နိုဗဲလ်ငြိမ်းချမ်းရေးဆု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် နော်ဝေနိုင်ငံစာတိုက်ဌာနက ထုတ်တဲ့ တံဆိပ်ခေါင်းဖြစ်ပါတယ်။ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံနဲ့ ထုတ်တဲ့ တံဆိပ်ခေါင်းပါ (ထက်အောင်ကျော် facebook က ရယူပါတယ်) မြန်မာပြည်က လွှတ်တော်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို အစိုးရအဆောက်အအုံတွေ၊ ရုံးခန်းတွေမှာ ပြန်ချိတ်သင့် မချိတ်သင့် ဆွေးနွေးနေဆဲလို့ သိရပါတယ်။ တဆက်တည်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓာတ်ပုံတွေကတော့ နံရံတွေပေါ်မှာ နေရာယူ နေဆဲပါ။
ချိတ်သင့်မချိတ်သင့် ဆွေးနွေးနေတယ်ဆိုတာ တစ်ကယ်ကိုစဉ်းစားလို့မရဘူးဗျာ။ နိုင်ငံကိုလွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တာပဲ။ ပြည်သူတွေအပေါ်မှာတင်မကဘဲ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာပါ ယုံကြည်မှုအပြည့်ထားခဲ့တဲ့ သူတော်ကောင်းကြီးကိုမှ အလေးမထားရင် ကျွန်တော်တို့တစ်တွေ ဘယ်အရာကိုတန်ဖိုးထားမလဲ? ဗိုလ်ချုပ်ရဲ့ဓာတ်ပုံတွေကို ရုံးတွေတင်မဟုတ်ပါဘူးဗျာ ကျောင်းတွေမှာပါ ကျွန်တော်တို့ငယ်ငယ်ကလို ပြန်ပြီးချိတ်မယ်ဆိုရင် ပိုပြီးပြည့်စုံပါလိမ့်မယ်။ သင်ရိုးတွေမှာလည်း ဗိုလ်ချုပ်ကိုဂုဏ်ပြုတဲ့ ကဗျာလေးတွေကို အရင်ကအတိုင်း ပြန်မြင်/ပြန်ကြား ရမယ်ဆိုရင်အတိုင်းမသိဝမ်းသာဂုဏ်ယူမိမှာ အမှန်ပါပဲခင်ဗျာ။ ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲကနေ ပြည်သူတွေကိုအလုပ်ကြိုးစားလာချင်အောင်၊ တိုင်းပြည်ကိုချစ်တဲ့စိတ်ဒီထက်မက ပိုရှိလာအောင်၊ စည်းကမ်းတွေဒီထက်ပိုရှိလာအောင် ပြောကြားထားတဲ့မိန့်ခွန်းလေးတွေကို ရွေးချယ်ပြီး နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့်လွှင့်မယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေကို ဒီထက်တစ်ဆင့်မြှင့်တင်ပေးသွားနိုင်မှာပါ။ စည်းကမ်းမရှိ၊ စည်းလုံးမှုမရှိခဲ့လို့ ရပြီးသား ဒီမိုကရေစီကို လက်လွှတ်ခဲ့ရတာကို သင်ခန်းစာယူပြီး နောက်ထပ်အဲဒီလိုမဖြစ်အောင် လိုချင်တာကိုစည်းကမ်းရှိရှိနဲ့ ရအောင်ကြိုးစား ရယူကြရအောင်လို့ တိုက်တွန်းပြောကြားလိုက်ရပါတယ်ခင်ဗျား။