စက်မှုဇုန် စွန့်ပစ်ပစ္စည်းမှာ အာဆင်းနစ်ပါ

Sunday, September 4, 2011


(ရွှေဒေါင်းတောင် အွန်လိုင်းမီဒီယာက ဖော်ပြထားတာကို ကူးယူပါတယ်။ မူရင်းကို ဒီမှာ ဖတ်ပါ။)

မင်းထက်စံ (ရွှေဒေါင်းတောင် မီဒီယာ)

မြန်မာ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အထင်ကရ စက်မှုလုပ်ငန်းများ လည်ပတ်နေသော လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံကြီးရှစ်ခု၏ စွန့်ပစ် ရေများတွင် လူကို အဆိပ်အတောက် ဖြစ်စေသော အာဆင်းနစ် အပြင် သတ္တုဓာတ်များစွာ ပါဝင်နေကြောင်း ခိုင်မာသော ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ သုတေသန စာတမ်းအရ လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံကြီး ရှစ်ခု၏ နွေ၊ မိုး၊ ဆောင်း၊ စွန့်ပစ်ရေ များကို Atonic Absorption Sbectroseopy စက်ဖြင့် တိုင်းတာရာတွင် ဘက်ထရီ စက်ရုံကြီး အနီးရှိ စွန့်ပစ်ရေ၌ အာဆင်းနစ် အများဆုံး ပါဝင်မှုမှာ ၆.၈၅၆ PPN ဖြစ်ပြီး အခြားစက်ရုံကြီး ၇ခု အနီးတဝိုက်တွင် ၆.၀၈၀ PPN ဖြစ်ကြောင်း ဖော်ပြထားသည်။ လူကို အန္တရာယ် ဖြစ်စေသော အခြားသတ္တုဓာတ်များ ဖြစ်သည့် ခဲ၊ ပြဒါး၊ ကြေးနီ နှင့် ဓာတုဒြပ်စင် များကိုလည်း နွေ၊မိုး၊ဆောင်း အလိုက် စွန့်ပစ်ရေများကို ပုံမှန်တိုင်းတာ နေရာတွင် ပါဝင်မှု ပမာဏမှာ အဆတိုး နေကြောင်း ယင်း စာတမ်းအရ သိရသည်။

“သုတေသန ပြုလုပ်ဖို့ရေကို စက်ရုံတွေက တိုက်ရိုက် စွန့်ပစ်တဲ့ရေကို ခွင့်မပြုတဲ့ အတွက် စက်ရုံ ပတ်ဝန်းကျင်နားက ရေတွေကိုယူပြီး စမ်းသပ်ခဲ့ရတာပါ။ ဒီ အဖြေတွေရဖို့ သုံးနှစ်လောက် ကြာပါတယ်””ဟု ယင်း စာတမ်းပြုစုသူက ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် နှစ်ဆန်းပိုင်း ကလည်း လှိုင်သာယာ စက်မှုဇုန်မှ စွန့်ပစ်သော ရေများတွင် လူကို အဆိပ်အတောက် ဖြစ်စေသော ဘက်တီးရီးယား ပါဝင်မှုနှုန်းကို စမ်းသပ်ခဲ့ပြီး အကျိုးပြု ဇီဝကောင်ဖြစ်သော EM ဖြင့် သုတေသန ပြုလုပ်ခဲ့ကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစ်စောင်တွင် ဖော်ပြခဲ့ဖူးသည်။

လှိုင်သာယာ စက်မှုဇုန်ရှိ စက်မှုဇုန်များမှ စွန့်ပစ်ရေများကို စနစ်တကျ စွန့်ထုတ်ရန် နည်းစနစ်ကောင်းများ လိုအပ်လျှက်ရှိပြီး လက်ရှိ အနေအထားတွင် လှိုင်မြစ် အတွင်းသို့ ဓာတုဓာတ် စစ်ထုတ်မှု လျော့နည်းစွာ
စွန့်ပစ်လျှက်ရှိကြောင်း သုတေသန ပြုစုသူတို့က တူညီစွာ ပြောဆိုနေကြသည်။


2 comments :

  1. Anonymous said... :

    May I correct for Atomic (not atonic) and PPM, part per million (not PPN).

  1. Anonymous said... :

    Check the wiki please.. for the machine

    http://en.wikipedia.org/wiki/Atomic_absorption_spectroscopy

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved