မျှော်စင်ကျွန်းအငြိမ့်

Friday, October 28, 2011

.





မနက်ဖန် ဂေါ်ဇီလာ၊ သီး ၂ သီးတို့ပါဝင်တဲ့ အငြိမ့်ကို ရန်ကုန်မှာ အခမဲ့ တင်ဆက်မယ်လို့ သိရပါတယ်

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ သီး၂သီးကလည်း သဘက်ခါ အစီအစဉ်တခု ရှိတဲ့အကြောင်း ဒီမှာ
http://www.irrawaddyblog.com/2011/10/blog-post_4224.html
ဖော်ပြပြီး ဖြစ်ပါတယ်



.

7 comments :

  1. Anonymous said... :

    ဗမာပြည်သားစစ်စစ်များဖြစ်လျှင်ဂိုဏ်းကွဲရမည်။မောင်နှမအရင်း၊ဆွေမျိုးရင်း၊သွေးသောက်ရင်း၊သူငယ်ချင်းရင်း၊ဖြစ်ပါကကွဲရန်ပိုသေချာရမည်။ဒါမှဗမာစစ်ကြောင်းခိုင်လုံမည်ဖြစ်သည်။

  1. Anonymous said... :

    မျှော်စင်ကျွန်းမှာ ဗလာပွဲကမယ်ဆိုတော့ စပွန်ဆာက ဘယ်သူများပါလိမ့်နော် :)

  1. Anonymous said... :

    စပွန်ဆာက သိန်းစိန် ပေါ.

  1. Myo Chit said... :

    အစ ကတော့ ဗလာ မဟုတ်ဘူး ဗျ .. .. ပရိသတ် လာ မှာ မသေ ချာတော့လို့ ဗလာ လုပ်လိုက်ရတာ .. ..
    ဒါတောင် လာအားပေး ကြပါ့ မလား စိုးရိမ်နေရတယ် .. .. ဟီး ဟီး

  1. Anonymous said... :

    ဂေါ်ဇီလာ၊စိန်သီး၊ဇီးသီးတို့ ရဲ့ ပညာသားမပါတဲ့ ဟာသတွေကတော့ ရယ်စရာမကောင်းပဲ ကြောင်တောင်တောင်နိုင်လှပါတယ်။ပထမဆုံး မျှော်စင်ကျွန်းပွဲမှာ ကိုဇာဂနာနဲ့ လမ်းညွှန်မှုကြောင့် အောင်မြင်မှုရတာကို ဘ၀င်မြင့်နေကြတယ်။ ပြည်ပမှာ ကတဲ့ပွဲတွေ တခုမှ အနုပညာအရ မကောင်းဘူး။ ဟာသတွေက ကော်ပီတွေ။ ပညာသားပါတာ တခုမှ မတွေ့ရဘူး။ ဂျပန်မှာကတဲ့ပွဲ၊ စင်ကာပူမှာ ကတဲ့ပွဲ အကုန်ကြည့်ပြီးပေါ့။ ခုလည်း ဆရာကာပြန်အာခေါင်လှံစူးကြဦးမယ်။ ဂေါ်ဇီလာတို့ အပြောတွေ တရားကျဖို့ကောင်းတယ်။ ပြည်ပမှာနေတုန်းကတော့ စစ်အစိုးရမကောင်းကြောင်းကိုပြောလိုက်တာ။ ခုကျတော့လည်း ပြည်ပကအတိုက်အခံကို မကောင်းကြောင်းပြောတယ်။ ကိုဇာဂနာရေ သူတို့ကို တပည့်မွေးလို့ ဆရာ သိက္ခာကျပါတယ်။ စွန့်လွှတ်လိုက်ပါ။

  1. Anonymous said... :

    လူထုက သိပါတယ်။ လူထုလက်မခံရင် ဘယ်လောက် ကွေးနေအောင် ကနေပါစေ ရီးချင်စရာ ဟာသပျက်လုံးတွေ ထုတ်နေပါစေ ပရိတ်သတ်က ထင်သလောက် အားမပေးနိုင်ပါဘူး။ ဆရာကို အာခံရင် အာခေါင်ကို ဆူးတက်စမြဲပါ။ ကျေးဇူရှင်ကို ကျေးပြန်စွတ်တာ ဖြစ်တယ်။ ပြည်တွင်း ပြည်ပ အတိုက်အခံနဲ့ လူထုက ဘာကို အားပေးရမယ် မပေးကြရဘူးဆိုတာ ပြောစရာမလိုအောင် သိကြပြီးသားပါ။ ကြံ့ဖွတ်နဲ့ စွမ်းအားရှင် တွေကတော့ အလကားရရင် အားပေးကြမှာပါ။ ဟိုရောက်တော့တစ်မျိုးပြော ဒီရောက်တော့ ဒီလို ပြောတဲ့ သာမာန်လူပျက် လူရွှင်တော် လောက်တော့ ဖြစ်မှာပါ။ ပြည်သူဖြစ်တဲ့ လူရွှင်တော် ဖြစ်ဖို့ အနုပညာရှင်ဖြစ်ဖို့  မလွယ်ပါ။

  1. Anonymous said... :

    ဂေါ်ဇီလာတို့ အဖွဲ့က ပြည်ပမှာ နေတော့ ပြည်တွင်း မကောင်းကြောင်း ပြောတယ်။ မကောင်းတာကို မကောင်းတာ ပြောတာလေ။
    ပြည်တွင်း ပြန်ရောက်တော့လည်း ပြည်ပ မကောင်းကြောင်း ပြောတယ်။ မကောင်းတာကို မကောင်းတာ ပြောတာလေ။
    အဲဒါတွေက မမှန်ဘူးလား။
    ကောင်းတာကို ကောင်းတယ် လို့ ပြောတယ်။
    မကောင်းတာကို မကောင်းဘူး လို့ ပြောတယ်။
    အဲဒါတွေဟာ အမှန်အတိုင်း ပြောတာ ဆိုရင်တော့ ထောက်ခံ ရမှာပေါ့။
    ကိုယ်က တကယ် မကောင်းလို့ ကိုယ့် ကို မကောင်းတာ ပြောတာကို လက်ခံ/ရမှာပဲ။
    အဲဒါကို ကိုယ်က လက်မခံရင်တော့ မဟုတ်သေးဘူးနော်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved