မြန်မာသံဃာတော်များရဲ့ ထိုင်းရေဘေးအလှူ

Thursday, October 20, 2011













ထိုင်းနိုင်ငံ အနှံ့အပြား ရေးဘေးဒုက္ခ ခံစားနေရချိန်မှာ ထိုင်းငံရောက် မြန်မာ အလုပ်သမားတွေလည်း ဒီဒဏ်ကို ခံနေရပါတယ်။ အယုဒ္ဓယက စက်မှုဇုန်ပိတ်လိုက်ရတဲ့ အတွက် အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေအတွက် လစာမရတဲ့ ပြဿနာ၊ အစားအသောက် ပြဿနာ ရင်ဆိုင်နေရပါတယ်။ ဘယ်လောက်ဒုက္ခရောက်တယ်၊ ဘယ်သူတွေ ဒုက္ခရောက်နေတယ် ဆိုတာကို စာရင်းအတိအကျ မရနိုင်ဘူး ဖြစ်နေပါတယ်။ နေရာအနှံ့အပြား ဖြစ်နေတာကြောင့် အကူအညီ ပေးချင်တဲ့ အဖွဲ့အစည်းတွေလည်း နီးစပ်ရာကိုပဲ ကူညီနိုင်တဲ့ အခြေအနေရှိပါတယ်။ ပသုံဋ္ဌာနီဘက်မှာတော့ မြန်မာအလုပ်သမား ထောင်နဲ့ချီပြီး ဒုက္ခရောက်နေတယ်၊ အကူအညီလည်း မရဘူးလို့ သိရပါတယ်။

အထူးသဖြင့် သောက်ရေအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ မနေ့ကတော့ ဘန်ကောက် ချူလာလောင်ကွန်း တက္ကသိုလ်မှာ တက်ရောက်ပညာသင်နေတဲ့ မြန်မာ သံဃာတော်တွေ စုပေါင်းပြီး ပသုံဋ္ဌာနီဘက်ကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ ရေကြီးလို့ ခရီးမတွင်တဲ့အတွက် ကားတတန် လှေတတန်နဲ့ သွားရတဲ့ အဲဒီဒေသကို သံဃာတော်တွေ ရောက်ဖို့ ၄ နာရီလောက် ကြာတယ်လို့ သိရပါတယ်။ သံဃာတော်တွေကတော့ လူ ၅၀၀ စာလောက်ပဲ လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအခြေအနေအရ ဘန်ကောက် ဒူမောင်းလေဆိပ် နားအထိ ရေတွေဝင်ရောက်နေပြီး ဘန်ကောက်မြို့ထဲကိုပါ ရေဝင်ဖို့ ရှိတယ်လို့ သတင်းတွေကဆိုပါတယ်။ ဘန်ကောက်မြို့လယ်မှာတော့ ရေဘေးဒုက္ခ အများကြီး မရောက်နိုင်ဘူးလို့ သိရပါတယ်။

ပုံစာ -ပသုဋ္ဌာနီဘက်က ရေဘေးဒုက္ခခံစားနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သွားရောက်လှူဒါန်းတဲ့ မြန်မာသံဃာတော် တွေရဲ့ ဓာတ်ပုံတွေကို ဧရာဝတီသတင်းထောက် ရိုက်ကူးထားတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved