တရစ်လျှော့ပါပြီ တဲ့

Sunday, September 4, 2011


Messenger ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖော်ပြဖို့ စိစစ်ရေးကျလာပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ်ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလည်း ဖော်ပြခွင့်ရပါပြီ။ ပြည့်သူ့ခေတ်ဂျာနယ်မှာ ဟံသာဝတီဦးဝင်းတင်ရဲ့ ပဉ္စမ မဏ္ဍိုင်ဆိုတဲ့ ဆောင်းပါး ကြော်ငြာကိုလည်း တွေ့ရပါတယ်။



ဒီအင်တာဗျူးတွေ၊ ဆောင်းပါးတွေ ဖော်ပြခွင့်ရဖို့ စာပေစိစစ်ရေးကို အကြိမ်ကြိမ် တင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဖော်ပြခွင့်ရပြီဆိုတော့ ကောင်းတဲ့ ခြေလှမ်းပဲလို့ ဆိုရပါမယ်။

(ပုံတွေကို ဖေ့စ်ဘုတ်က ယူပါတယ်)

12 comments :

  1. Anonymous said... :

    အစိုးရကတော့ သတင်းတွေအကုန်ဖော်ပြခွင့်ပေးနေပြီ
    ဧရာဝတီကလည်း ကွန်းမန့်တွေအကုန်ဖော်ပြနိုင်အောင် ကြိုးစားသင့်ပြီ
    ဆဲဆိုရိုင်းစိုင်းမှုမပါပဲ အမှန်တရားဝေဖန်ထားတဲ့ ကွန်းမန့်တွေ ပါပါမလာဘူးဖြစ်နေတယ်

  1. Anonymous said... :

    ဧရာဝတီက ပြောတယ် " ဒီမိုကရေစီအရေး " "စာပေလွတ်လပ်ခွင့် " လူ့အခွင့်အရေး" ဘာဘာညာညာ အစရှိသဖြင့် ....။ သို့သော် စိတ်မကောင်းစရာတခုက ဧရာဝတီ ဆိုဒ်နှစ်ခုလုံးမှာ ကွန်မန့်များကို အာဏာရှင်ဆန်စွာ တည်းဖြတ်၏ ။ ပြန်လည်စဉ်းစားပြီး ပြုပြင့်ပါ ဧရာဝတီသတင်းဋ္ဌာန :)

  1. Anonymous said... :

    ထောက်ခံတယ်
    ကျနော်တောင်တခါ NLD လူကြီးတွေကို ဝေဖန်တာ
    ကွန်မန်းမှာ မပြဘူးဗျ
    ဆဲတာမှမဟုတ်တာ ဖော်ပြသင့်ပါတယ်

  1. loitai said... :

    ဟုတ်ပါတယ် .. ကိုယ်တိုင်လဲ ကွန်မန့်တွေ တော်တော်များများ ဧရာဝတီမှာ ပေးဖူးပါတယ် .. ၁၃ ခါလောက်ထည့်တာ ၁ ခါဘဲ ပါလာတယ် ...
    ဒီလောက်ကြီး ဖြစ်နေမှတော့ ဘာလို့ ကွန်မန့်ပေးစရာ box ကို ထားပေးနေတာလဲ .. ဧရာဝတီသတင်းဌာနက လူတွေ ကိုယ့်ဘာသာ ကျော်ဆန်းရဲ လက်ပါးစေတွေ ဖြစ်နေပြီလားဆိုတာ ပြန်သုံးသပ်ကြပါ ..

  1. Anonymous said... :

    ကျွန်တော် ကွန်မန့်ပေးဖူးသမျှတော့ အကုန် တင်ပေးတာပဲဗျ။ နောင်ကြီးတို့ ပေးတာ တခုခု မလွတ်မကင်းဖြစ်လို့ နေမှာပေါ့။ ဒါနဲ့ မြန်မာမင်းသမီးတွေ ပြူးနေအောင် ... နဲ့ အစချီပြီး .... ညဉ်းတို့ နည်းနည်းကြီးအောင် လုပ်ကြအုံး။ နဲ့အဆုံသတ်ထားတဲ့ မဆီမဆိုင်ကွန်မန့်လိုမျိုးတွေကို ဖျက်သင့်ပါတယ်။ ဒါကိုပဲ ပို့စ်တိုင်းလိုလိုမှာ အားအားယားယား လိုက်တင်နေတယ်။

  1. Van said... :

    loitai ရေ
    ကျော်ဆန်း ဆိုတဲ့အသံ ကြားရင် အန်ချင်တယ်

  1. Anonymous said... :

    Than Shwe's group is very wise to avoid from people revolution which is getting tension on people of Burma, military, and antic groups.

    They are using this tactic to cool people tension, military dividing and the pressure of international.

    Wake up people don't follow on this fake.

  1. wake up,wake up, time to join the Atab spring

  1. Anonymous said... :

    ထောက် ခံ ပါ တယ်။ကျနော် လည်း dr ဖေ သိန်း ကောင်းကြောင်းရေးတဲ.ဆောင်း ပါး မှာ comment ရေးတာ ဖေါ်ပြ မပေးဘူး၊အော်--၈၈ မိုးဆက်၊ပြည် ပအတိုက် အခံ၊NCGUB ထက် ပိုသော အထောက် ရရှိ သည်.အဖွဲ အစည်း၊မှာ လည်း အာဏာရှင်ဆန် လှ ပါ လား။ပြည် တွင်း ပြောင်း လွဲ မူ စတင်နေ သဖြင်.-----အသင် တို. သည် လည်းေ ပြာင်းလဲ သင်.ပါ ပြီး၊

  1. thant said... :

    ကဲ.--ဦးသိန်းစိန် တော.တရစ် လျှော.ပြီ--ဧရာဝတီ ဘဲ comment တွေ အတွက် တရစ်လျော. ရန် လို တော သည်။

  1. cherry said... :

    ဟုတ်တယ်၊ ဧရာဝတီက သူဖော်ပြချင်တဲ့ ကွန်းမန့်ဆို ဖော်ပြတယ်။ သူတို.မဖော်ပြချင်တဲ့ကွန်းမန့်ဆိုမဖော်ပြဘူး။
    သူတို.လည်းစစ် အစိုးရနဲ.တူတူဘဲ။

  1. Anonymous said... :

    ဧရာဝတီကcommentတွေမဖော်ပြပေးတာမကောင်းပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved