သတင်းထောက်တွေ ပြန်အနှိုက်ခံရ

Thursday, October 13, 2011

(ဓာတ်ပုံ - Eleven Media Group)

မနေ့က အင်းစိန်ထောင်ရှေ့မှာ အကျဉ်းသားတွေလွတ်တာ သွားရောက်သတင်းယူတဲ့ သတင်းထောက်တွေ ခါးပိုက်နှိုက်ခံရကြောင်း၊ ပိုက်ဆံ၊ မှတ်ပုံတင်ကတ် စတာတွေ ပါသွားကြောင်း The Voice Weekly ဂျာနယ် ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ တချို့ အမျိုးသမီးသတင်းထောက်တွေ ကာအိနြေ္ဒပျက်အောင်လည်း ပြုလုပ်ခံရကြောင်း ရေးထားပါသေးတယ်။

သတင်းထောက်တွေကြား ပြန့်နေတဲ့ နောက်သတင်းတခုကတော့ ရန်ကုန်လေဆိပ်ကို ကိုဇာဂနာ ပြန်အရောက် လူတွေ တိုးကြိတ်နေတုန်း သတင်းထောက်တဦးက သတင်းထောက်မတဦးကို လက်သရမ်းပါတယ်ဆိုပြီး စွပ်စွဲတယ် ဆိုတဲ့ ကိစ္စပါ။

ဂျာနယ်တစောင်က သတင်းထောက်က သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ၃ ကြိမ်တိတိ လက်သရမ်းသွားပါတယ်လို့ မေးလ်ကနေရောက်လာတဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။

သူများတွေဆီက နည်းအထွေထွေနဲ့ သတင်းနှိုက်ခဲ့တဲ့ သတင်းထောက်တွေ မနေ့က တပွဲမှာ အသီးသီး ပြန်အနှိုက်ခံလိုက်ရတယ်လို့ ပြောရမလိုပါပဲ ... :D





5 comments :

  1. Anonymous said... :

    အဲဒီလို သတင်းထောက်တွေ ပြန်ပြီးအနှိုက်ခဲရတယ်ဆိုတဲ့ သတင်းကို ပို့လုပ်မယ့်အစား နိုင်ငံတော်ကြီးကိုကောင်းစားစေချင်တဲ့ တို့မြန်မာတွေ ဘယ်လိုစိတ်ထားတွေထားသင့်ကြောင်း မရေးသင့်ဘူးလားဗျာ။ ဧရာဝတီဆိုတဲ့ ဆိုဒ်ဟာ မြန်မာတွေ တော်တော်များများဖတ်နေကြတာပါ။ အဲဒီလို ဟိုနှိုက်ဒီနှိုက် လုပ်တယ်ဆိုတာ ကျွန်တော်တို့ ဘာသာရေးအရရော သိပ်အောက်တန်းကျတဲ့ လုပ်ရပ်တွေပါ။ ဒီအတိုင်းသာဆိုရင် နိုင်ငံကြီးသားဖြစ်ဖို့ဆိုတာ ...ကျနော်တို့ ရွှေမြန်မာတွေ...။

  1. ကိုဇာဂနာလက်ကိုဆွဲထားတဲ့ကိုအရိုင်းကိုမြင်လိုက်ရတော့နဝေတိမ်တောင်ဖြစ်သွားတယ်။ ဘယ်လိုနားလည်ရမှာလည်းကိုအရိုင်းရေ

  1. Anonymous said... :

    is there something wrong with ah yine grabbing zarganar's arm, chitsayar18?

  1. m amaoo said... :

    ဘယ်နေ၇ာမှာဖြစ်ဖြစ် ကိုယကျင်.တ၇ားကောင်း၇ပါမယ်။ တဦးခြင်း၈ုဏ်သိက္ခာ၇ှိမှ နိုင်ငံ၈ုဏ်သိက္ခာ၇ှိမယ်။

  1. phothar said... :

    ဒါကလည်း တင်ပေးသင့်ပါတယ်....ဧ၇ာဝတီကိုလည်းနေ့တိုင်းဖတ်ပါတယ် ဒါပေမယ့် တခါတလေ၇ှာ၇ခက်တယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved