မယ်စကြာဝဠာ ၂၀၁၁

Sunday, September 18, 2011

....




လိုင်လာလုစ်ကို ပြီးခဲ့တဲ့ မယ်စကြာဝဠာ မက္ကစီကိုသူ Ximena Navarrete က သရဖူ လွှဲအပ်ပါတယ်။ ဓာတ်ပုံ reuters သတင်းဌာန စက်တင်ဘာ ၁၂

မယ်စကြာဝဠာ ၂၀၁၁ ကို အာဖရိကတိုက် အင်ဂိုလာနိုင်ငံကိုယ်စားပြု ၀င်ပြိုင်တဲ့ လိုင်လာလုစ် အရွေးခံရပါတယ်။
လိုင်လာလုစ်ဟာ အသက် ၂၅၊ အရပ် ၅ ပေ ၁၀ လက်မခွဲ ရှိပါတယ်။ အန်ဂိုလာနိုင်ငံဇာတိ၊ အခုတော့ အင်္ဂလန်မှာ ကျောင်းတက်နေပါသတဲ့။

နိုင်ငံပေါင်း ၈၀ ကျော်က အဆင်းလှ ဥာဏ်ရည်ထက်တဲ့ မယ်မဒီတွေရဲ့ ပြိုင်ပွဲ အဖြေတွေက ဒီလိုပါ-

အင်ဂိုလာ - The grand title winner
ယူကရိန်း - First runner-up
ဘရာဇီး - Second runner-up
ဖိလစ်ပိုင် - Third runner-up
တရုတ် - Fourth runner-up

မွန်တီနီဂရိုး - Miss Congeniality
(လူဦးရေ ခြောက်သိန်းကျော်ရှိတဲ့ ဥရောပတိုက်က နိုင်ငံငယ်က ကလေးမ ဖော်ရွေပျူငှာသောအမျိုးသမီး ဆိုတဲ့ဘွဲ့ ရသွားတယ်)
ဆွီဒင် - Miss Photogenic
(ဆွီဒင်သူက ဓာတ်ပုံစားတဲ့ကလေးမဘွဲ့ ရတယ်)
ပနားမား - Best National Costume
(ပနားမားသူက အကောင်းဆုံး ရိုးရာဝတ်စုံဆု ဆိုပါစို့)

rediff.com မှာ သူတို့အကြောင်းကို အင်္ဂလိပ်လို ခပ်တိုတို ရှင်းရှင်း ရေးထားပါတယ်။ ပုံကြည့်ဖို့ သူတို့အကြောင်း ဖတ်ဖို့ Next ဆိုတာကို နှိပ်ပါ။

ဒီနှစ် ဘရာဇီးမှာ ပြိုင်ကြပါတယ်။
၁၉၅၂ ကနေ ၁၉၇၂ အထိ ယူအက်စ်မှာပဲ လုပ်ခဲ့တာပါ။ နောက်တော့ တကမ္ဘာလုံးမှာ လှည့်ပတ် ကျင်းပပါတယ်။

စည်းကမ်းချက်အရ မယ်စကြာဝဠာ ၀င်ပြိုင်မယ့်သူဟာ လက်မထပ်ရသေးတဲ့သူ ဖြစ်ရမယ်၊ ပြိုင်ပွဲဝင်မယ့် နှစ်ရဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့မှာ အသက် ၁၈နှစ် ပြည့်ပြီးသူ၊
၂၇နှစ် မကျော်သေးသူ ဖြစ်ရပါမယ်။

မယ်စကြာဝဠာ ဒေါ့ကွန်မှာ ပြိုင်ပွဲဝင် မဒီတို့ရဲ့ ပုံတွေကို တွေ့ရမှာပါ။
ဘယ်ဘက်ကော်လံမှာက ဘယ်ဒေသကလဲ အသက်ဘယ်လောက်လဲ ဆိုတာ တွေ့ရမယ်၊
ပုံတွေရဲ့အပေါ်မှာ 1 2 3 4 5 6 7 ဆိုပြီး တွေ့ရပါမယ်။

1 ကို နှိပ်ရင် Glamshot အလှရိုက်ချက် (အလှရိုက်ချက်လို့ ဘာသာပြန်ရမယ် ထင်တာပဲ)
2 Close Up အနီးကပ်
3 Evening Grown ညနေပိုင်း ၀တ်စုံ
4 Swim suit ရေကူးသောအခါ ၀တ်ရသော ဘီကီနီ
5 National Costume သူတို့နိုင်ငံက အမျိုးသမီး ၀တ်စုံ
6 Preliminary Competition Swimmer ဒါလည်း ဘီကီနီပဲ။ နိုင်ငံနာမည်ကို စလွယ်သိုင်းထားတော့ ပို လုံခြုံတဲ့ ဘီကီနီလို့ ဆိုရမလား။
7 Preliminary Competition Gown နံပတ် ၃ လိုပါပဲ။ နိုင်ငံနာမည်ကို စလွယ် သိုင်းထားတယ်။

အောက်က ပုံတွေကို ကလစ်ပြီး ရှုစားလေ့လာနိုင်ပါပြီ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved