ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့တွေ့ဆုံခန်း

Saturday, September 17, 2011



နေ့စွဲ - ၂၂ ရက် ဇူလိုင်လ ၂၀၁၀ခု
ကြာသပတေးနေ့ ၊ နံနက်ပိုင်း (၉:၁၅)
Howa Duma Zau Gam နေအိမ်
မြစ်ကြီးနားမြို့၊ကချင်ပြည်နယ်

ပင်လုံစာချုပ်အတွက်ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့တွေ့ဆုံစဉ်ကမြစ်ဆုံရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ Duwa Zau Gam ၏အမြင်နှင့် ပြောဆိုချက်။

၁၉၈၇ တုန်းကအလုပ်လုပ်နေတုန်းညဖက်မှာအသံတွေကြားတော့ ဘာမှန်းလဲမသိ ထွက် ပြေးမယ်လုပ်ပြီးအပြင်ကိုကြည့်လိုက်တော့မှ ရေတွေနဲ့အတူတူ ညောင်ပင်ကြီးတွေ သစ်ပင် ကြီးတွေ မျှော်ပါလာတာတွေ့ရတယ်။နားလုံလယ် တပြင်လုံးလည်း ၊သဲကန္တာရလို သဲတွေဖုံးကျန် ခဲ့ပြီးတော့ တော်တော်နဲ့ပြန်ပြီးစိုက်ပျိုးစားလို့မရတော့ဘူး။ ဗန်းမော် ၊ စိန်လုံ ဖက်မှာလည်းတောင်ကြီးတွေမြေပြိုကျပြီးရေတွေသစ်ပင်တွေမျှောပါလာတာကြုံတွေ့ဖူးတယ်။

“မော်ရို” ဆိုတာ ကချင်စကား ၊ တောင်တွေကွဲပြီးပြိုကျတာကိုပြောတာ။၂၀၀၄ ခုနှစ် ရေကြီး တုန်းကလဲ “ကျိန်ခရမ်” ရေအားလျှပ်စစ်မှ ခြောက်နေရာတောင် တောင်ကွဲပြီးပြိုကျတာ ရေ တံခွန်လိုပဲ ရေလုံးကြီးတွေတောင်ပေါ်က “၀ုန်း” ကနဲပြိုကျတာ၊သစ်ပင်ကြီးတွေပါ ပါလာ တယ်။ဘာမှလုပ်ချိန်မရလိုက်ဘူး။မကြာခင်မှာဘဲ “တန်ဖရဲ” ချောင်းဘေးနားကအိမ်တွေ အ ကုန်ရေထဲမျှောပါသွားပြီ။ဒါတွေကိုမြင်ဘူး ကြုံဘူးတော့ ဘ၀မှာဒါတွေဟာ မီးမောင်းထိုးပြသ လို၊ကြောက်စိတ်တွေ ဒါဏ်ရာတွေ အဖြစ်ကျန်ခဲ့တယ်။

ညကိုးနာရီကျော်ကျော်မှာ “ဘူဒိုဇာ” နဲ့ထိုးချလိုက်သလိုပဲ၊အသံအကျယ်ကြီးတွေကြားရပြီး ဟိုဖက်နားက ကပ်ပြီးကျော်သွားတယ်။ငလျှင်လှုပ်သလိုပဲခံစားရတယ်။ကမ္ဘာကြီး ပျက်သွားတဲ့ အတိုင်းပဲ၊အဲဒီတုန်းကမြင်ကွင်းနဲ့ခံစားချက်တွေဟာခုထက်ထိစိတ်ထဲမှာဒါဏ်ရာဖြစ်နေတယ်။ ရေဟာခြေသလုံးလောက်ပဲ၊ ဒါပေမယ့် ရပ်လို့လုံးဝမရဘူး။ရေစီးက တအားမြန်တယ်။

ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။ တာတမံကျိုးကျရင် ပြေးချိန်မရဘူး။

ဘ၀မှာကြုံဘူးတော့ ဒါတွေကိုတွေးရင်တောင်ကြောက်တယ်။ ဒီတမံကြီးမကျိုးဘူးလို့ဘယ် သူကအာမခံနိုင်မှာလဲ? တရုပ်ခေါင်းဆောင်တွေလား? ဗမာခေါင်းဆောင်တွေလား? နေရာ တိုင်း အလုပ်တိုင်းမှာ အကျိုးနဲ့အပြစ် ဆိုတာရှိပါတယ်။ဆိုးကျိုး၊ကောင်းကျိုးတွေပေါ့။ဒီရေ ကာတာလုပ်လို့ရတဲ့ ကောင်းကျိုးက “လျှပ်စစ်” ဘယ်သူရမှာလဲ? သူတို့ယူသွားမှာ၊ ဆိုးကျိုး ဖြစ်လာရင် ဘယ်သူတွေခံရမှာလဲ?

ငွေရှိလို့ပြန်လည်ထူထောင်နိုင်တယ်ဆိုရင်တောင် အိုးအိမ်တွေပဲပြန်ဆောက်လို့ရမယ်။ စိတ် မှာဖြစ်သွားတဲ့ စိတ်ဒုက္ခ၊စိတ်ဒဏ်ရာတွေက တော်တော်နဲ့ပြန်ထူထောင်ဖို့မလွယ်ဘူး။ သူတို့ တိုင်းပြည်မှာ ဒါတွေကြုံပြီး ပြီ၊သင်ခန်းစာတွေတပုံကြီးနဲ့၊စိတ်ဓါတ်ကျ၊ကြောက်စိတ်ဝင်သွား တဲ့လူတွေရဲ့ကျဆင်းသွားတဲ့ စိတ်ဓါတ်ခွန်အား၊လုပ်အား အားလုံးဟာတိုင်းပြည်နဲ့ချီပြီးနစ်နာ တယ်။ ဆိုတော့က.........နိုင်ငံတော်ကရမဲ့ ၀င်ငွေမှာဒီလိုမျိုး လူမှုရေးနစ်နာနိုင်တာတွေကို ကာဗာဖြစ်ဖို့ ထည့်စဉ်းစားထားသလား? ဘယ်သူကအာမခံနိုင်သလဲ ဒီလိုမဖြစ်စေရပါဘူးလို့ ၊ကိုယ့်အတွက် ကောင်းကျိုးကအလွန်ပြီး ဆိုးကျိုးများနေတဲ့ကိစ္စကို ဗမာ၊ရှမ်း၊ကချင်၊ကရင်.... အားလုံးဝိုင်းကန့်ကွက်ဖို့လိုတယ်။

ဒီကနေဆီးပြီး ရေကာတာ ပိတ်လိုက်ရင် တောတောင်တွေထဲကသယ်ဆောင်လာတဲ့ မြေသြ ဇာတွေအားလုံး ဒီရေကာတာထဲမှာကျန်ခဲ့မယ်။ အောက်ပိုင်းကလူတွေ စိုက်ပျိုးရေး စိုက်စား၊ ပျိုးစား လို့ကောင်းမှာမဟုတ်တော့ဘူး။ ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီ ထိပဲ၊တတိုင်းပြည် လုံး ဒုက္ခရောက်မဲ့ကိစ္စ အားလုံးနဲ့ဆိုင်တယ်။
တရုတ်စကားပုံရှိတယ် “သေဖို့မကြောက်ဘူး၊ငတ်ဖို့(မစားရ)မှာကြောက်တယ်။” အသက်ရှင် နေစဉ် ကောင်းကောင်းစား၊၀၀စားနေချင်တဲ့စိတ်ဓါတ်၊နောင်အတွက်မစဉ်းစားဘူး။ ညီအစ်ကို သားအစ်ဖစိတ်တောင်မထားကြဘူး။တော်တော်ကြောက်ဖို့ကောင်းတယ်။

ဒီရေကာတာကိစ္စကရည်ရွယ်ချက်နှစ်ခုရှိတယ်ထင်တယ်။ပထမရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယရည်ရွယ်ချက်ကတရုတ်ပြည်ကမြန်မာပြည်ကိုကြိုးကိုင်ဖို့၊ လုံခြုံရေးထိမ်းချုပ်ဖို့ ရေကာတာကိုဗုံးတစ်လုံးထောင်ထားသလိုလုပ်ထားတာ။ ဒါကြောင့်ကိုယ့်ပြည်သူတွေသေ မှာကိုကြောက်တဲ့ခေါင်းဆောင်တွေကသူတို့(တရုတ်)ဘာပဲပြောပြောနားထောင်ရတော့ မှာပဲ။ ကိုယ့်ပြည် သူတွေသန်းချီသေမဲ့ကိစ္စဖြစ်သွားပြီ။စဉ်းစားစရာတွေတသီတတန်းကြီးဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ငါတို့အကျိုးကနည်းပြီး၊ သူတို့အကျိုးကများနေ တယ်။ ဒါကြောင့်လည်း လက်မှတ်ထိုးအကြုံပြုခဲ့တယ်။ အရင်ဆုံးလက်မှတ်ထိုးခဲ့တယ်။ ခေါ် ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။

တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ အားလုံးဝိုင်းဝန်းတိုင်ပင်စဉ်းစားဆုံးဖြတ်ကြပါ။ ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ ရေးထားတာရှိတယ်။

“တိုင်ပင်ခြင်းမရှိတဲ့ အလုပ်(စီမံကိန်း)ဟာပျက်စီးတတ်တယ်။” များများတိုင်ပင်ရင်အောင်မြင် နိုင်တယ်။ အားလုံးဝိုင်းဝန်းတိုင်ပင်ဆွေးနွေးနိုင်မှအကျိုးများများရနိုင်တယ်။ ဒါတွေအားလုံး သူတို့ကိုသိစေချင်တယ်။

သဘာဝဘေးဒါဏ်(ဆည်ကျိုးပေါက်မဲ့ကိစ္စ၊ရေများလာလို့၊ငလျှင်လှုပ်လို့......အခြား...) သဘာဝဘေးဒါဏ်ဆိုတာ ...

o မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး
o ကြိုပြီးတားထားလို့မရဘူး
o ဖြစ်ရင်လဲတားဆီးလို့မရ
o ဘယ်လောက်အတိုင်းအတာထိလဲဆိုတာတွက်ချက်လို့မရ

ဒါကြောင့်မို့လို့ ဒီလုပ်ငန်း(Project) ကိုအသက်နဲ့လဲပြီးစီးပွားရှာဖို့ အရေးတကြီးလိုမယ်လို့ မထင်ဘူး။ လက်ရှိ တိုင်းပြည်အစိုးရ အနေနဲ့အဖက်ဖက်မှာဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီရေကာတာကြောင့်နေ့စဉ်စားမ၀င် အိပ်မပျော်ပဲအသက်ရှင်နေရ တယ်။

ဦးဝင်းမျိုးသူ (Ecodev) က ပြောထားတာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။



2 comments :

  1. တရုတ်ဆရာဝန်မကြီး၏ အံ့မခန်း တကိုယ်တော် ဆန္ဒပြချက်ကို ဖတ်ရန် --

    "တရားမျှတမှုကို လိုလား၍ ၇၇ နှစ် အဖွားအို အဝတ်မပါ ဆန္ဒပြ" ခေါင်းစဉ်ကို နှိပ်ပါ။



    အာဏာရှင်စနစ်မှာ အာဏာရှင်တွေဟာ ပြည်သူ့ဆန္ဒကို အလေးမထားဘဲ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော သဘောထားပြီး သူတို့ လုပ်ချင်ရာကို ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် လုပ်တတ်ပါတယ်။ သူတို့ လုပ်ချင်တဲ့ စီမံကိန်း ဆိုရင် ပြည်သူတွေ ဒုက္ခရောက်မယ့် ကိစ္စ ဖြစ်ပေမယ့် ဂရုမစိုက်ဘဲ လုပ်တတ်ပါတယ်။

    တရားမျှတမှု မရှိတဲ့ "အာဏာရှင်အုပ်ချုပ်ရေးစနစ်မှာ တရားမျှတမှုကို လိုချင်ရင် စွန့်လွှတ်၊ စွန့်စားရတယ်" ဆိုတာကို တရုတ်ပြည်က အသက် ၇၇ နှစ်အရွယ် ဆရာဝန်မကြီးရဲ့ အံ့မခန်း တကိုယ်တော် ဆန္ဒပြချက်က ကျွန်တော်တို့ကို အသိပေးနေပါတယ်။

    တရားမျှတမှုကို အလွန် လိုလားသည့် "တရုတ်ပြည်မှ အသက် ၇၇ နှစ်အရွယ် ဆရာဝန်မကြီး၏ အ၀တ်မပါ ကိုယ်ဗလာဖြင့် အံ့မခန်း တကိုယ်တော် ဆန္ဒပြချက်..." ကို ဖတ်ပြီး သင်ခန်းစာ ယူပါ။

    စွန့်လွှတ်၊ စွန့်စားမှုတွေ မပါဘဲ ဒီအတိုင်း ထိုင်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါ။

    ဧရာဝတီ ကယ်တင်ရေး လူထုလှုပ်ရှားမှု မှ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်လာပြီး အာဏာရှင်စနစ် အဆုံးသတ်သွားသည်အထိ ဖြစ်လာအောင် စွန့်လွှတ်၊ စွန့်စားမှုတွေနဲ့ လျှောက်လှမ်းရမယ် ဆိုတာကို သဘောပေါက်ပြီး ဒီမိုကရေစီတိုက်ပွဲအတွက် ပေးဆပ်ဖို့ ပြင်ဆင်ထားရပါမယ်။


    http://www.9dblood.co.cc/2011/09/blog-post_8481.html

  1. yek kha said... :

    ဒီရေကာတာကိစ္စကရည်ရွယ်ချက်နှစ်ခုရှိတယ်ထင်တယ်။ပထမရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယရည်ရွယ်ချက်ကတရုတ်ပြည်ကမြန်မာပြည်ကိုကြိုးကိုင်ဖို့၊ လုံခြုံရေးထိမ်းချုပ်ဖို့ ရေကာတာကိုဗုံးတစ်လုံးထောင်ထားသလိုလုပ်ထားတာ။ ဒါကြောင့်ကိုယ့်ပြည်သူတွေသေ မှာကိုကြောက်တဲ့ခေါင်းဆောင်တွေကသူတို့(တရုတ်)ဘာပဲပြောပြောနားထောင်ရတော့ မှာပဲ။ ကိုယ့်ပြည် သူတွေသန်းချီသေမဲ့ကိစ္စဖြစ်သွားပြီ။

    ဒုတိယအချက်ကဟုတ်ဟုတ်မဟုတ်ဟုတ် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ပါ။ တမန်ဖောက်ချတာခံရမယ်ဆိုရင် မြန်မာပြည်တောင်ဖျားကနေမြောက်ဖျားအထိ ရေမြောသွားနှိုင်ပါတယ်။ စစ်ရေးမှာ အလွယ်တကူ အကျပ်ကိုင်လို့ရနေပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved