မြစ်ဆုံမှ ရေတွေစီးပါစေ ... ကျည်ဆံတွေ မစီးပါစေနှင့်

Wednesday, September 28, 2011


စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ ၃ ဖြစ်ပါတယ်။

“ထလော့ မြစ်မင်း ဧရာ”
မြပင်လယ်မှ ရေတွေ ဘယ်ရောက်နေပြီလဲ
မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
စစ်ကိုင်းတောင်မှ ပိတောက်ရနံ့တွေ ဘယ်ရောက်နေပြီလဲ

မြစ်မင်း ဧရာဝတီ
ထလော့ လှလော့ ကလော့
ထလော့
ဧရာဝတီ
ရေတွေစီးလော့ ....

ဆိုတဲ့ ကဗျာလေးနဲ့ အစပြုထားပါတယ်။ ဆရာကြီးရဲ့ ၉၃ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ၁၀ - ၅ - ၂၀၁၁ မှာ ရေးခဲ့တဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဆုံကနေ ရေတွေပဲစီးစေချင်ပြီး ကျည်ဆံတွေ မစီးပါစေနဲ့လို့ ဆရာကြီးက ဆန္ဒပြုထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved