နယူးဒေလီက ဦးဥတ္တမနေ့

Friday, September 9, 2011


(ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသားလို့ ပြောလို့ရတဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် ရခိုင်အမျိုးသားတွေက ကျင်းပခဲ့တဲ့ ပုံရိပ်တွေပါ။

(ဓာတ်ပုံ - ဧရာဝတီ)

ဒီအခမ်းအနားမှာ ရခိုင်လူငယ်တွေက ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသောအားဖြင့် အာရှနေ၀န်း ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြပါတယ်။



အိန္ဒိယရောက် ရခိုင်တိုင်းရင်းသားတွေက သမတဦးသိန်းစိန်အစိုးရအနေနဲ့

၁ - ဆရာတော်ဦးဥတ္တမနေ့ကို မြန်မာတနိုင်ငံလုံးမှာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့၊
၂ - ပြည်တွင်းစစ်တွေရပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုဖို့၊
၃ - နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊
၎ - ရခိုင်ပြည်နယ် ကမ်းလွန်ဒေသကထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်သူ့ဆန္ဒမပါပဲ တိုင်းတပါးကို ရောင်းချနေတာတွေ ရပ်တန့်ပေးဖို့၊
၅ - ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းကျဆွဲထားတာ မဟုတ်လို့ ဒီမိုကရေစီစနစ်တကယ်ဖြစ်ထွန်းချင်တယ်ဆိုရင် ဒီဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့

ဆိုတာတွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။




2 comments :

  1. This is My Art( I drew on 1996 in New Delhi)
    စက်တင်ဘာလ ၁၉၉၆( နယူးဒေလီတွင်..ရခိုင်တိုင်းရင်းသားများအတွက်..ကျွန်ုပ်ရေးဆွဲပေးခဲ့ပါသည်..။

    အခုလို..ဖေါ်ပြပေးသည့်အတွက်..ကျေးဇူးတင်ပါသည်..။

    Myo Thein Htun ( Artist )

  1. Anonymous said... :

    တင်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အပေါ်က ဦးဥတ္တမ ပုံက ရုတ်တစ်ရက် ကြည့်ရင် ကြိုးဆွဲချသလို ဖြစ်နေတယ် .ကုသိုလ်ကနေ အကုသိုလ်တွေဖြစ်နေမယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved