အရှိန်မလျှော့သွားဘူး ဆိုတဲ့ သမ္မတအကြံပေး ဦးကိုကိုလှိုင်

Monday, October 17, 2011

သမ္မတအကြံပေး ဦးကိုကိုလှိုင် (ဓာတ်ပုံ - flower news)
မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေး အကျဉ်းသား အရေအတွက် ၆၀၀ ပဲ ရှိသည်ဟု သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်ဦးကိုကိုလှိုင် က ဆွီဒင်နိုင်ငံပိုင် ရေဒီယိုတွင် ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။ ထိုအရေအတွက်သည် လူ့အခွင့်အရေးအဖွဲ့များက ပြုစုထားသော စာရင်းနှင့် ကွာခြားမှုရှိနေပါသည်။ ယင်းသို့ နိုင်ငံရေးအကျဉ်းသား အရေအတွက် စာရင်း ကွာခြားမှုနှင့် ပတ်သက်ပြီး ဧရာဝတီက ဦးကိုကိုလှိုင်ကို ဆက်သွယ်မေးမြန်း၍ ဖော်ပြလိုက်ပါသည်။ အပြည့်အစုံ ကို ဒီမှာ ဆက်လက်ဖတ်ရှုပါ။

1 comments :

  1. Anonymous said... :

    ဘာအရှိန်မလျှော့တာလဲ ဦးကိုကိုလှိုင်
    သန်းရွှေ ရဲ့ ထိန်းချုပ်မှု လား၊ လိမ်နေတာ အားလုံးသိပါတယ် တမင် မသိဟန်ဆောင်နေကြတာပါ
    ဒေါ်စု နဲ့ သိန်းစိန် တွေ့တုန်းက ဗိုလ်ချုပ် ပုံကို ချိတ်ပြီးလုပ်စားထဲက သိကြတယ် -
    သတ်တိ ရှိ ရင် ရအဖ မအဖ တအဖ က သန်းရွှေပုံ ဖြုတ် ဗိုလ်ချုပ် နဲ့ သိန်းစိန် ပုံ ပြောင်းချိတ်ကြည့်ပါလား
    အရင် ဗိုလ်ချုပ် ပုံလေး ဆောင်ထားရင်တောင် စစ်ခွေး တွေက ဖမ်းကိုက်ကြတယ် မဟုတ်လား၊ စစ်တပ် ထဲမှာ ပြည်သူကို ချစ်တဲ့ ပြည်သူ့စစ်သား မပေါ်သမျှ စစ်တပ်က ဖောက်ပြန် ပျက်စီး နေအုန်းမှာပဲ တိုင်းပြည်လဲ တရုပ် ကို ၀ကွက်အပ် ဂျောက်ထဲကြမှာပဲ.. စောင့်ကြည့် ဗိုလ်ချုပ်ရဲ့ စကားတွေ မှန်တာကိုတွေ့လိမ့်မယ်၊ ကိုယ့်ကိုကိုယ် အဟုတ်ကြီး ထင်နေတဲ့စစ်တပ်၊ ဦးဏှောက်ပျက်နေတဲ့ စစ်တပ် ဘယ်တော့မှ ပြန်ကောင်းဖို့ မမြင်တော့ဘူး၊ ဗိုလ်ချုပ် မွေးမြူခဲ့တဲ့ ခလေး အခု သူခိုး ဒါးမြ မကောင်းဆိုးဝါး ဖြစ်နေတာ နှမြော ရင်နာပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved