေါင်း သပ်ပုန်လေးလည်း စစ်အုန်းနော်.. အပေါ်ကစာပိုက်မှာဆို '' မဲဆောက်" က သဝေထိုး ကျန်နေခဲ့တယ်..

  1. cherry said... :

    ကောင်းတယ်။ မြန်မာစာကိုကျွမ်းကျွမ်းကျင်ကျင် မရေးတတ်ဘဲ ရေးနေတဲ့စာတွေ ဖတ်ရတာ စိတ်ပျက်ဖို့ ကောင်းတယ်။ ဒါနဲ့ အင်တာနက်မှာရေးတာ ရေးထုံးမှားယွင်းနေရင် ဘယ်လိုဒဏ်တပ်နိုင်လဲ။

  1. Anonymous said... :

    ကိုမျိုးခင်ဗျာ
    မဲဆောက်က မဲဆာတ်ဖြစ်တာ စာရိုက်သူ လက်ချော်တာလို့ နားလည်လို့ ရပါတယ်၊ ဒါပေမယ့် “ဆာလုံးပေါင်း (ဆာ)၊ အသုန်းအနှုန်း (သုန်း)၊ သပ်ပုံ (သပ်)၊ စစ်အုန်း (အုန်း)” တို့ဆိုတာတွေကတော့ မြန်မာစာမတတ်တာထင်ရှားပါတယ်၊

  1. Anonymous said... :

    hello how can you file ?
    ha ha ha funny idea.Idea is very interesting but not practical... ha ha ha. oh la la
    dr MYA NAYAR NA SOE. YOU FILE firstly TO RAZAKUMAR stone inscription in Bagan...
    he he don't file me for my wrong ENG GRAMMAR

  1. Win said... :

    ရယ်ရတယ် ၊ လွှတ်တော်ထဲမှာ အသေးအမွှားလေးတွေ တင်ပြနေတာလဲ ရယ်ရတယ် ၊ အပြက်လုပ်ပြီး(ပြက်လုံးထုတ်ပြီး) ရေးတဲ့သူတွေကိုလည်း ရယ်ရတယ် ၊ အမှန်ထောက်ပြတဲ့သူကိုလည်း ရယ်ရတယ် ။

  1. Anonymous said... :

    How about kachin, kaya, kayin ,chin,mon rakhein ,shan???? burmese language only so funny,,hahaahhaha,,

  1. Anonymous said... :

    မဆလ လွှတ်တော်တောင် ဒီလောက် အောက်တန်းမကျခဲ့ဘူး မှတ်တယ်။

  1. Anonymous said... :

    Anonymous said...

    ကိုမျိုးခင်ဗျာ
    မဲဆောက်က မဲဆာတ်ဖြစ်တာ စာရိုက်သူ လက်ချော်တာလို့ နားလည်လို့ ရပါတယ်၊ ဒါပေမယ့် “ဆာလုံးပေါင်း (ဆာ)၊ အသုန်းအနှုန်း (သုန်း)၊ သပ်ပုံ (သပ်)၊ စစ်အုန်း (အုန်း)” တို့ဆိုတာတွေကတော့ မြန်မာစာမတတ်တာထင်ရှားပါတယ်၊

    Hi Mr Anonymous,
    This is call Satire.

  1. Anonymous said... :

    တယောက် တစ်ယောက် နဲ့  နေ၀င်းခေါတ်က အရှုပ်ထုတ်ကိုဖွပြန်ပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved