လေယာဉ်လက်မှတ် ဝယ်ပြီးပလား

Tuesday, September 13, 2011


ဒီဘက် ပြည်ပရောက် မြန်မာတွေ ကြားထဲ ခုတလော တယောက်နဲ့ တယောက် နှုတ်ဆက်ရင် “လေယာဉ်လက်မှတ် ဝယ်ပြီးပလား” တဲ့။ ဆိုလိုတာက ပြည်တော်ပြန်တော့မလားပေါ့။ ဒီနေ့ သတင်းစာထဲမှာ စက်တင်ဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို “ပြည်ပအခြေစိုက် သတင်းဌာနအချို့မှ သတင်းထောက်များ” တက်ရောက်သတင်းယူရန် ခွင့်ပြုထားကြောင်းဆိုပြီး ဖော်ပြထားပါတယ်။ ဘယ်သူတွေ လက်မှတ်ဝယ်ပြီးပြီလဲတော့ မသိပါ။

ဧရာဝတီဘလော့ဂ်ကတော့ ဖိတ်စာမရောက်တာနဲ့ လာဖြစ်မယ် မထင်ပါဘူး :D



2 comments :

  1. Anonymous said... :

    ဧရာဝတီ ဘလောပ့်ကို ဘယ်ဖိတ်ရဲမလဲ...သေသေချာချာကို ရှောင်ကွင်းပြီးတော့ ကို ချန်ထားခဲ့ရတာ...။ ဦးစားပေးပြီး ဖယ်ချန်ထားတဲ့ ဘလောပ့်ဘဲဟာ......:D :D :D
    ဒါပေမယ့် ပြောမရဘူး..တော်ကြာ တိုက်ရိုက်တင်ဆက်မှု ဆိုပြီးလာရင်လာဦးမှာ... ဒိုင်လျိုလေးတော့ မလုပ်နဲ့နော်..။ :) :) :)

  1. myothein said... :

    Why u guys waiting for invitation. This is for yr own country. Maybe u guys waiting for sponsor from NayPyiTaw too. Come on.......be positive.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved