စပါတာကပ်စ် မင်းသားကွယ်လွန်

Friday, September 16, 2011

စပါတာကပ်စ် ဇာတ်လမ်းတွဲနဲ့ လူသိများတဲ့ မင်းသား ဝေးလ်လူမျိုး အန်ဒီ ဝှစ်ဖီးလ် (Andy Withfield)ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

သေဆုံးချိန်မှာ အသက် ၃၉ နှစ်ရှိပြီးတော့ non-Hodgkin lymphoma လို့ခေါ်တဲ့ ကင်ဆာရောဂါတမျိုးကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီးတော့ သေဆုံးချိန်မှာ ဇနီးနဲ့ သားသမီး ၂ ဦးကျန်ခဲ့ပါတယ်။


Spartacus ဇာတ်လမ်းတွဲမှ ဇာတ်ဝင်ခန်းတခု (ဓာတ်ပုံ-CBC.CA)

အန်ဒီဟာ ဝေလနိုင်ငံက Amlwch မြို့မှာ မွေးဖွားခဲ့ပြီး ရှက်ဖီးတက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်ကိုသင်ယူခဲ့ပါတယ်။ ၁၉၉၉ မှာတော့ သြစတြေးလျ နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

ရုပ်ရှင်နဲ့ တီဗွီအတတ်ပညာတွေကို သြစတြေးလျ နိုင်ငံမှာပဲ သင်ယူပြီးတော့ သြစတြေးလျ ရုပ်သံဇာတ်လမ်းတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

လူကြိုက်များဇာတ်လမ်းတွဲတွေဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ Spartacus: Blood and Sand နဲ့ Spartacus: Gods of the Arena ဇာတ်လမ်းတွဲတွေမှာ ပရိတ်သတ် အားပေးမှုကို တခဲနက်ရခဲ့ပါတယ်။

-----




1 comments :

  1. ခုတလော ကြိုက်တဲ့အစားအစာဆိုင်ဆို ပိတ်၊ အရုပ် ဆို ကုန်၊ မင်းသားမင်းသမီးဆို သေ ဖြစ်နေပါ့လား။ :(((

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved