ဒီဘလော့ကို ဘယ်ဒေသက အများဆုံး ကြည့်နေကြသလဲ

Friday, October 21, 2011

...




ဒီမနက် ဧရာဝတီဘလော့ကို ရောက်လာသူအများစုဟာ မြန်မာပြည်တွင်းကပါ။

မြန်မာစံတော်ချိန် မနက် ၉ နာရီနဲ့ ၁၁ နာရီအတွင်း ဧရာဝတီဘလော့ကို ကြည့်တဲ့ အရေအတွက်ဖြစ်တယ်လို့ ဂူဂဲလ်တွက်ချက်မှုအရ သိရပါတယ်။





...

1 comments :

  1. Anonymous said... :

    တနင်္သာရီ ၀န်ကြီးချုပ် ဦးခင်ဇော် ဖယ်ရှားပေးရန်း မြိတ်မဲဆန္ဒနယ် (၁)မှ ပြည်သူလူထု ထောင်ချီပြီး ကော်မရှင် ဥက္ကဋ္ဌ ထံ လက်မှတ်ရေးထိုးတိုင်ကြား

    တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးခင်ဇော်သည် စီးပွားရေးသမားများနှင့် ပေါင်းပြီး ကိုယ်ကျိုးရှာမှု၊ ဒေသ ဖွံ့ဖြိုးရေးတိုးတက်မှုများအား လစ်လျူရှုမှု၊ အာဏာရှင်သဖွယ် အုပ်ချုပ်မှု တို့ကြောင့် မြိတ်ဒေသအတွင်းရှိ ဦးခင်ဇော်အား ထောက်ခံမဲ အများဆုံးပေးခဲ့သော သစ်ယာဝ ကျေးရွာနှင့် စန္ဒ၀တ် ကျေးရွာ၊ သမုတ်ကျေးရွာ၊ သဘွတ်ကျေးရွာ၊ ပင်းအိုကျေးရွာ၊ ကလွင်ကျေးရွာ မှ ရွာသူ ရွာသား ထောင်ချီပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ထံ လိပ်မူ ကာ ဦးခင်ဇော်အား လွှတ်တော် အမတ် တစ်ဦးအဖြစ်မှ ဖယ်ရှားပေးပါရန် ၂၀၁၁ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း သိရသည်။
    ထိုသို့တိုင်ကြားမှုအပေါ် ဦးခင်ဇော်၏ ညွှန်ကြားချက်အရ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး (ဗိုလ်ကြီး-ငြိမ်း) ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေညာမောင်၊ စစစ ၊ သတင်းတပ်ဖွဲ့မှ အရာရှိများ ၊ ပြည်ခိုင်ဖြိုး ပါတီ ခရိုင်အတွင်းရေးမှူး ဦးအေးအောင် (ဗိုလ်ကြီး-ငြိမ်း) ၊ ခရိုင်တွဲဖက်အတွင်းရေးမှူး ဦးကြည်ထွန်း တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၁ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် (၉) နာရီက စပြီး စန္ဒ၀တ် ကျေးရွာ မှ လက်မှတ်ရေးထိုးခဲ့သူများအား စုံစမ်းစစ်ဆေးနေကြောင်း နှင့် သစ်ယာဝ ကျေးရွာရှိ လက်မှတ်ရေးထိုးသူ ရွာသား သုံးရာကျော်ခန့်အားလည်း စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
    ထိုသို့ စုံစမ်းစစ်ဆေးမှုများကြောင့် လက်မှတ်ရေးထိုးသူ ရွာသားများအနေဖြင့် ဥပဒေမဲ့ အရေးယူ ခံရမည်ကို ကြောက်ရွံ့နေကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်နေကြောင်း သတင်းရရှိသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved