Facebook ဂျာနယ်ကပါ

Friday, October 14, 2011



ဖေ့စ်ဘုတ်မှာ Kyaw Zay Win က သူကြုံခဲ့ရတဲ့ ဟာသကို ခုလို ရေးထားပါတယ်။


ဖွတာတော့မဟုတ်ပါဘူး ... မနေ့က အိုးဘိုမှာထောင်ရှေ့ တံခါးဝမှာ ဖြစ်ပျက်သွားတဲ့ ဟာသလေးတစ်ခုပါ။ အကျဉ်းထောင်က ဝါဒါတစ်ဦးက မေးတယ် ... “မင်းဘယ်ဂျာနယ်ကလဲ” တဲ့။

သူကလည်း ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တယ် ... “ကျနော်က Facebook ဂျာနယ်ကပါ” တဲ့။ ဝါဒါကလည်း “ဟုတ်လား” ဆိုပြီး တံခါးဖွင့်ပေးလိုက်တယ်...။ အဲဒီအချိန်မှာ အတွင်းထဲက မီဒီယာတွေ ပါးစပ်ဟောင်းလောင်းနဲ့ ရယ်ရမလို ရုပ်တည်ကြီးပဲ နေရမလိုလိုတွေ ဖြစ်ကုန်တယ် ...။ ဟေ့လူ နောက်တစ်ခါဆိုရင် ထပ်ပြောလိုက် “ကျနော် Google + ဂျာနယ်ကပါ” လို့ ...။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved