မြန်မာကွင်းတွေ ဆိုးတယ်လို့ လာအို နည်းပြချုပ် ဝေဖန်

Friday, September 9, 2011

သုဝဏ္ဏကွင်းကို သဲဖို့နေစဉ် (ဓာတ်ပုံ - Soccer Myanmar)

အာဆီယံ ယူ-၁၉ အဖွင့်ပွဲစဉ် အပြီးမှာ လာအို အသင်း နည်းပြချုပ် ဆီဗီဆေးက သုဝဏ္ဏဘောလုံးကွင်း အခြေအနေ ဆိုးရွားပုံနဲ့ ပတ်သက်ပြီး “အရမ်းကို ဆိုးပါတယ်။ ပြိုင်ပွဲ ကျင်းပတဲ့ ကွင်းတင် မဟုတ်ပါဘူး။ လေ့ကျင့်ရေး ကွင်းတွေကလည်း ဆိုးပါတယ်။ ကျွန်တော်တို့ဆီက ကွင်းတွေက ဒီလိုမျိုး အနေအထား မဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုကို လက်ခံ ကျင်းပမယ်ဆိုရင် သေချာ ပြင်ဆင်ထားသင့် ပါတယ်။ သေချာ မလုပ်နိုင်ဘူး ဆိုရင် ဒီလို ပြိုင်ပွဲမျိုးကို လက်ခံကျင်းပဖို့ မသင့်ပါဘူး” လို့ ဝေဖန်ပါသတဲ့။

သတင်း အပြည့်အစုံကို Soccer Myanmar မှာ ဖတ်နိုင်ပါတယ်။

5 comments :

  1. Anonymous said... :

    ဘော်လုံးကွင်းတောင် ကောင်းကောင်း မရှိတဲ့ နိုင်ငံ
    ဘောကွင်းကောင်းကောင်း ဆိုတာ ဘာမှန်း မသိတဲ့ စစ်တပ်က အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ကောင်းတယ် ဆိုတဲ့ ဝေါဟာရ ကို ဘယ်မှာ သွားသုံးရမလဲ ဗျာ။
    ကောင်းတယ် စိတ်ပျက်ဘို့။

  1. ကေကေအို said... :

    ဝေဖန်မနေပါနဲ့ကွယ်။ အရမ်းကို ဆိုးရွားနေခဲ့တာ ကြာပေါ့။ ဒီလိုဘဲ ခပ်တည်တည်နဲ့ အရှက်မရှိ ပြိုင်ပွဲတွေ လက်ခံကျင်းပခဲ့တာ ကြာပေါ့။

  1. Anonymous said... :

    လာအို နည်းပြကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ကို စော်ကားမှု၊ အီလက်ထရောနစ်အက်ဥပဒေ တို့ဖြင့် အရေးယူသင့်ပါကြောင်း၊ နောင်အခါ နိုင်ငံခြားသား နည်းပြများအနေဖြင့် တပ်မတော်အရပ်သား အစိုးရအား ဝေဖန်ခြင်းမပြုနိုင်အောင် စံနမူနာအနေဖြင့် အရေးယူသင့်ပါကြောင်း။ နည်းပြအနေဖြင့် ကွင်းမကောင်းဟု ပြောရမည့်အစား လွှတ်တော်တွင် တင်ပြပြီး တပ်မတော်အရပ်သားအစိုးရထံတွင် ရံပုံငွေ တောင်းခံရမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် နှစ်ခုပိုင်ဝန်ကြီး ဦးကျော်ဆန်းပြောသလို ရေများ စနစ်တကျမစီးဆင်းဘဲ ဘောလုံးကွင်းထဲသို့ စည်းကမ်းမဲ့ဝင်လာခြင်းကြောင့်ဖြစ်ကြောင်း၊ နောင် မဖြစ်အောင် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဥပဒေတစ်ရပ်ရေးဆွဲနိုင်ရန် လွှတ်တော်တွင် ဦးစွာ တင်ပြပြီးမှ ဧရာဝတီသို့ ပြောကြားသင့်ကြောင်း၊ ထို့ကြောင် လာအိုနည်းပြကို ၅ (ည)အရ ရေကြည်အိုင်တွင် (၇) ရက် မအိပ်မနေစစ်ဆေးပြီး အင်းစိန်ထောင်တွင်း တရားရုံးတွင် လူမသိသူမသိအချိန်တွင် ရှေ့နေများ မပါဘဲ အမှုစစ်ပြီး ကမ္ဘာစံချိန်တင် စံပြဖြစ်အောင် စီရင်ချက်ချပြီး လူသူမနီး၊ ရောဂါဘယပေါများ၊ ရာသီဥတုကြမ်းတမ်းသော ထောင်သို့ ပို့ဆောင်သင့်ပါကြောင်း . . လွှတ်တော်သို့ တင်ပြအပ်ပါသည်။ ဖြောင်း ဖြောင်း

  1. Anonymous said... :

    လယ်ကွင်းထဲ မကန်ခိုင်းတာ ကံကောင်းတယ်မှတ်

  1. Anonymous said... :

    တောက်...

    သူတောင်းစားအချင်းချင်းကိုခွက်စောင်းခုတ်တဲ့ကောင်။
    တော်သေးတာပေါ့ ငါတို့ကမရှက်တက်လို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved