ဘယ်နေရာကို Focus ဖြတ်မလဲ????

Monday, October 17, 2011

ကင်မရာသမားတိုင်း အများဆုံးကြုံနေရတာကတော့ Auto Focus တွေဟာ ကလေးတွေနဲ့ တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်တဲ့အခါမှာ အလုပ်မလုပ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တချက်ကလေးမှ အငြိမ်မနေကြလို့ပါပဲ....။

ကဲ သူတို့တွေကို Focus အမိအရ ဖမ်းမိအောင် ဘယ်လိုရိုက်ကြမလဲ...???။

အခုဖော်ပြမယ့် Technology လေးကတော့ ရိုက်ပြီးသား ဓာတ်ပုံလေးတွေကို ကိုယ့်စိတ်ကြိုက် Focus ပြန်ယူနိုင်အောင် ဖန်တီးနိုင် မယ့်၊ ရိုးရိုးကင်မရာတွေမှာ တပ်ဆင်မထားတဲ့ အထူးတလည် ပြုလုပ်ထားပြီး Light Field Sensor တွေတပ်ဆင်ထားတဲ့ DSLR ကင်မရာတွေကို မကြာတော့တဲ့ ကာလမှာ ထုတ်လုပ် ရောင်းချတော့မယ်လို့ သိရပါတယ်။

အောက်ကဓာတ်ပုံများမှ ကိုယ်ကြိုက်တဲ့နေရာ အားကလစ်လိုက်ပါ သူအလိုလို Focus ဖြတ်ပေးပါလိမ့်မယ်။






6 comments :

  1. Anonymous said... :

    မိုက်တယ်ဗျာ

  1. Anonymous said... :

    ကျနော်လဲ ကင်မရာ အပျော်တမ်းသမား တယောက်ပါ၊ ဒါပေမယ့် ဒီလို Auto Focus ပေးတာ မကြိုက်ပါဘူး၊ manual focus လုပ်ယူတာ အကောင်းဆုံးပါ၊ စက်အချိန်အဆနဲ့ လူသား အချိန်အဆက အများကြီး ကွာသလို ပညာသား အများကြီး ပါပါတယ်၊ ဒီလို စက်တွေသာ နေရာတကာမှာ နေရာယူကြေးဆိုရင် လူသားတွေ ဦးနှောက်မရှိရာ ကျပါတယ်၊ auto focus သာ သုံးတတ်ရင်တော့ သုံးမနေပါနဲ့၊ လူထွင်ထားတဲ့ စက်ကို လူမနိုင်ရင်တော့ မသိဘူးပေါ့။

  1. Anonymous said... :

    WOW .. That's awesome.
    But I can't think how can it readjust the focus point.
    My AI Servo is working very well for my sports and very fast movement shots. If this technology will work that well, I think we don't need a Camera man.
    Just point and shoot and later readjust the focus point.

  1. Anonymous said... :

    Amazing!

  1. အောင်သူရိန် said... :

    ကောင်းလိုက်တာဗျာ ဒါပေမယ့် တိုးတက်လာတဲ့ နည်းပညာနောက်ကို ကျွှန်တော်တို့ မြန်မာလူမျိုးတွေ လူတိုင်းလူတိုင်း မလိုက်နိုင်တာကိုတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ အခုဒီစာရေးလိုက်တဲ့ ကျွန်တော်ကိုယ်တိုင်တောင် မီအောင်မလိုက်နိုင်သေးဘူးလို့ ယူဆမိပါကြောင်း။ ကျွန်တော်တို့ပြည်သူတွေ ဘယ်တော့များ နည်းပညာကိုတန်းတူ ရင်ဘောင်တန်းလိုက်နိုင်မှာပါလိမ့်။ အဲဒီအချိန်တွေကို မြန်မြန်ရောက်နိုင်ပါစေလို့ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

  1. Anonymous said... :

    ဒါတကယ့်ဟာမှ မဟုတ်တာ Focus မတူတဲ့ ပုံနှစ်ပုံကို ပြထားတာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved