မြစ်ဆုံအရေး အစိုးရ တထစ်လျှော့လာ

Sunday, September 18, 2011



မနေ့က နေပြည်တော်မှာ ဧရာဝတီမြစ်နဲ့ ရေကာတာ စီမံကိန်းများ အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ တခု လုပ်သွားပါတယ်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ အမှတ် (၁) နဲ့ (၂) စက်မှုဝန်ကြီး ဦးစိုးသိန်း ပြောသွားတဲ့ စကားက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

“ကျွန်တော် ဘယ်လိုပဲ အကြံပြုပြု ယခုသွားနေတဲ့ လမ်းကြောင်း က Government of the people, by the people, for the people, by the law ပါပဲ။ ပြည်သူအကျိုး၊ ပြည်သူက ရွေးကောက် တင်မြှောက်တာမို့ ပြည်သူ့အကျိုး ဦးထိပ်ပန်ဆင် ရကိုရမှာပါ။ ဒါက Confession ပါပဲ လို့ခံယူပါတယ်။ ကျွန်တော် အပါအ၀င် ကျွန်တော်တို့က မြဲတာမဟုတ်ပါဘူး၊ အိုခြင်းတရား၊ သေခြင်းတရားကို မရှောင်လွဲနိုင်ပါဘူး။ ယခု ရာထူးရာခံ၊ အာဏာအခွင့် အာဏာတွေအားလုံးက ကိုယ်ပိုင်မဟုတ်ပါဘူး၊ ရေပွက်ပမာ ခဏတာပါပဲ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးနဲ့ သားစဉ်မြေးဆက်သော ပြည်သူပြည်သားတွေကသာ ထာဝရတည်ရှိနေရမှာပါ။ ဒီကိစ္စ၊ ဒီ issue ကြောင့် စည်းလုံးညီညွတ်မှုအား ချည့်နဲ့မသွားစေသင့်ပါကြောင်း တင်ပြ အကြံပြုအပ်ပါတယ်” လို့ ဝန်ကြီး ဦးစိုးသိန်းက ပြောသွားပါတယ်။ (ကိုးကား - Eleven Media Group)

ပြည်သူ့ဆန္ဒကို လျစ်လျှူရှုလို့ မရဘူးဆိုတာကို အစိုးရအနေနဲ့ သဘောပေါက်တယ်လို့ မြင်မိပါတယ်။

သမ္မတအကြံပေး ဒေါက်တာ ဦးမြင့်ကလည်း မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သတိပေးချက်ကို သမ္မတအား ပြောကြားပြီး ဖြစ်တယ်လို့ သိရပါတယ်။

(နောက်ဆက်တွဲ ဖြည့်စွက်ချက်) ဝန်ကြီး ဦးစိုးသိန်း ပြောသွားတာကို Eleven Media Group နဲ့ The Voice Weekly တို့ မီးမောင်းထိုး ရေးပြခဲ့ပေမယ့် ဒီနေ့ထုတ် သတင်းစာမှာတော့ လျှပ်စစ် (၁) ဝန်ကြီး ဦးဇော်မင်း ပြောတာတွေကိုပဲ ထည့်ထားပါတယ်။ ဝန်ကြီး ဦးစိုးသိန်းက အကြံပြုဆွေးနွေးသည်လို့ပဲ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဆင်ဆာဖြတ်တောက် ထုတ်တာကတော့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ချက်ပဲ ဖြစ်ပါတယ်။







12 comments :

  1. ဘုန်းကြီးကျောင်းသား said... :

    ကျနော်တော့ ဒီနေ့ သတင်းစာဖတ်ရတာ အားမရှိပါဘူးဗျာ။ တထစ်လျှော့တယ်လို့လည်း မမြင်မိပါဘူး။ ခွေးမသားဇော်မင်း ပြောသွားတဲ့ စကားတွေဘဲ တွေ့နေရတယ်။ ဒီကောင်က ဒီအတိုင်းဆို လွှတ်တော်တင်ပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဘယ်လိုလုပ်ပါ့မယ်၊ ညာလို လုပ်ပါ့မယ်နဲ့ ပြည်သူတွေကို နားလှည့်ပါးရိုက် လုပ်သွားမှာကိုဘဲ မြင်နေတယ်။ တကယ်တမ်းကျတော့ သူတို့ လုပ်နေတာကို ပြည်သူတွေက စောင့်ကြည့်ပြီး ဒီနေရာ မလုပ်ပါနဲ့ လို့ ဟန့်တားနိုင်တဲ့ အခြေအနေမှ မရှိဘဲ။ အကန့်အသတ်နဲ့ ခွင့်ပြုလုပ်ကိုင်စေမယ်ဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ လုပ်ချင်သလို လုပ်ကြမှ သေချာတယ်။ ကောင်းတာကတော့ ဒီစီမံကိန်းကြီး တစ်ခုလုံး လုံးဝကို ရပ်တန့်ပစ်လိုက်မှဘဲ ဧရာဝတီအတွက် စိတ်အေးရမှာပါ။ ပညာရှင်တွေအနေနဲ့လည်း ဟိုလိုလုပ်ရင် အန္တရာယ် နည်းမယ် ဒီလိုလုပ်ရင် အန္တရယ် မရှိဘူး ဆိုတဲ့ အကြံဥာဏ်မျိုးတွေ မပေးဘဲနဲ့ လုံးဝကို ရပ်ဆိုင်းပစ်လိုက်ဖို့ ခပ်ပြတ်ပြတ်ပြောကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျာ။

  1. Anonymous said... :

    အစိုးရ တထစ်လျှော့တယ်ဆိုတာ ဟုတ်ပါမလားမောင်ကာလုရယ်။

  1. Anonymous said... :

    အချိန်ဆွဲနေတာပါ။ တစ်ဖက်က မြန်မြန်ပြီးအောင်ဆောက် တစ်ဖက်က အပျော့ဆွဲလေးနှင့် စဉ်းစာမယ်ပေါ့။ အမှန်အကယ်စဉ်းစားမယ်ဆို့ ရင် ရိုးသားကြောင်းပြတဲ့နေနှင့် အလေးအနက်ထားတဲ့အနေနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်နားပေးပါ။ မဆောက်ခင်တုန်းကတော့ ဘယ်သူနှင့်မှမတိုင်ပင် ပြည်သူကို အသိမပေး နှင့် အခုမှာ အလုပ်ရုံဆွေးနွေးပွဲ ပြည့်သူဆန္ဒခံ ပွဲနှင့်ဖျက်သိမ်းပါမယ်ဆို့ပြီးအချိန်ဆွဲရုံသက်သက်နှင့်တော့ ယုံကြည်စရာအကြောင်းမရှိဘူး။
    တရုပ်ကို စစ်တိုက်ရမယ်ဆိုလဲ တိုက်ရုံပဲပေါ့။ မတိုက်လဲ မြန်မာဆိုတာပျောက်တော့မှာ တိုက်လဲသေမှာ. သေတာကမှ သားသမီးမြေးမြစ်တွေ ရဲ့ အကဲ့ရဲ့ခံရခြင်းလွတ်အုံးမယ်။ (အဘိုးတို့အဖေတို့ဒါမျိုးဖြစ်တာတောင် ဘာမှမလုပ်ခဲ့ဘူးဆိုပြီး). ရွေးစရာလမ်းမရှိပါ။

  1. Anonymous said... :

    ကိုရင်တို့.... ရောင်းပြီးပြီ... ကျုပ်တို့ တရုတ်ပြည်ကို
    ကတိမပျက်ပါရစေနဲ့ ...... ကျုပ်တို့ ဗမာတွေ ကတိ
    တည်တာ ကို ဆွေမျိုးပေါက်ဖေါ် တရုတ်တွေ က
    လေးစားတန်ဖိုးထားပါတယ်.... တပြည်လုံး သေချင်သေပါစေ....ကတိတလုံးတော့
    မဖျက်ပါရစေနဲ့ဗျာ..... နိုင်ငံရေးအကျဉ်းသား ကိစ္စ
    ကတော့......မြစ်ဆုံကိစ္စပြီးရင်...
    လွတ်ပေးပါမယ်.... သူတို့ကို လွတ်ပေးချင်ပေမဲ့..
    အာချောင်မှာဆိုတော့....တိုင်းပြည်နောင်ရေး
    တော်တော်စဉ်းစားနေရလို့ပါ...ခွင်ံလွတ်ပေးပါ

  1. Anonymous said... :

    သူတို့ကိုဘယ်တုန်းကမှအယုံအကြည်မရှိပါ
    ပြည့်သူဆန္ဒနဲ့ရွေးကောက်တင်မြှောက်ထားတာတဲ့...ဗြောင်လိမ်တာဘယ်တုန်းကမှမရွေးခဲ့ဘူး...အင်မတန်စိတ်ပျက်စရာကောင်းတယ်...ဒီလိုလူမျိုးတွေအုပ်ချုပ်နေသရွေ့ဗိုလ်ချုပ်ပြောသလိုဟိုနိုင်ငံပဲဖြစ်မှာပဲ...သူတို့မိသားစုဆွေမျိုးတွေကလွဲလို့ရှိသမျှကိုလက်ညှိုးထိုးရောင်းစားနေလို့...တိုင်းပြည်အခွံပဲရှိတော့တယ်

  1. Anonymous said... :

    ဒီကောင်င်္တေကအမျိုးမျိုးလိမ်တတ်တယ်နော်၊ဘယ်တော.မှမရုံရဘူး၊ stop the construction right now!!!!the government must announce it.

  1. Anonymous said... :

    မြန်မာပြည် လွှတ်တော်ထဲမှာ အပျင်းပြေကြည့်ရအောင် Animal United ဆိုတဲ့ အင်္ဂလိပ် ကာတွန်းကားလေးကို ပြပေးကြပါ ... ဧရာဝတီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူ ပြည်သားများလည်း အဲဒီဇာတ်ကားလေးကို ကြည့်ရမယ်ဆိုရင် အဖြေတစ်ခုခုတော့ ရမှာပါ ..

  1. မောင်မိုး said... :

    ပြည်သူ့ဆန္ဒ နဲနေသေးလို့  ပြည်သူတင်
    မြောက်တဲ့ အစိုးရက လက်မခံတာပဲ ဖြစ်ရမယ်။ ဧရာဝတီ ရဲ့ အငွေ့ သင့်သွေးထဲမှာ ပါတယ်လို့  ယုံကြည်ရင် ဧရာဝတီမြစ်ပေါ်ဆည်တည်ဆောက်နေတဲ့ လုပ်ငန်းတွေ လုံးဝ ရပ်ဆိုင်းသွားအောင် လက်သီးလက်မောင်းတန်း ပြီး ဆန္ဒ သဘော ထင်ရှားအောင်ပြ ရမယ်။ဧရာဝတီသည် မြန်မာပြည် ဖြစ်သည်။ မြန်မာပြည်သည် ဧရာဝတီဖြစ်သည်။ ဧရာဝတီ ကိုထိခိုက်နစ်နာစေတဲ့ စီမံကိန်းသည် မြန်မာပြည်၏ ဇာတိသွေး ဇာတိမာန် ကို ချိုးနှိမ်ခြင်းဖြစ်သည်။ကိုယ့်ပြည်ကို ချစ်ပါ၊ ကိုယ်ပြည်ကို မြတ်နိုးပါ ၊ ကိုယ့်ပြည်ကို တန်ဖိုးထားပါ ။

  1. Anonymous said... :

    မြစ်ဆုံကိစ္စ အဆင်မပြေရင် တရုတ် တပ်နီတော်က မြန်မာပြည် အထက်ပိုင်းကို ရသလောက် ၀င် သိမ်းဘို့ ရှိတယ်၊ အဲဒါကို ဗမာစစ်တပ်က သဘောတူသူ မတူသူရှိပြီး တပ်မတော် ပြိုကွဲမယ်။ ဗမာပြည် နှစ်ခြမ်းကွဲပြီး နေ့ပြည်တော် အစိုးရနဲ့ ရန်ကုန် အစိုးရဆိုပြီး ဖြစ်လာမယ်၊ ရိက္ခာ စုထား၊ ဓါးသွေးထားကြပါ၊ တရုတ်ဖက်ကတော့ ပြင်ဆင်ထားပြီးပြီ၊ လျှော့မှာ မဟုတ်ဖူး။ လျှပ်စစ်ဝန်ကြီးက ဒီကိစ္စမှာ လမ်းဆင်းပွဲစား အဆင့်ဘဲရှိတာပါ။

  1. Anonymous said... :

    အစိုးရဖက်ကတထစ်‌လျော့တယ်ဆြိုပီး‌မျောပါမသွား
    ဖို့လိုတယ်..ဒီ‌ကောင်‌တွေအေ ကြာင်းလူတိုင်းသြိပီး
    သားဘဲ..အရှက်မရှိတဲ့ပါးစပ်ကမျိုးစုံေ ပြာ‌နေတာ..။
    ခုလဲယူအန်အစည်းအ‌ဝေးရှိ‌တော့ဒီကိစပြိုပီးကြီးကျယ်
    မလာခင်မှာတဖက်လှည့်နဲ့‌ချွေးသိပ်ထားတာ..ဒါကိုအ
    ဟုတ်မှတ်ပြီး‌မျော‌နေရင်‌တော့ဒင်းတို့ရဲ့လှည့်ကွက်
    ထဲ‌ရောက်သွားမှာဘဲ..အဲဒီ‌တြော့ပည်ပမှာရှိတြဲ့မန်
    မာများတရုတ်သံရုံး‌တွေ‌ရှေ့မှာဆန်ဒပြသင့်တယ်..
    ဒါမှနိုင်ငံတကာကလဲအာရှုံစိုက်လာနိုင်တယ်..ဒင်းတို့
    လဲထင်ရာစိုင်းဖို့အကျပ်ရိုက်သွားနိုင်တယ်...။

  1. Anonymous said... :

    တထစ်လျော့တယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။စားပြီးသားတွေကိုတော့ပြန်အန်ထုတ်လို့မရတော့ဘူး။ကျွံနေပြီဆိုတော့ဆက်လုပ်ရမှာပဲ။
    ပြည်သူကိုအချိုသတ်တာဖြစ်ပါလိမ့်မယ်။လုံးဝပြီး
    ပြတ်တာမဟုတ်သရွေ့ဆက်ပြီးဆန့်ကျင်နေ
    ရမှာပဲ။

  1. Anonymous said... :

    Let's welcome the positive reaction of our new government. Somehow, we need to appreciate this consideration.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved