တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်ဟာ တိုင်းအတွင်းက အမတ်(၁၈)ဦးရဲ့ လက်မှတ်ထိုး တိုင်ကြားခံရခြင်း၊ သမ္မတ ၊ ဒုသမ္မတ ၊ လွှတ်တော်ဥက္ကဌ များရဲ့ ဆူပူ ကြိမ်းမောင်းမှုခံရခြင်း စတဲ့ ဂြိုဟ်စီးဂြိုဟ်နင်း ညံ့နေလို့ အိမ်မက်မကောင်းဖြစ်နေလို့လား မသိပါ။ ဂေါ်ဇီလာအနွယ်ဝင် ဇနီး ၊ သမီး ရံရွှေတော်များနှင့် အတူတကွ ယတြာချေနေကြတယ် ကြားရပါတယ်။
ယတြာအစွမ်းနဲ့ ဒေသနဲ့ပြည်သူများရဲ့မေတ္တာတော် စူးရှမှု နှစ်ခုအားပြိုင်ရင် ဘယ်က အသာစီး အနိုင်ရမှာပါလဲ။
ကျွန်တော်တို့ဒေသရဲ့ အာဏာရှင် အဓိပတိ ဦးခင်ဇော်တစ်ယောက် အခုတလော ဒေသအတွင်းက ကျန်ကျောင်းတစ်စု(သူခိုးအုပ်စု)နဲ့ ပလဲနံပ သင့်နေလေရဲ့ ၊ အဲဒီ ကျန်ကျောင်းတွေက မြိတ်လှသန်း၊ သူရလှိုင်၊ စိုးဝင်း၊ အောင်စိုး၊ ဝင်းဗိုလ် နဲ့ ကော့သောင်းက အောင်နိုင်တို့ ဖြစ်တယ်။ အဲဒီကျန်ကျောင်း လုပ်ငန်းရှင်တွေကလည်း အခုတလော တော်တော် အဆင်ပြေနေပါတယ်။ တနင်္သာရီတိုင်းအတွင်း အလုပ် လုပ်ချင်ရင် ဝန်ကြီးချုပ်ကို ပေးလိုက်ရင်ပြီးပြီ။ ပေးတဲ့နေရာမှာလဲ ငွေမပေးဘဲ ရွှေဘဲ ပေးတယ်လို့ ကြားသိရပါတယ်။ တစ်ခုစဉ်းစားစရာ ကောင်းတာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်အမတ် တစ်ဦးကို ဒေသနေ ပြည်သူများရဲ့ တစ်ရာခိုင်နှုန်းက တိုင်ကြားရင် လွှတ်တော်အမတ်အဖြစ်ကနေ နှုတ်ထွက်ရပါတယ်။ အဲဒီတော့ ဝန်ကြီးချုပ်က အဲဒီ ဒေသအတွင်း ကျန်ကျောင်းတွေကိုအသုံးချပြီး ဒေသနေ ပြည်သူများရဲ့တစ်ရာခိုင်နှုန်း ကန့်ကွက် တိုင်ကြားအောင် စီစဉ်ပြီး သူ့ကိုသမ္မတဆီ တိုင်တဲ့ လွှတ်တော် အမတ်တွေကို လက်စားခြေမှာလား ဆိုတာကိုတော့ ကာလ ပိတ်ကားပေါ်မှာဘဲ စောင့်ကြည့်ရဦးမှာပါ။
ကော့သောင်းက အုပ်ချုပ်ရေးမှုးလုပ်ပုံ
ကော့သောင်းကမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း တို့ လုပ်ပုံများ ပြောကို မပြောချင်တော့ပါ။ ကော့သောင်းမှာ ရှိတဲ့ အိမ်ကြိုအိမ်ကြား ၊ လမ်းကြိုလမ်းကြား၊ အမှိုက်ပုံမြေပါမကျန် မြေလွတ်တွေရှာပြီး ရောင်းစားပါတယ်။ လုပ်စရာကုန်တော့ အေးရိပ်ငြိမ် အထက်တန်းစာသင်ကျောင်း ရှေ့က ကျောင်းပိုင်ဝန်ထမ်း အိမ်ယာ အပါအဝင် မြေနှစ်ကွက်စာကို သိန်းနှစ်ရာနဲ့ ရောင်းစားပါတယ်။ ပြီးတော့ ကျောင်းဝင်းထဲမှာ ကြက်ခြံသာသာ မဒမ ခင်း၊ သွပ်မိုး၊ ယိုင်ကာလေး တစ်ဆောင် ပြန်ဆောက်ပေးပါတယ်။ ပညာရေးဌာန တိုးတက်အောင် မြို့နယ်အာဏာပိုင်က အားပေးပုံပါ။
အဲဒီပြသာနာကိုကြားတော့ ၂ဝ၁ဝမှာ ရွေးကောက်ပွဲဝင် အနိုင်ရတယ် ဆိုပြီး ဘဝင်မြင့်နေတဲ့ ကြံ့ဖွံ့တွေက ဝန်ကြီးချုပ်ဦးခင်ဇော်ကို တိုင်ကြပါတယ် တဲ့။
ဝန်ကြီးချုပ်ကလည်း ဒီလို လုပ်လို့ ရမလား၊ ဘာညာသာရကာ ဆိုပြီး စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး (၂)ကြိမ် တိုင်အောင် စစ်ဆေးပါသတဲ့၊ အစစ်ခံရသူ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဘယ်လိုစစ်လည်း မသိပါဘူး သက်သေ အစစ်ခံရတဲ့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့ကတော့ ''အဟောက်ခံရလွန်းလို့ ငို၍ရီ၍ မရသော မျက်နှာတွေ '' ဖြစ်သွားကြတယ်လို့ ကြားသိရပါတယ်။
ဒီလိုနဲ့ ပြဿနာက အေးချမ်းစွာ ပြီးသွားပါတယ်။ နောက်မှကြားရတာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဝန်ကြီးချုပ်ဦးခင်ဇော်ရှေ့တော်မှောက် အခစားဝင် ရေ အပုံး(၃ဝ)လောင်းလိုက်တယ် ဆိုဘဲ။
ကော့သောင်းက ကြံ့ဖွံ့တွေလည်း ငြိမ်ကျသွားပါလေရော။
ဟုတ်တယ်လေ .. မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကို ရှာကျွေးနေတာကိုး။
ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝတ် နဲ့ ညီအကိုတော်လေးသလား။ ရုပ်ကတော့ ၀ါးတီးရုပ်ဘဲ ။