KIO ဒေသကို ဘာကြောင့် ထိုးစစ်ဆင်သလဲ

Monday, October 3, 2011

.....




ဧရာဝတီ အယ်ဒီတာ အော်ဇော်၊ ကချင်သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်း၊ ဧရာဝတီ သတင်းထောက် ဝေမိုး တို့က
KIO ဒေသ ထိုးစစ်များအကြောင်းကို ဒီတပတ် DATELINE IRRAWADDY မှာ ပြောဆိုထားကြပါတယ်။







.....

2 comments :

  1. (အပြည့်အစုံကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။)


    ၁၉၆၂ -နှစ်ဖေါ်ဝါရီလမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာ(ဗမာ)မပါဘဲ တိုင်းရင်းသားတွေက ပြည်ထောင်စု (စစ်စစ်)မူ / ရှစ်ပြည်နယ်မူကို တင်ဖို့လုပ်လာတော့ ဒီကိစ္စကို အခွင့်ကောင်းယူပြီး ဦးနေ၀င်းက အာဏာသိမ်းလိုက်တာပါဘဲ။

    အဲဒီ အချိန်က အမြင်မှန် မရှိခဲ့တဲ့ ဗမာမျိုးချစ်ခေါင်းဆောင်တွေ ကြောင့် လက်ရှိ ဆင်းရဲ မွဲတေမှုတွေ ရင်ဆိုင်နေရတာပါ။ ဒါက ငြင်းမရတဲ့ သက်သေပါပဲ။

    မျှတတဲ့ အုပ်ချုပ်ခွင့် ပေးခဲ့ကြရင် စစ်ပွဲတွေ ဖြစ်နေမှာ မဟုတ်ပါဘူး။ KNU ပေါ်လာမှာ မဟုတ်ပါဘူး။ SSA ပေါ်လာမှာ မဟုတ်ပါဘူး။ KIA ဖြစ်လာမှာ မဟုတ်ပါဘူး။ ဗမာ့တပ်မတော်ကြီးလည်း ပြိုကွဲခဲ့မှာ မဟုတ်ပါဘူး။

    ၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှာ ဝန်ကြီးချုပ်ဦးနုက ဗမာမျိုးချစ် စိတ်နဲ့ဗုဒ္ဓဘာသာကြည်ညို စိတ်တွေကြောင့် အစွန်းရောက်ခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ကောင်းကောင်းမလုပ်ကြပဲ ကိုယ့်လက်ထဲ ရှိတဲ့ တပ်နဲ့ အနိုင်ယူ ချေးမှုန်းရေး လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ် တာတွေ လုပ်ခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံလိုက်တာနဲ့ ဗုဒ္ဓဘာသာ ဖြစ်သွားတာ မဟုတ်ပါဘူး။ သောတာပန်မဖြစ်သေးသမျှ ဗုဒ္ဓကို တကယ် ယုံကြည်သူ မဟုတ်သေးပါဘူး။

    ရလာဒ်အဖြစ် ဗမာ့တပ်မတော်ကြီး ပြိုကွဲပါတယ်။ ကွန်မြူနစ်တွေ အဖြစ်တောခိုကြပါတယ်။

    အင်္ဂလိပ် ပရောဂကြောင့်လို့ ပြောတာတွေ ဟာ အမှားတွေပါ။ ကိုယ့်အချင်းချင်း မညီညွတ်လို့ ကွဲပြဲကြတဲ့ ကိစ္စကို မဆိုင်သူကို ဆွဲထည့်စရာ မလိုပါဘူး။ ကိုယ့်ကြောင့် ကွဲတာကို သူ့ကြောင့်လို့ လက်ညှိုးထိုး ရှောင်လွှဲတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။

  1. ခရုကလေး said... :

    ကို အော် ဇော် လား။ :D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved