ဦးခွန်ထွန်းဦး နှင့် အမှုတွဲအတူ ထောင်ကျနေသော စိုင်းညွန့်လွင် ၏သား ရေးစပ် ပြီး သူ့ဘလော့တွင်တင်ထားသော ကဗျာ...။နေထိုင်ရမှုပုံစံက ဖြတ်ညပ်ကပ်ထားသလို ဖုထစ်လွတ်ငြိမ်းချမ်းသာခွင့်က ကြွေမကျတဲ့အဝေးကကြယ်အဖေ့အတွက်ကဗျာဒီလိုနဲ့ပဲ နေ့ရက်တွေ ဒီရေတက်လာကြပြီစိတ်ဓာတ်အားပြိုင်တဲ့ပွဲမှာ ဘယ်တော့မှ နောက်ပြန်မစီးဆင်းဘူးသွန်ပစ်ခဲ့တဲ့ မိုးခါးရေတွေ ပင်လယ်ဖြစ်လိုက်ကြပေါ့အပြစ်ဒဏ်တွေကို ရယ်မော ဟားတိုက်ဒဏ်ရာက လှတယ်လားမျှော်လင့်ချက်တွေတော့ တဖွေးဖွေးနဲ့ လျှံကျလို့ဒီလို ဖုန်းဆိုးမြေမှာမှ ဒီလို သစ်ပင် (ငါ့တို့ အရိပ်ရ အသီးစားဖို့တဲ့)သွေးနဲ့ ချွေးနဲ့ ရှင်သန်ပေါ့…။ ။အမေ့အတွက်ကဗျာမေမေ ရေ ...အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့မေမေကတော့လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုးလာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ ...အဲဒီလို... ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့ဒါပေမယ့်လေကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည်ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ...မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါမေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါအခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲအဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ်"မေမေရဲ့သားနိုင်တယ်" ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံးဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူးမေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင်ရွာမယ့်မိုးပါ မေမေဒီကဗျာလေးနဲ့ စ မယ်နော်။အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာတစ်နေ့နေ့ပေါ့ မေမေရယ်အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ်ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့သားလိမ္မာလေးဖြစ်နေလိမ့်မယ်တစ်နေ့နေ့ပေါ့ မေမေရေ...ဆုတောင်းခြင်းများမေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသားစိုင်းလောဝ်ပိန်းPosted by စိုင်းလောဝ်ပိန်း at 10:59 AM
ဦးခွန်ထွန်းဦး နှင့် အမှုတွဲအတူ ထောင်ကျနေသော စိုင်းညွန့်လွင် ၏သား ရေးစပ် ပြီး သူ့ဘလော့တွင်တင်ထားသော ကဗျာ...။
နေထိုင်ရမှုပုံစံက ဖြတ်ညပ်ကပ်ထားသလို ဖုထစ်
လွတ်ငြိမ်းချမ်းသာခွင့်က ကြွေမကျတဲ့အဝေးကကြယ်
အဖေ့အတွက်ကဗျာ
ဒီလိုနဲ့ပဲ နေ့ရက်တွေ ဒီရေတက်လာကြပြီ
စိတ်ဓာတ်အားပြိုင်တဲ့ပွဲမှာ ဘယ်တော့မှ နောက်ပြန်မစီးဆင်းဘူး
သွန်ပစ်ခဲ့တဲ့ မိုးခါးရေတွေ ပင်လယ်ဖြစ်လိုက်ကြပေါ့
အပြစ်ဒဏ်တွေကို ရယ်မော ဟားတိုက်
ဒဏ်ရာက လှတယ်လား
မျှော်လင့်ချက်တွေတော့ တဖွေးဖွေးနဲ့ လျှံကျလို့
ဒီလို ဖုန်းဆိုးမြေမှာမှ ဒီလို သစ်ပင် (ငါ့တို့ အရိပ်ရ အသီးစားဖို့တဲ့)
သွေးနဲ့ ချွေးနဲ့ ရှင်သန်ပေါ့…။ ။
အမေ့အတွက်ကဗျာ
မေမေ ရေ ...
အရိုင်းအစိုင်းမာယာတွေနဲ့တွေ့တိုင်း ခေါ်နေမိတာ အကြိမ်ကြိမ်ပေါ့
မေမေကတော့
လောကဓံ ဘယ်နှစ်ပါးဖြစ်ဖြစ် ထမ်းထားမှာပဲ ဆိုတဲ့ လူမျိုး
လာမယ့် အန္တရာယ် ရင်ဆိုင်တွေ့ ...
အဲဒီလို... ကျွန်တော့် ထမင်းပန်းကန်လေးကို ဖြည့်ဖြည့်ပေးခဲ့တာ ကြာပေါ့
ဒါပေမယ့်လေ
ကျွန်တော်ဆိုးသမျှက မေမေ့မျက်ရည်
ဒီလိုဆိုတော့လည်း မတရားဘူးနော် မေမေ...
မေမေ့ရင်ထဲကို ဆူးတွေထိုးထိုးသွင်းနေတဲ့ လူဆိုးလေးကျွန်တော်ပါ
မေတ္တာတရားကို တာဝန်မကျေခဲ့တဲ့ လူမိုက်ကျွန်တော်ပါ
အခုမှ နောင်တတွေနဲ့ မျက်ရည်ဝဲ
အဝေးကပဲ ရှိခိုး ဦးချနေရပါပြီ မေမေရယ်
"မေမေရဲ့သားနိုင်တယ်" ဇော်ဝင်းထွဋ်သီချင်းလေး ဆိုချင်တာပေါ့
အခုတော့ မေမေ့ မမြင်ကွယ်ရာမှာ အကြိမ်ကြိမ်ကျရှုံး
ဒါပေမယ့် ဘယ်တော့မှ လက်မမြောက်ခဲ့ပါဘူး
မေမေ့ရင်ထဲ ပျော်ရွှင်ခြင်းတွေပဲ ရွာသွန်းစေဖို့ ကျွန်တော်ကိုယ်တိုင်
ရွာမယ့်မိုးပါ မေမေ
ဒီကဗျာလေးနဲ့ စ မယ်နော်။
အိမ်က ထမင်းဝိုင်းလေးလည်း နေရာတွေ လွတ်လို့ လပ်လို့ နေမှာ
တစ်နေ့နေ့ပေါ့ မေမေရယ်
အဲဒီတစ်နေ့နေ့မှာ မိသားစုကောင်းကင်ထဲ အတူတူ ပျံသန်းကြမယ်
ပျော်ရွှင်ခြင်း အတောင်ပံတွေ ဖြန့်လို့ပေါ့။
အဲဒီတစ်နေ့နေ့မှာ ကျွန်တော်ဟာ မေမေ့ရင်ခွင်ထဲမှာ ခိုနားနေတဲ့
သားလိမ္မာလေးဖြစ်နေလိမ့်မယ်
တစ်နေ့နေ့ပေါ့ မေမေရေ...
ဆုတောင်းခြင်းများ
မေမေ့ရဲ့ မေတ္တာဖြင့် ပြည့်ပါစေသား
စိုင်းလောဝ်ပိန်း
Posted by စိုင်းလောဝ်ပိန်း at 10:59 AM