ပိတ်ထားတာ သနားတယ်ဆိုတဲ့ ဦးတေဇ

Thursday, October 13, 2011


အယ်လ်ဂျာဇီးယားက ဦးတေဇနဲ့ တွေ့မေးပြီး “ပိတ်ဆို့ထားလည်း ထောနေဆဲ” (Myanmar tycoon's riches grow amid sanctions) ဆိုတဲ့ ရုပ်သံကို တင်ဆက်လိုက်ပါတယ်။ ဦးတေဇက သူကိုယ်တိုင် ဝန်မခံသော်ငြား မြန်မာပြည်က အချမ်းသာဆုံးထဲက တဦးပါ။ လူ ၆ သောင်းကို အလုပ်ပေးထားနိုင်တယ်၊ ဥရောပသမဂ္ဂနဲ့ အလုပ်လုပ်လို့ မရအောင် ပိတ်ဆို့ထားသည့်တိုင် ငွေရွှင်နေဆဲလို့ အယ်လ်ဂျာဇီးယားက ရေးထားပါတယ်။

ဦးတေဇကတော့ သူ့အကြောင်း ပြည်ပမီဒီယာတွေအထိ ခြေဆန့်ပြီး အစွံထုတ်လာတာ တွေ့ရပါတယ်။

အယ်လ်ဂျာဇီးယားနဲ့ တွေ့မေးခန်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်


5 comments :

  1. Moe Htet said... :

    ဘ၀ နှင့် ပိုက်ဆံ ဆိုတာ Mafia တို့ Farm Ville တို့လို ဂိမ်းမျိုးတွေလောက် ဆော့ဘူးရင် အတန်အသင့် သဘောပေါက်နိုင်ပါလိမ့်မယ်။
    တကယ်တမ်းစဉ်းစားကြည့်ရင် ဘ၀ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်တဲ့ အနေအထားရပြီးချိန် ထပ်ဝင်လာတဲ့ ပိုက်ဆံတွေဟာ ရှေ့ကရှာခဲ့တာတွေလောက် ရင်ခုန်စရာ မကောင်းတော့ပါဘူး။
    အဲဒီအချိန်ထိ ငွေပြီး ငွေ ဖြစ်နေသေးရင် ပုံမှန်မဟုတ်လို့ ဆိုနိုင်ပါမယ်။ ဘီလ်ဂိတ် အပါအ၀င် ဘီလျံနာတွေ ဘာလုပ်ကြသလဲ
    ဝေးဝေးကြည့်စရာမလိုပါဘူး ကိုဇော်ဇော် ကိုကြည့်ပါ။ စီးပွားရှာတာချင်းတူပေမဲ့ ဟိုက image ပိုကောင်းနေတယ်။
    ဘာလို့လဲဆိုတော့ လူမှုရေးလုပ်ငန်းတွေ အလှုအတန်းတွေ မှာရက်ရောတေယ်။ သိပ်ကောင်းလွန်းလှတယ် မဟုတ်ပေမဲ့ Tycoon တွေထဲမှာသူက သာနေတယ်။ လူချစ်လူခင်များတယ်။ တိုင်းပြည်ချစ်ရင် အသက်စွန့်စရာ မလိုပါဘူး။ သေးသွားတော့ ဘာလုပ်နိုင်မှာလဲ။ အဲဒါအပိုတွေ

  1. Anonymous said... :

    ပိတ်ဆို့ထားလဲ ထောနေဆဲလို့ ပြောတာ မဆန်းပါဘူးကွာ .... အချို့က ပိတ်ဆို့ထားပေမဲ့ ... အချို့က သူတို့အကျိုးစီးပွါးအတွက် ဆက်ဆံတာကိုး ... ဒါပေမဲ့ တခုတော့ရှိတယ် .... အဲဒါကို မေးကြည့် တေဇ ဝန်ခံသွားရလိမ့်မယ် .... ၁ဝဝ လောက် ရနိုင်မဲ့အနေအထားမှာ ပိတ်ဆို့မှုတွေကြောင့် ၅ဝကျော် ၇ဝ လောက်ပဲ ရတော့တာ .... အဲဒီ ထိတ်တန်း နိုင်ငံကြီးတွေ လွတ်လွတ်လပ်လပ် တရားဝင် သွားလာ ဝင်ထွက်ချင်ပေမဲ့ .. ဝင်ခွင့်မပေးတာ .... ဒီပိတ်ဆို့မှုတွေ ရုတ်သိမ်းစေချင်တာ စိတ်ထဲမှာ တကယ်ကိုလားတာအမှန်ပဲ ဒါပေမဲ့ ဟိုဖက်က မရုတ်သိမ်းပေးတော့ ... မမှုပါဘူးကွာလို့ ... ဖင်ပိတ်အော်နေတာဆိုတာ .......

  1. Anonymous said... :

    video link ကကြည့်လို့ မရဘူး

  1. Anonymous said... :

    မောင်တေဇ မောင်တေဇ ကိုယ်ကိုကိုယ် ဘယ်လို ချမ်းသာလာတာလဲ။ ချမ်းသာလာတဲ့ ဇစ်မြှစ်လေး ကို ကိုယ့်ဘာသာကိုယ် နဖူးပေါ်လက်တင် တွေးကြည့်ပြီးပြီးလား။ ဘာတွေ တီထွင်ကြံဆလိုက်လို့  လဲ၊ ကိုယ်ပိုင်အရည်အချင်း ဘယ်လောက်ရှိလို့  ချမ်းသာလာတာလဲ။ လူသားအကျိုးပြု လုပ်ငန်း ဘာတွေ လုပ်ဘူး ၇ှိဘူးလဲ။ ဗမာပြည် က ဆင်းရဲသား ဘယ်နှစ်ယောက်ကို ရိုးရိုးသားသား ထောက်ပံ့ပေးကမ်းဘူးလဲ။ နိုင်ငံတကာ ရေဘေးလေဘေးတွေမှာ ဘယ်လောက် ကူညီထောက်ပံ့ဘူးလဲ။ လေယာဉ် ဘယ်နှစ်စီး ပိုင်လဲ။ ဟိုက်စကီး ဘယ်နှစ်စီး ရှိလဲ။ နအဖနဲ့ ပေါင်း ဂွင်ကောင်းပြီး နေ့ ချင်းညချင်း ဥုံ ဖွ ဖြစ်ပြီး ချမ်းသာလာတာလား။ ဒီလို ချမ်းသာလာတယ် ဆို၇င်တော့ ဖွတ်ကြားချမ်းသာလာတာ ပါ။ နအဖနဲ့ ပေါင်းပြီး အိပ်ဖောင်းလာတဲ့ သူတွေ ခင်ဗျားတို့ အပြော သူဌေးကြီးတွေ ဆိုတာ ဖွတ်ကြား သူဌေးလေးတွေပါ။ လောက ထဲမှာ လေတောင် ဝဝမရှု နိုင်ကြသေးပါဘူး။ သနားတယ်။ ရေရေ လည်လည် သနားတယ်။

  1. Lu Pyo Pauk Sa said... :

    29 FEB 2012

    just browsing all old posts.

    I cannot open the link of Aljazeera .

    can Irrawaddy help us to find out the link.

    We like to read What Tayza said.

    Did he ask Irrawaddy to ' shut off ' the link ?

    Can u please show the exact article about Tay Za what he said.

    I like to read about his ' arrogance ' . Thank you.

    29 FEB 2012
    Tuesday

    by

    LuPyo Pauk Sa and others

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved