မွေးနေ့ရှင်ရဲ့ သီချင်းသံ

Monday, October 17, 2011


မနက်ဖြန် အောက်တိုဘာ ၁၈ ရက်နေ့ဆိုရင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အသက် ၄၉ နှစ်ပြည့်ပါပြီ။ သူ့ရဲ့ မွေးနေ့မတိုင်ခင်မှာ ချစ်တဲ့သူတွေအားလုံးက သူ့ကို လွတ်မြောက်စေချင်ကြပေမယ့် သူ့မွေးနေ့ကို အကျဉ်းထောင် ထဲမှာပဲ ကျင်းပရဦးမှာပါ။ ပထမအကြိမ် အကျဉ်းထောင်ထဲက လွတ်မြောက်ခဲ့စဉ်မှာ သူဟာ ပန်ထွာဧကရီ ဆိုတဲ့ သီချင်းတပုဒ်ကို အကြမ်းသီဆိုခဲ့ပါတယ်။ အသံကြမ်း ဖန်တီးပေးခဲ့သူက ကိုဟန်လို့ သိရပါတယ်။ သူ့ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အမှတ်တရ အနေနဲ့ ဒီသီချင်းလေးကို ဧရာဝတီက တဆင့် မျှဝေပေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်ရဲ့ နောက်လာမယ့် မွေးနေ့တိုင်းမှာ သံတိုင်တွေရဲ့ အပြင်ဘက်ကမ္ဘာမှာ ရောက်ရှိနေပြီး မြန်မာပြည်အကျိုးသယ်ပိုးရင်း မွေးနေ့ပွဲတွေကို သူချစ်တဲ့သူတွေနဲ့ အတူ ပျော်ရွှင်စွာ ကျင်းပနိုင်ပါစေလို့ ဧရာဝတီက ဆုတောင်းပေးလိုက် ပါတယ်။ ဒီသီချင်းလေကို ကိုမိုးအေး facebook ကနေ ရယူပါတယ်။

မင်းကိုနိုင် ကိုယ်တိုင်သီဆိုထားတဲ့ ပန်ထွာဧကရီ တေးသီချင်း

9 comments :

  1. Anonymous said... :

    ကိုမင်းကိုနိုင်..‌နောင်ကျ‌ရောက်မဲ့‌မွေး‌နေ့တိုင်း
    မှာ..မိသားစု၊သူငယ်ချင်းအ‌ပေါင်းအသင်းစုံလင်စွာ
    နဲ့ဆင်နွှဲနိုင်ပါ‌စေ...ကိုမင်းကိုနိုင်၊ကိုကြိုကီး၊ကို‌ဌေး
    ကြွယ်နဲ့တကွနိုင်ငံ‌ရေးအကျဉ်းသားအားလုံးအမြန်
    လွတ်ေ မြာက်ကြပါ‌စေ..။

  1. Anonymous said... :

    သူ့ ကိုစတွေ့ ခဲ့စဉ်က၁၉၈၈တစ်ခုသောမနက်ခင်းမှာ ကားခေါင်မိုးပေါ်ကဆန္ဒပြကျောင်းသားသူ့ သူငယ်ချင်းတွေကြားထဲမှာစိတ်ရောကိုယ်ပါမနားတမ်း လှုပ်ရှားထားလို့ပင်ပန်းနွမ်းလျနေဟန်၊ ဒါပင်မယ့်ယုံကြည်ပါတယ်စိတ်ဓါတ်ကတော့လူသာလဲမယ်စိတ်မလဲတဲ့ သံမဏိစိတ်ဓာတ်ပေါ့ မြန်မာပြည်ဗိုလ်ချုပ်တွေအကိုင်တွယ်ရအခက်ဆုံး၊ခေါင်းအကိုက်ရဆုံး၊အကြောက်ဆုံး လူသားတစ်ဦးပေါ့။ အချိန်တွေနှစ်တွေသာချို့ တဲ့သွားမယ်။ သူရဲ့အမှန်တရားကိုမြတ်နိုးပြီး ပြည်သူဘက်မှမားမားမတ်မတ်ရပ်တတ်တဲ့သူ့ စိတ်ဓါတ်ကတော့မယိုင်လဲချိနဲ့ခဲ့ပါဘူး။ အချိန်ကြာလေခိုင်မာမြဲမြံလေဖြစ်ဆဲပါ။ နိုင်ငံသားကောင်းတစ်ယောက်ထောင်ထဲမှာ အလဟဿမဆုံးရှုံးမတိမ်မြုပ်သင့်ပါဘူး။ အမှန်တရားကိုထောင်ချမထားပါနဲ့လို့သက်ဆိုင်ရာတွေကိုပြောချင်ပါတယ်။

  1. Anonymous said... :

    HAPPY BIRTHDAY! Ko Min Ko Naing. I wish you to be happy and successful starting from this BIRTHDAY.
    We are always with you.

  1. Anonymous said... :

    Ko Min Ko Naing,
    You are our hero forever.
    Happy Birthday!

  1. Anonymous said... :

    Happy Birthday.........May this birthday brings Democracy and freedom for you and your friends.I really proud for you,hero.

  1. Anonymous said... :

    ကိုမင်းကိုနိုင်ရေ
    နောက်လာမဲ့နှစ်များမှာ ကိုမင်းကိုနိုင်ချစ်သော ပြည်သူများနဲ့ အတူ မွေးနေ့ပွဲကို ပျော်ရွှင်စွာဆင်နွဲနိုင်ပါစေ..

  1. Anonymous said... :

    Happy Birthday! Ko Min Ko Naing.

  1. Anonymous said... :

    မွေးနေ့တိုင်းမှာကိုယ်-စိတ်နှစ်ပါးအမြဲတမ်းချမ်းသာပါစေ

  1. Myint Khaing said... :

    Ko Min Ko Naing's song should be written with Burmese words also translation in English.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved