တရုတ်ကြီးကို မဂ္ဂါဝပ် ၂ ထောင် တိုးပေးရခြင်း

Tuesday, September 13, 2011

မြစ်ဆုံစီမံကိန်း (ဓာတ်ပုံ - ဒီမိုဝေယံ ဘလော့ဂ်)

“... ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည် ...”

“... မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ထုထည် ပမာဏသည် မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်နိုင်ရန် တည်ဆောက်ရမည့် ဆည်၏ ထုထည်ပမာဏမှာ နှစ်ဆကွာနေကြောင်းနှင့် အကယ်၍ အကြောင်းကြောင်းကြောင့် ဆည်ကျိုးပေါက်ပါ က မြစ်ကြီးနားမြို့ရေကြီးသည့် အဆင့် မဟုတ်ဘဲ မြစ်ကြီးနားတစ်မြို့လုံး ရေမြှုပ်သွားမည့် အနေအထား ဖြစ်ကြောင်း သိရှိရပါသည် ...”

ဒါတွေကတော့ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန အရာရှိကြီးတဦးရဲ့ ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူတဦးက ပြန်ပြောတာဆိုပြီး Eleven Media Group က ဖော်ပြထားတဲ့ သတင်း ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို အနုနည်းနဲ့ ကန့်ကွက်နေတဲ့ ပြည်သူတွေကို ဒေါသထွက်စေတဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ပြောစကား နောက်ဆက်တွဲ သတင်းပါ။

ပြည်တွင်းမှာ မြစ်ဆုံစီမံကိန်းအရေးကို Eleven Media Group က တစိုက်မတ်မတ် ရေးသားတင်ပြနေတာ တွေ့ရပါတယ်။ အခု လျှပ်စစ်ဝန်ကြီးနဲ့ပါ ထိပ်တိုက်တွယ်နေသလို လူထုဦးစိန်ဝင်း၊ ဆရာမောင်ဝံသ၊ ဒေါက်တာ ထွန်းလွင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ကပါ ပြည်သူ့ကိုယ်စားအသံတွေနဲ့ အားပေးထောက်ခံနေတာ တွေ့ရပါတယ်။

ဆရာ လူထုစိန်ဝင်းကတော့ “ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး” လို့ ရာဇသံပေးထားပါကြောင်း ...။


2 comments :

  1. Anonymous said... :

    အဲဒီ ဇော်မင်းဆိုတဲ့ကောင်က ခရစ္စတီးနားကျွန်း လူသတ်မှုကြီးမှာ ပါဝင်ခဲ့တဲ့ စစ်ရာဇဝတ်ကောင် တယောက်ပါ၊ ခုလဲ လူမိုက်စကားပြောနေပြန်ပြီ၊ သူလဲ သန်းရွှေကြီးရဲ့ အသုံးချခံ၊ အဌားလူမိုက်ပဲ ...

  1. လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲ


    ၁၉၉၈ ခုနှစ်၊ မေလက တနင်္သာရီတိုင်း၊ ခရစ္စတီးကျွန်းပေါ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို သန်းရွှေ၏ အမိန့်အရ မြန်မာစစ်တပ်က ဥပဒေမဲ့ သွေးအေးအေးနှင့် ပစ်သတ်ခဲ့ပုံ


    http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html


    http://www.yeyintnge.com/2010/08/blog-post_494.html


    http://www.timesonline.co.uk/tol/news/world/asia/article4083370.ece

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved