အစိုးရစာချုပ် ပျက်ပြယ်မှုဆိုင်ရာ ဆင်ဆာထိတဲ့ သတင်း

Sunday, October 9, 2011

တရုတ် ဒုသမ္မတနဲ့ ဦးသန်းရွှေ ၂၀၀၉ တုန်းက နေပြည်တော်မှာ တွေ့စဉ်

အခု ဖော်ပြမယ့် သတင်းက Eleven Media Group က စာပေစိစစ်ရေးတင်တဲ့အခါ အဖြုတ်ခံရတဲ့ သတင်းလို့ ဆိုပါတယ်။ သတင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သောစာချုပ်အရ ပေါ်ထွက်လာသော တရာမျှတသည့် တာဝန်များ ပဋိညာဉ်များကို အခြားနိုင်ငံကလေးစားပါက မြန်မာကလည်း လေးစားမည်ဟုသိရ ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်ပါဝင်” ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့က ဒီလို မှတ်ချက် ရေးထားပါတယ်။

“အထက်ပါသတင်းအား ယခုတစ်ပတ်ထုတ် Weekly Eleven News Journal တွင် ထည့်သွင်းဖော်ပြရန် သက်ဆိုင်ရာ စာပေစိစစ်ရေးသို့ တင်ပြရာ ခွင့်မပြုဘဲ ဖြုတ်ပယ်ခြင်းခံခဲ့ရပါသည်။ ထို့ကြောင့် လက်ရှိတွေ့ကြုံရသော အခြေအနေအရ ပြည်တွင်းမီဒီယာများ၏ စာပေလွတ်လပ်ခွင့် အဆင့်အတန်းမှာ ကွန်မြူနစ် တစ်ပါတီစနစ်ဖြစ်သော တရုတ်နိုင်ငံ၏ စာပေလွတ်လပ်ခွင့်ကိုပင် မမီသေးသော အနေအထားပင် ဖြစ်ပါသည်”

သတင်းထဲက အချက်အလက် တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဒီမှာဖတ်ပါ

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ မြန်မာအစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်များအရ ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များ၊ ပဋိညာဉ်များကို အခြားနိုင်ငံကလေးစားပါက မြန်မာနိုင်ငံကလည်း လေးစားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုထားကြောင်းနှင့် အခြားသော ပဋိညာဉ်ဆိုင်ရာပြဌာန်းချက် အချို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သိရသည်။

ပဋိညာဉ်ဥပဒေအရ ပဋိညာဉ်ပျက်ပြယ်စေနိုင်သည့် အချက် ၁၄ ချက်


၁။ ပဋိညာဉ်ပြုပိုင်ခွင့် အရည်အချင်းမရှိသူတို့က ပြုလုပ်သော သဘောတူညီချက်များ

၂။ သဘောတူညီကြသူများက သဘောတူညီချက်၏ အဓိကဖြစ်သော အကြောင်းအရာနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များနှင့် မြန်မာနိုင်ငံအတွင်း အာဏာမတည်သော ဥပဒေနှင့်ပတ်သက်၍ မှားယွင်းလျှက်ပြုလုပ်သော သဘောတူညီချက်များ

၃။ တရားဥပဒေနှင့်မညီသော အဖိုးစားနား သို့မဟုတ် ရည်ရွယ်ရင်းအကြောင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ

၎။ တရားဥပဒေနှင့်မညီသော အဖိုးစားနား၏ အစိတ်အပိုင်း သို့မဟုတ် ရည်ရွယ်ရင်းအကြောင်း၏ အစိတ်အပိုင်းအတွက် ပြုလုပ်သော သဘောတူညီချက်များ

၅။ အဖိုးစားနားမပါရှိသော သဘောတူညီချက်များ

၆။ထိမ်းမြားလက်ထပ်ခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ

၇။ ကူးသန်းရောင်းဝယ် အသက်မွေးဝမ်းကျောင်းမှုကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ

၈။ တရားစွဲဆိုခြင်းကို တားမြစ်ချုပ်ခြယ်သော သဘောတူညီချက်များ

၉။ အဓိပ္ပာယ်တိကျ သေချာမှုမရှိသော သို့မဟုတ် တိကျသေချာအောင် မလုပ်နိုင်သော သဘောတူညီချက်များ

၁၀။ လောင်းကစားနည်းဖြင့် ပြုလုပ်သော သဘောတူညီချက်များ၁၁။ မရေရာသော အနာဂတ်ဖြစ်ရပ်တစ်ခုအပေါ်တည်သော သဘောတူညီချက်၊ ထိုဖြစ်ရပ် မဖြစ်နိုင်တော့သောအခြေအနေ ရောက်သောအခါ ပျက်ပြယ်ခြင်း

၁၂။ မဖြစ်နိုင်သော ပြုမူမှုတစ်ခု ပြုလုပ်ရန် သဘောတူညီချက်များ

၁၃။ နောင်အခါတွင် မဖြစ်နိုင်သော သို့မဟုတ် တရားဥပဒေနှင့်မညီသော အခြေသို့ ဆိုက်ရောက်လာသော ပြုမူမှုကို ပြုလုပ်ရန် သဘောတူညီချက်များ

၁၄။ တရားဥပဒေနှင့်ညီသော အလုပ်တစ်ခုကို ပထမပြုလုပ်ရန်နှင့် တရားဥပဒေနှင့်မညီသော အလုပ်ကို ဒုတိယပြုလုပ်ရန် အပြန်အလှန်ကတိများ ပြုရာတွင် ဒုတိယကတိမှာ ပျက်ပြယ်ခြင်း





1 comments :

  1. Anonymous said... :

    မည်သည့်နိုင်ငံမဆို ထိန်ချန်သင့်သည့် သတင်းမှန်လျှင် ထိန်ချန်သည်။ သို့မဟုတ် အစိုးရအနေဖြင့်သော်လည်းကောင်း၊ သတင်းတင်ပြမှု၏ အထောက်အထားခိုင်မာမှုမရှိလျှင်သော်လည်းကောင်း သို့မဟုတ် ပြည်သူလူထု၏ ယုံကြည်မှုကို အဓိပ္ပါယ်ကင်းမဲ့စွာ ပျက်ပြားစေလျှင်သော်လည်းကောင်း ဖယ်ရှားသင့်သည်ထင်လျှင် ဖယ်ရှားစေပါမည်။ ပုဂ္ဂိုလ်ရေး စွဲလျှက် တဖက်သက် ရေးသားဖေါ်ပြခြင်း၊ ဘက်လိုက်ရေးသားခြင်းသည်လည်း သတင်းသမားတို့ အပေါ်များစွာမူတည်ပါသည်။ အချို့သတင်းများကိုချဲ့ကားဖေါ်ပြခြင်းသည်လည်း ဘယ်အဖွဲ့အစည်းမဆို ကောင်းမွန်သော လုပ်ရပ်တစ်ခုအဖြစ် မယူဆစေလိုပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved