မြန်မာပြည် ငွေကြေးကိစ္စ အဆင်ပြေပြီ ဆိုပဲ

Monday, September 5, 2011

-






မနေ့ ကြေးမုံမှာ ရေးထားတာပါ
ငွေစက္ကူဟောင်းနွမ်းတာတွေကို အကန့်အသတ်မရှိ လဲပေးနေပါပြီ တဲ့။

ဒုတိယသတင်းမှာတော့ ငွေအကြွေရှိလို့ အဆင်ပြေပုံကို သတင်းထောက်ကိုယ်တိုင် အာမခံ ရေးသားထားပါတယ်။

သတင်းစာထဲ အဆင်ပြေပေမယ့် ပြင်ပမှာ ပြေချင်မှ ပြေမှာပါ။

ငွေအကြွေပြဿနာ မရှိတဲ့ နိုင်ငံတွေမှာတော့
ချက်လက်မှတ်၊ ဘဏ်ကတ် အသုံးများတယ်ဆိုတာ တွေ့ရမှာပါ။

မြန်မာပြည်မှာလည်း အဲဒါတွေ အသုံးများလာရင် ခေါင်းမကိုက်ရတော့ဘူးလို့ ယူဆပါတယ်။

အဆင်ပြေအောင် ဘယ်တော့ စီစဉ်ပေးမလဲ မသိရသေးပါ။





-

1 comments :

  1. ကေကေအို said... :

    ဧရာဝတီရယ်
    သတင်းခေါင်းစဉ်ဖတ်ပြီး ဘာများလဲလို့၊ မြန်မာပြည် ငွေကြေးကိစ္စ အဆင်ပြေပြီဆိုပဲ ဆိုလို့ ဖတ်ကြည့်လိုက်ရတာ၊ ဟုတ်တော့လဲ ဟုတ်ပါတယ်လေ၊ ကမ္ဘာမှာ ငွေစက္ကူအဟောင်းနွမ်းဆုံးနိုင်ငံ ဖြစ်နေခဲ့တာ ကြာလှပေါ့။ ဒါ သတင်းထူး၊ သတင်းကောင်းပါ။ သတင်းစာထဲတင်မက၊ အပြင် လက်တွေ့ဘဝမှာပါ အဆင်ပြေပါစေဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved