ချင်းမိုင်က ရွှေဝါရောင်နှစ်လည်နေ့ အစီအစဉ်

Tuesday, September 27, 2011

.....





(ဓာတ်ပုံများ - သန်းထိုက်ဦး/ဧရာဝတီ)
ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ တုန်းက စစ်တွေမြို့ ရဟန်းတော်တို့ရဲ့ လှုပ်ရှားမှု၊ ပခုက္ကူအာဏာပိုင်တို့က ရဟန်းတွေကို ဓာတ်တိုင်ကြိုးတုပ် ရိုက်နှက်မှု ဆိုတဲ့ ဖြစ်ရပ်တွေ အပြီး ရန်ကုန်မှာ ပေါ်ပေါက်ခဲ့တဲ့ အုံကြွမှုကြီး ဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း ရန်ကုန်မှာ သေဆုံးသူတွေထဲမှာတော့ ဆူးလေဘုရားနားမှာ သတင်းယူနေတုန်း ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက် ခန်းဂျိနာဂအိ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ နောက်ထပ် ဘယ်သူတွေကို သတ်ခဲ့မိတယ်ဆိုတာတော့ ဗိုလ်ချုပ်ကြီးတွေက ယူနီဖောင်းသာ ပြောင်းဝတ်သွားပေမယ့် ခုချိန်ထိ ထုတ်ဖော်မပြောသေးပါ။ သူတို့ရဲ့ အသစ်စက်စက် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း ဒီသေဆုံးမှုတွေအတွက် တိုင်ချက်ဖွင့်တာတွေ လုပ်နေပြီ ဆိုတဲ့ သတင်းမျိုးလည်း မကြားရသေးပါဘူး။ အဲဒီကာလမှာ သူတို့ ဖမ်းပြီး နောက်ပိုင်း အီလက်ထရောနစ် ဥပဒေ ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ်တွေ ဖောဖောသီသီပေးလိုက်တဲ့ ဆုတောင်းလမ်းလျှောက်သူများကတော့ သံတိုင်နောက်မှာ ရှိနေတုန်းပါပဲ။

ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အမှတ်တရအစီအစဉ်မှာ ဆုတောင်းလမ်းလျှောက်သူတွေက အကျဉ်းသားလွတ်မြောက်ရေးကို လှုံ့ဆော်ကြတာကို ဧရာဝတီသတင်းထောက်က အခုလို မှတ်တမ်းတင်ထားပါတယ်။

Free Burma VJ - ထောင်ထဲက ဗီဒီယိုဂျာနယ်လစ်တွေကို လွှတ်ပေးပါ လို့ တောင်းဆိုနေသူများ



ထောင် ၉၃ နှစ် ချခံထားရတဲ့ ခွန်ထွန်းဦး လွတ်မြောက်ရေးလှုံ့ဆော်တဲ့ ပိုစတာ နဲ့ မြန်မာပြည်ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ပိုစတာ




.....

4 comments :

  1. Anonymous said... :

    Woh!
    the guys in Chiangmai are smarter than i guessed.
    cheers!
    JJ

  1. စစ်တပ်က ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ said... :

    စစ်တပ်က ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ


    "စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

    (ဗိုလ်ချုပ်ကြီးနေဝင်း
    ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)



    "စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။"

    (ဗိုလ်ချုပ်ကြီးနေဝင်း
    ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့)



    "အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

    (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
    ၁၉၉ရ ခုနှစ်
    စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) )



    "စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"

    ( ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
    "ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
    ( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
    ၄ - ၉ - ၂ဝ၁ဝ ရက်ည )



    ပြည်သူတွေ သိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ခလရ-၅၉ ပဲခူးတပ်က ဗိုလ်ကြီးသိဒ္ဓိစိုး ရဲ့ ရဲဘော် တပ်သားတယောက် ပြောခဲ့တဲ့ အဲဒီစကားတွေဟာ မြန်မာစစ်တပ်ရဲ့ လူသတ်ဝါဒကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြသနေပါတယ်။

    စစ်အာဏာရှင် အဆက်ဆက်ရဲ့ အလွဲသုံးတာကို နှစ်ရှည်လများ ခံလာရတဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောထားဟာ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ မပြောင်းလဲသေးတာ ထင်ရှားနေပါတယ်။

    "ငါတို့စစ်တပ်ကို အံတုရင် အသေ ပစ်သတ်မယ်" ဆိုတဲ့ လူမိုက်လမ်းစဉ် အမြစ်မပြုတ်သေးသရွေ့ စစ်အာဏာရှင်ရဲ့ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခံနေရတဲ့ နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ သူခိုး ဓါးပြ မုဒိမ်းတပ် အဆင့်အထိ နိမ့်ကျသွားပြီ ဖြစ်တဲ့ မြန်မာစစ်တပ်က စစ်ဗိုလ်၊ စစ်သားတွေရဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ လက်ရဲဇက်ရဲ အနိုင်ကျင့် ပစ်သတ်နေတာကို ပြည်သူတွေဟာ ဆက်ခံနေရဦးမှာပါ။

    အရိုးရှင်းဆုံး ပြောရရင် စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ။


    ခွပ်ဒေါင်းဇာနည်
    ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁


    (ရင်းမြစ် - Nge Naing ဘလော့)

  1. စစ်တပ်က ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ said... :

    စစ်ပွဲ ဆိုတာ တကယ်တော့ စစ်ပွဲမှာ ယှဉ်ပြိုင် တိုက်ခိုက်တဲ့ တပ်နှစ်တပ်လုံးအတွက် ကိုယ့်ဘက်က နိုင်လည်း ရှုံး၊ ကိုယ့်ဘက်က ရှုံးလည်း ရှုံးတာပါ။ စစ်ပွဲကို ပြည်သူတွေဘက်က အမြင်နဲ့ ကြည့်ရင် အရှုံးချည်းသက်သက်
    ဆိုတာ ပိုပြီး ထင်ရှားပါတယ်။

    ဒီ အမှန်တရားကို လျစ်လျူရှုပြီး အကြောင်း အမျိုးမျိုး ပြပြီး စစ်အင်အားကို လိုအပ်တဲ့ အတိုင်းအတာထက် အဆပေါင်းများစွာ ပို ကြီးမားလာအောင် လုပ်နေသူတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလုပ်လိုတဲ့၊ ဗိုလ်ကျ စိုးမိုးရေး လမ်းစဉ်ကို ကျင့်သုံးလိုတဲ့၊ မငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ လက်နက်အားကိုးပြီး အာဏာကို ချဲ့ထွင်ကာ ဘိန်းကုန်ကူးတာ၊ လူကုန်ကူးတာ အပါအဝင် မြိုးမြိုးမြက်မြက် ရတဲ့ တရားမဝင် စီးပွားရေးသမားတွေဆီက နယ်မြေဖြတ်သန်းခ အပါအဝင် လိုင်းကြေး၊ ဆက်ကြေး မျိုးစုံကိုလိုင်းကြေးတွေကို သူဌေးဖြစ်တဲ့ အတိုင်းအတာ အထိ မတရား ကိုယ်ကျိုးရှာလိုတဲ့၊ အတ္တကြီးတဲ့ စစ်ဝါဒီတွေပါ။

    ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင်တွေဟာ စစ်အင်အား တိုးချဲ့ရာမှာ အကြောင်းပြချက်ကောင်း အဖြစ် တင်ပြဖို့ ပြည်တွင်းစစ်ကို တမင် မွေးထားပါတယ်။

    ပြီးတော့ လူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့ လက်နက်မဲ့ ရွာသားတွေကို ခွဲခြားမှု မရှိဘဲ လက်နက်မဲ့ တိုင်းရင်းသားပြည်သူတွေကိုပါ ရန်သူလို့ သဘောထားပြီး ရန်သူအဖြစ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေတော့ ကြေကွဲစရာ အဖြစ်ဆိုး အမျိုးမျိုးဟာ နယ်စွန်နယ်ဖျားတွေ၊ တိုင်းရင်းသားဒေသတွေမှာ လူမသိသူမသိ ဆက်လက် ဖြစ်ပွားနေတုန်းပါ။

    စစ်အုပ်စုက တိုင်းရင်းသား ပြည်သူတွေကို ပစ်မှတ်ထား ထိုးစစ်ဆင်ပြီး တိုင်းရင်းသားအချင်းချင်း (ဥပမာ - KNU နဲ့ DKBA)၊ ပြည်သူအချင်းချင်း (ဥပမာ - နာမည်အမျိုးမျိုး ပြောင်းခေါ်လာတဲ့ ပြည်သူ့စစ် နဲ့ KNU) တိုက်ခိုင်းနေတဲ့ စစ်ဝါဒ မချုပ်ငြိမ်း သေးသရွေ့ ၊ ကိုယ်ကျိုးရှာ စစ်အာဏာရှင်စနစ် မကျဆုံးသေးသရွေ့ ဝမ်းနည်းစရာ အဖြစ်ဆိုးမျိုးတွေကို ပြည်သူတွေ ဆက်လက် ကြုံတွေ့ ခံစားနေရဦးမှာပါ။

    တဆက်ထဲမှာပဲ စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ပြည်သူတွေက ရသင့်ရထိုက်တဲ့ အခြေခံ လူ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့ ဆန္ဒ ထုတ်ဖော်ပြသတာကို ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ် သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို ပြည်သူတွေ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။


    ခွပ်ဒေါင်းဇာနည်
    ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁


    (ရင်းမြစ် - Nge Naing ဘလော့)

  1. Anonymous said... :

    ကျောင်းသားသွေး တွေ နဲ့  ရေးခဲ့ တဲ့ သမိုင်း မှာ ၊
    လေလှိုင်း တော် လှန် ရေးသမား ဒေါ်လာစား တွေ အလုပ် ဖြစ် သွားတယ်။
    ခွပ်ဒေါင်း ကို ချ နင်း ၊ အောင်ဆန်းစုကြည် ဓါတ်ပုံ ဆို တာ မင်း တို့ အတွက် တော့ထမင်း တလုပ် ပါပဲ။
    မင်းကိုနိုင် နဲ့  ဓါတ်ပုံ တွဲ ရိုက် ဖူး ရင် ၊ နိုင် ငံရေး ခို လှုံ့  ခွင့် ဆို ။
    သား ကို ထောင် ထဲ မှာ ထား အဖေ ကို ထောင် ထဲ မှာ ထား ၊မင်း တို့ က နိုင်ငံ ခြား က ရဲ ရင့် နေ လိုက် တာ။
    - နိုင်ငံရေး မုဒိမ်းမှု ကဗျာမှ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved