ရခိုင်ပြည်နယ် ဓမ္မာရုံလုပ်တဲ့ ဆွေးနွေးပွဲ

Monday, September 5, 2011

.





.

သဘာပတိများ

ရိုဟင်ဂျာ ဆိုသူများက Arakan ဆိုသော ဝေါဟာရကို ယူငင်သုံးစွဲနေခြင်းအား ပြည်တွင်းမှ ရခိုင်လူထုက ပြင်းထန်စွာ ကန့်ကွက်
ဘစောတင်

ရိုဟင်ဂျာဟု ဆိုကာ မြန်မာနိုင်ငံသား လူမျိုးစုတခုအဖြစ် ရရှိရေးအတွက် နိုင်ငံတကာတွင် လှုံ့ဆော်နေကြသော စစ်တကောင်းနွယ်ဖွါး ဘင်္ဂါလီလူမျိုးများသည် ရခိုင်များကို ခေါ်ဆိုသော အင်္ဂလိပ်ဝေါဟာရ Arakan ကို ယင်းတို့၏ လူမျိုးအမည်အဖြစ် အသုံးပြုနေခြင်းအတွက် ပြည်တွင်းမှ ရခိုင်ပညာရှင်များအပါအ၀င် ရခိုင်လူထုက လက်မခံနိုင်ကြောင်း ကန့်ကွက်သည့် စည်ေးဝးပွဲတရပ်ကို သောကြာနေ့က ရွှေတိဂုံ အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ကွန်ပြူတာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ကျော်သိန်း၊ ရခိုင်သမိုင်းပညာရှင် ဦးထွန်းရွှေခိုင်၊ ရခိုင်သားကြီး ဦးဦးလှမြင့် အပါအ၀င် ရခိုင်ပညာရှင်များ ရန်ကုန်ရှိ ရခိုင်လူမှုရေး အဖွဲ့အစည်းအသီးသီးမှ ဦးဆောင်သူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ရိုဟင်ဂျာဆိုသူတွေက ရခိုင်များကို အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုသော Arakan ဟူသော ဝေါဟာရကို ယင်းတို့ လူမျိုးအမည်အဖြစ် နိုင်ငံတကာတွင် လှည့်လည်ကာ အသုံးပြုနေခြင်းကို အစည်းအဝေးက လုံးဝ လက်မခံနိုင်ဘဲ ကန့်ကွက်ရှုတ်ချကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တက္ကသိုလ်ကျောင်းသား ရခိုင်လူငယ်တဦးက ဧရာဝတီသို့ ပြောသည်။

´ဒီဘင်္ဂါလီတွေဟာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာဆိုတဲ့ နာမည်တခုကို ဖန်တီးပြီး မြန်မာနိုင်ငံသား လူမျိုးနွယ်စု တခု ဖြစ်လာရေးအတွက် နိုင်ငံတကာမှာ လှည့်လည် လှုံ့ဆော်နေတယ်။ စည်းရုံးနေတယ်။ ဒီလို လှုံ့ဆော်ရာမှာ သူတို့ဟာ ရခိုင်လူမျိုးပဲ ဖြစ်လေသယောင် ကျနော်တို့ကို အင်္ဂလိပ်ဘာသာနဲ့ ခေါ်တဲ့ Arakan ဆိုတဲ့ ဝေါဟာရကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြတယ်´ ဟု ဆိုသည်။

ယင်းအစည်းအဝေးက ဆုံးဖြတ်ချက် ၂ ခုချမှတ်ခဲ့သည်။ ၎င်းတို့မှာ

(၁) ဘင်္ဂါလီ မူဆလင်များသည် ဗုဒ္ဓဘာသာ ရခိုင်ပြည်နယ် ရခိုင်လူမျိုးတို့၏ တိုင်းပြည်ကိုခေါ်ဆိုသော Arakan ဟူသော ဝေါဟာရကို ဘင်္ဂလီအချို့က လုယူသုံးစွဲနေသည်ကို ရခိုင်တမျိုးသားလုံးက ပြင်းထန်စွာ ကန့်ကွက်သည်။

(၂) ယင်းသို့ လုယူ သုံးစွဲနေမှု ရခိုင်လူထုတရပ်လုံးက ဖြစ်နိုင်သမျှ နည်းလမ်းအသွယ်သွယ်ဖြင့် ဆန့်ကျင် ဟန့်တား တိုက်ဖျက်သွားရန် ဆုံးဖြတ်သည် ဟု ပါရှိကြောင်း အဆိုပါ ကျောင်းသားက ဆိုသည်။

အစည်းဝေးကို နေ့လည် ၂ နာရီတွင် စတင်ပြီး ညနေ ၅ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်သော နောက်ဆက်တွဲ အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပိုမိုကျယ်ပြန့်စွာ ပြုလုပ်သွားရန် ရှိကြောင်း သိရှိရသည်။

.
ရခိုင်သားကြီး ဦးဦးလှမြင့်





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved