NLD မှတ်ပုံတင်တော့မှာလား

Monday, October 3, 2011


ဒီနေ့ ကျင်းပတဲ့ NLD အလုပ်အမှုဆောင်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အစည်း အဝေးမှာ အဓိက ဆွေးနွေးဖြစ်တာကတော့ ပါတီ မှတ်ပုံတင်သင့်၊ မတင်သင့် ကိစ္စဖြစ်တယ်လို့ သိရပါတယ်။ မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတဲ့ ဆုံးဖြတ်ချက် မကျသေးဘဲ သမ္မတနဲ့ ထပ်တွေ့ပြီးမှ ဒီကိစ္စ ဆုံးဖြတ်ချက်ချမယ်လို့ သိရပါတယ်။ မြစ်ဆုံဆည် ရပ်ဆိုင်းထားမယ့် ကိစ္စကိုတော့ NLD က ကြိုဆိုတယ်လို့ မီဒီယာတွေကို ပြောပါတယ်။ NLD ပြောခွင့်ရတဦးဖြစ်တဲ့ ဦးအုန်းကြိုင်ကတော့ ပါတီ မှတ်ပုံ တင်ရေး မတင်ရေး အကြောင်းကို အခုအချိန်မှာ ဘာမှ မပြောချင်သေးဘူးလို့ ဆိုပါတယ်။

19 comments :

  1. အင်န်အယ်ဒီ မှတ်ပုံတင်ကိတ်စ မကြာခင် ဘလောက်တချို့  သတင်းအချို့ ။ ဗျူးတချို့ မှာ ဝေဖန်သုံးသပ် မကောင်းပြောတာတွေ မမြင်မကြားရခင်လေးမှာ ကြိုပြောချင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့  လိုအပ်လာရင် အသုံးချခံတာကအစ။ နိုင်ငံရေးသေရုံမက နိုင်ငံရေး အ၀ိစိပဲရောက်ရောက် လုပ်သင့်လုပ်ထိုက်တယ်လို့  ဒေါ်စုတို့ သတ်မှတ်ရင် မှတ်ပုံတင်တာပဲဖြစ်ဖြစ် လုပ်ရမှာမို့  အင်န်အယ်ဒီ နဲ့ ဒေါ်စုအပေါ် အကြွင်းမဲ့ ၀န်းရံပေးကြပါလို့ ကြိုပြောထားချင်သပါ့၊

  1. သူရ said... :

    NLD က တရားဝင် မှတ်ပုံတင်မယ်ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကို ထောက်ခံတဲ့သဘောလား။ ရွေဂုံတိုင် စာတမ်းဆိုလားဘာဆိုလား အဲဒါရောဘယ်ရောက်သွားတုံး။ ဘာတဲ့ ဒုတိယ ပင်လုံညီလာခံ ရောဘယ်ချောင်မှာသွားထိုးထားတုံး။
    ဝါးဟားဟား အလကား အာဖျံကွီးတွေ။

  1. Khun Oh said... :

    အခုအချိန်မှာ ပါတီမှတ်ပုံတင်ဖို့  စောပါသေးတယ် လို့ ရှေးဦးစွာပြောလိုပါတယ်။၊ မိမိပါတီကို ပြန်လည် အားကောင်းလာဖို့ နဲ့  လူထုစည်းရုံးရေးကို အားစိုက်အင်စိုက်လုပ်ဆောင်ရင်း လက်ရှိ အစိုးရဟာ တိုင်းပြည်အပေါ် ဘယ်လောက်စေတနာမှန်သလဲဆိုတာကို လေ့လာစောင့်ကြည့်ရင်း အခုအနေအထားနဲ့ ဘဲ အားနည်းချက်များကိုတွေ့ လာရင် ဝေဖန်ထောက်ပြပြီး ကိုယ့်ပါတီကို သူတို့ ဘယ်လောက်သဘောထားကြီးကြီးနဲ့ နားလည်မှုပေးနိုင်မလဲဆိုတာလည်း ဆန်းသပ်ကြည့်ရအုံးမှာဖြစ်ပါတယ်၊ ပြီးတော့ ဒီအစိုးရအနေနဲ့  စစ်တပ်ကို ဘယ်လောက်ထိန်းချုပ်လာနိုင်မလဲဆိုတာ ကိုလည်း စောင့်ကြည့်ရင်လိုပါသေးတယ်၊ ၂၀၀၈ ဖွဲ့ စည်းပုံမှာ တပ်မတော်က အချိန်မရွေး အာဏာသိမ်းခွင့်ရှိ နေတဲ့အပေါ်မှာလည်း စိုးရိမ်ရတဲ့အနေအထား တစ်ရပ်ပါဘဲ၊ လက်နက်ကိုင် တော်လှန်နေတဲ့ အင်အားစုတွေကလည်း ဒါကိုစိုးရိမ်နေတာဖြစ်ပါ တယ်၊ ဒါကြောင့် ကျနော်အနေနဲ့  နောက်ဆုံး အကြံပြုလိုတာက လက်ရှိအစိုးရအမြဲတမ်းပြောပြော နေတဲ့ သူတို့ သည် လသားသာသာလေးသာရှိသေး တဲ့ နုနယ်တဲ့အစိုးရဖြစ်တယ်ဆိုတာကို မမေ့ထား သင့်ဘဲ အနိမ့်ဆုံး အစိုးရသက်တမ်းထက်ဝက်ကျော် လောက်အထိ စောင့်ကြည့်ပြီးမှသာ ပါတီမှတ်ပုံတင် သင့်ပါကြောင်းအကြံပြုအပ်ပါသည်၊


    ခွန်အိုး (ပြည်ထောင်စုရဲဘော်)

  1. loot lat thu said... :

    သူရ ဆိုတဲ့သူ ရေ သူများတွေကို ပြောချင်ရင် ကိုယ့်ကိုယ့်ကို အရင်ဆန်းစစ်ကြည့်ပါဦး ကိုယ်တိုင်ကဘာလုပ်နိုင်လဲလို့

  1. Anonymous said... :

    အန်တီစုနဲ့  ခေါင်းဆောင်များရှင့်

    NLD ရဲ့  ဦးဆောင်မှုနဲ့  ၂၀၀၈ ရော ၂၀၁၀ မှာပါ ရွေးကောက်ပွဲတွေကို တိုင်းပြည်
    နဲ့ လူမျိုးကောင်းစားဖို့ လို့ မယုံကြည်ဘဲ့ သပိတ်မှောက်ခဲ့ကြတဲ့  ပြည်သူအများစုကြီးရဲ့ ဆန္ဒနဲ့ ယုံကြည်မှု ကိုတော့  ဆက်လက်လေးစားပေးပါရှင့်။

    မှတ်ပုံတင်တော့မယ်ဆိုရင်လည်း ပြည်သူတွေ နားလည်လောက်အောင် အကျိုး အပြစ်တို့ ကို ချပြပေးကြပါရှင့်။ နောက် အဲဒါကို ယုံမယုံ ကွင်းဆင်းစုံစမ်းကြည့်ကြပါဦးရှင့်။

  1. Anonymous said... :

    ၂၀၀၈ ဥပဒေကိုဆန့်ကျင်ခဲ့တာနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်ခဲ့တာရှင်းပါတယ်၊ သဘာကျလည်းကျပါတယ်၊ စစ်အစိုးရနဲ့ တရားဝင်ဘာဆက်ဆံမှု၊ ဆွေးနွေးမှုမှ မရှိဘဲနဲ့ ၀င်ပြိုင်စရာအကြောင်းမရှိခဲ့ဘူး၊ ခုဟာက သမ္မတနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးပြီးမှ ဖြစ်ပေါ်လာတဲ့ကိစ္စဖြစ်တယ်၊ သူတို့နှစ်ဦးတွေ့ဆုံမှုမှာ ဘာတွေသဘောတူထားကြတယ်ဆိုတာ သေချာမသိရပေမယ့် ကြီးမားတဲ့သဘောတူချက်တွေရှိနိုင်တယ်ဆိုတာ ဒေါ်စုရဲ့ ရပ်တည်ချက်တွေက သက်သေပြနေတယ်၊ ဒါဆို ဘာလို့ ပြည်သူကို ထုတ်မပြောလဲလို့ မေးချင်သေးလား၊ “အခုပြောလိုက်ရင် နောင်ပြောရမယ့်ဟာတွေ ဖြစ်မလာမှာစိုးတယ်“ ဆိုတဲ့ ဒေါ်စုရဲ့စကားက အဖြေပဲ၊ ဒီစကားရဲ့အတိမ်အနက်ကို နားလည်ဖို့ကြိုးစားပါ၊
    ဘာပဲလုပ်လုပ် ယုံကြည်မှုကို အရင်တည်ဆောက်ပြီးမှ လုပ်လို့ရတယ်၊ ၁၉၉၀ ခုနှစ်ရွေကောက်ပွဲရလာဒ်အကောင်အထည်မဖော်နိုင်ခဲ့တာဟာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ကင်းမဲ့ခဲ့တာကြောင့်လို့ ပြောရင် ရာနှုံးပြည့်မဟုတ်ပေမယ့် မှန်တယ်လို့ ပြောလို့ရတယ်။

  1. Anonymous said... :

    အခက်အခဲတွေ ဒုက္ခတွေ များစွာနဲ့ရပ်တည်နေလာတဲ့ NLD ကို အင်တာနက်မှာ Comment လေးတွေရေးပြီး ကိုယ့်ကို ကိုယ် နိုင်ငံရေးသမားယောင်ယောင်လုပ်နေတဲ့လူတွေက မှတ်ပုံတင်/မတင် ကိစ္စကိုဝေဖန်နေတာ အံ့သြပါရဲ့ဗျာ။

  1. Anonymous said... :

    ဘယ်သူတွေဘာပဲပြောပြော တို့ကတော့ မသေခင် ကုလားထိုင် ရရယ်ကျေနပ်ပြီ.
    ဟိဟိ....၊ တို့နောက်လိုက်ချင်ရယ်လိုက်ခဲ့ကြနှော်..... မောင်လေ တစ်လုံး မမတစ်လုံ၊... အစ်ကိုကြီး တစ်လုံး ညမလေး တစ်လုံး ...၊ အစ်မကြီးတစ်လုံး ညမလေးတစ်လုံး....၊
    ဟေ့! သူများ တွေ ကုလားထိုင် တစ်လုံးစီ သာရမယ်.. တို့က ၇ လုံးရတော့မယ်.. ပျော်လိုက်တာ....ပျော်လိုက်တာ...ဟိဟိ ...စိတ်မဆိုးရဘူးနှော်.. တို့တွေက ၀ါဒကြီးတွေ..... ငယ်ငယ်လေးတည်းက .. သူများတွေထက် အပိုရမှ ကျေနပ်တာ....

  1. Anonymous said... :

    မြန်မာနိုင်ငံရဲ့ ပြည်သူပြည်သားတွေရဲ့ အကျိုးအတွက်ရပ်တည်နေတဲ့ NLD မှတ်ပုံတင် သင့်ပါတယ် ။ ဘာစွဲညာစွဲတွေဘေးချိတ် ။ အဓိက က ပြည်သူ အကျိုးပဲ ။ NLD ရပ်တည်နေတာလဲ ဒီရည်ရွယ်ချက်ပဲထင်ပါတယ်

  1. စိုးထွန်း said... :

    အပြုသဘောမဆောင်တဲ့၊ ပြောချင်ရာကို အခြေအမြစ်မရှိပြောတဲ့ "သူရ" ...

    NLD က အခု မှတ်ပုံတင်တော့မယ် ပြောနေတာ မဟုတ်ဘူးလေ။

    မှတ်ပုံတင်ဖို့ စဉ်းစားဆွေးနွေးနေတုန်း။ ဦးသိန်းစိန်နဲ့ ထပ်တွေ့ပြီးမှ ဆုံးဖြစ်မယ်ဆိုကတည်းက ညှိ့နှိုင်းဆွေးနွေးစရာတွေ ရှိနေသေးတယ်ဆိုတာ အသိသာချည်းပါ။

    နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်တာကို ပြောပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်ရှိတယ်။

    ဒါပေမယ့် အခုလို ပညာမဲ့သော၊ ယဉ်ကျေးမှုမရှိသော၊ barbarian လို ပြောဆိုတာမျိုးကတော့ အင်မတန်မှ သင့်တော်သော လုပ်ရပ်မဟုတ်ပါ။

  1. Anonymous said... :

    2008 အခြေခံဥပဒေကို လူထု အားနှင့် ပြန်ပြင်မယ် ၇၆ ရာနှုန်းရရင် ပြင်လို့ ရပြီး။ စစ်တပ်က တစ်ယောက်ကို ကျုပ်တို့ မစည်းရံးနိုင်ရင် အဲ ဒါကျုပ်တို့ ညံ့လို့ ပဲ ဥပမာ အင်္ဂလိပ်ဝင်သိမ်းတုန်းက ဘာတဲ့ သူ့ နိုင်ငံသား သံမှုန့် စားမှ ငတို့ ဒါးတုံးမလေး ဘာလေးနဲ့ အင်္ဂလိပ်က ဒါးနဲ့ မတိုက်ဖူး လေယဉ်ပျံနဲ့ ဗုံးဝင်ကျဲ တာ ကုန်ရော ဘာမှတောင် မလုပ်လိုက်ရဖူး ကျုပ်တို ဗမာတွေ မျက်စိပွင့် ကြပါ။ လှေနံကို ဒါးထစ်ပြီး ဆွဲကြိုးပျောက်ရှာသလို လုပ်နေရင် ဆံဖြူပြီး သွားကြိုးလို့ ကျဉ်ပွင့်အတက်ပေါက်ကုန်မယ် ဗမာတွေ နိုင်ငံတကာအလည်မှာ ကျွန်ဘ၀လွတ်မှာမဟုတ်ဖူး။ ဖာနိုင်ငံဘ၀က လွတ်မှာမဟုတ်ဖူး။ တိုင်းပြည်ပြောင်းလဲချင်ရင် အရင်ဆုံးမိမိကိုယ်ကို အရင် မိမိတွေးခေါ်မှုကို အရင်ပြောင်းလဲဖို့ လိုတယ်

  1. ရဲဝင်း said... :

    NLD ကိုမေးချင်ပါတယ် အခုလို စိတ်ကူးမျိုးရှိနေရင် ဘာဖြစ်လို့ အချိန်အကြာကြီးကြမှ အကောင်အထည်ထဖော်ရတာလည်း ဟိုအရင် ၁၅ နှစ်လောက်ထဲက တိုက်မနေတော့ပါဘူး ပူးပြီးခွဲယူကြမယ် ဆိုပြီး လုပ်ခဲ့ရင် ထောင်ထဲမှာ ဘဝပျက်ခဲ့တာတွေ၊ တောထဲမှာ တိုက်ရင်းသေဆုံးခဲ့ ရတဲ့ အသက်တွေ စစ်ပြေးဖြစ်ပြီး ဒုက္ခသည် စခန်းမှာ မဝရေစာ စားပြီး ခြိမ်းချောက်ခံနေရသူတွေ၊ သူများနိုင်ငံမှာ တရားမဝင် အလုပ်သမား ဘဝနဲ့ နှိပ်စက်မှု မျိုးစုံ ခါးစည်းခံရင် ဘဝ ပျက်ခဲ့ရတဲ့  လူငယ်တွေ၊ မိန်းမပျိုတွေ၊ ကလေး အလုပ်သမားတွေ စသည့် စသည့်  ပြသနာပေါင်းစုံ ကို အရင်ထဲက ရှင်းပြီးသား ဖြစ်မသွားဘူးလား အခုမှ မနိုင်မှန်းသိလို့  ချော်လဲ ရောထိုင် လုပ်နေတာ ပြည်သူတွေကို ကောင်းစားစေချင်တယ် ဆိုပြီး ပြောနေပေမဲ့  မှတ်ပုံတင်ပြီး ရွေးပွဲပြန်ဝင်ရင် တသက်လုံး အသံကျယ်ကျယ် အော်နေတဲ့  ၉၀ ရွေးပွဲ ရလာဒ်ဆိုတာကြီး ဘယ်မြောင်းထဲ ပြစ်ချလိုက်မှာလည်း? အသဲကြားက မဲတပြားတဲ့  နောက်ထပ် ဘာတွေ ထပ်ညာပြီး နောက်ထပ် မဲတွေ ဆွယ်ဦးမှာလည်း?

  1. Anonymous said... :

    သူလဲ သာမန်အမျိုးသမီးဘဝ နဲ့ နေချင်အုန်းမပေါ့။
    သူ့ပါတီအရေးသူ ပူပန်ဒါမပြောလိုပါ။
    တို့တိုင်းရင်းသားလဲ တို့လမ်းစဉ်အတိုင်းဆက်သွားရုံပေါ့။
    သူ့အိပ်ဖွင့်ပေးစာမှာလဲတိုင်းရင်းသားများကြောင့် ပြည်တွင်း စစ်ဖြစ် နေတလို၊သူ့အမျိုးတွေ ထိုးစစ်ရပ်ဖို့ တော့မဟ
    ဘူးလေ။

  1. ၂၀၀၈ ဖွဲ့စည်းပုံပဲဖြစ်ပါစေ၊ ရွှေဂုံတိုင်ကြေငြာစာတမ်းပဲဖြစ်ပါစေ၊ ကျွန်တော်တို့အနေနဲ့အားလုံးကိုတသမတ်တည်းဆုပ်ကိုင်ထားလို့မရဘူးဆိုတာပြောချင်ပါတယ်။
    အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး ချမှတ်ထားတဲ့မူဝါဒနဲ့မသွေဖီဘူးဆိုရင် အလိုက်သင့်ပြောင်းလဲလုပ်ဆောင်သင့်ကြောင်း ပြောကြားပါရစေ။

  1. loot lat thu said... :

    ရဲဝင်းဆိုတဲ့သူရေ NLD ကိုမေးချင်ရင် အင်တာနက်ပေါ်က မမေးဘဲနဲ့ ရွှေဂုံတိုင်ရုံးကို ကိုယ်တိုင်သွားမေးပါလား...ကိုယ်တိုင်ဘာလုပ်ပြနိုင်လို့လဲ ကီးဘုတ်ပေါ်ကဝေဖန်တာကို နိုင်ငံရေးလို့မထင်နဲ့နော် သတ္တိရှိရင်ကိုယ်တိုင်ဝင်လုပ်လိုက်

  1. နိုင်သူ said... :

    ကျနော်ကတော့ နိုင်ငံရေးသမားလဲ မဟုတ်ပါ။။။ နိုင်ငံရေးကိုလဲ နားမလည်ပါ...။
    ဒါပေမဲ့ ကျနော်သိချင်စရာလေးတခု ပေါ်လာလို့  ရိုးသားစွာဖြင့် မေးချင်ပါတယ်။။
    ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့  ပါတီမှတ်ပုံတင်တာ...မတင်တာနဲ့ ဆိုင်လို့ လား။ ကျနော်ထင်တာက ပါတီမှတ်ပုံတင်ထားရင် နိုင်ငံရေးလုပ်တဲ့အခါ လူထုစည်းရုံးရေးနဲ့ အခြားပါတီလှုပ်ရှားမှုတွေမှာ တရားဝင်ပြီး လွတ်လွတ်လပ်လပ်လုပ်နိုင်မယ်လို့ ထင်တယ်။ ပါတီမှတ်ပုံတင်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို လက်မခံလို့  ရွေးကောက်ပွဲ မ၀င်ပဲနေရင်ကော မရနိုင်ဘူးလား..ဆိုတာ သိချင်ပါတယ်ခင်ဗျ...သိသူများရှိရင် ကျေးဇူးပြုပြီး ဖြေပေးစေချင်ပါတယ်...

  1. Anonymous said... :

    ဘာတွေ ဘယ်လို ပြောနေပါစေ။ ဒေါ်အောင်ဆန်းစုကြည် ကို အပြည့်အဝ ယုံကြည်တယ်။ သူ့ သမိုင်းကို လေးစားတန်ဖိုးထားတယ်။ လူထုအပေါ် မှာ ထားတဲ့ စိတ်ဓါတ် တိုင်းပြည်အပေါ်ထားတဲ့ စိတ်ဓါတ် နိုင်ငံတကာ ခေါင်းဆောင်တွေ ကိုယ်တိုင် ယုံကြည်မှု့ အပြည့်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ လက်ခံပါတယ်။ အကောင်းဆုံးကို အတက်နိုင်ဆုံး အသက်ပေးပြီး ဘဝပေးပြီး လျှောက်လှမ်းနေတဲ့ သူလို့  လက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ်ကို ယုံကြည်ပါတယ်။

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည်သည် အမြဲ ပြည်သူလူထု နဲ့ တိုင်းပြည် အတွက်ဘဲ စဉ်းစားမယ် ဆိုတာ လုံးဝ ယုံကြည်ပြီးသားပါ။ တိုင်းပြည်မှာ တရုတ်ရန်ကလည်း ရှိတော့ လုပ်သင့်လုပ်ထိုက်တာကို မြန်မြန်ဆန်ဆန် နဲ့ အကောင်အထည်အမြန်ဖေါ်ပြီး အားလုံး ချစ်ကြည် ကြပြီး မြန်မာပြည်ကြီးကို ပြန်လည် ထူထောင်ကြပါစို့ ၊ နောက်မို့  ဆိုရင် တရုတ်ကျွန်ဖြစ်လိမ့်မယ်။ တရုတ်ကျွန်တော့ အဖြစ်မခံနိုင်ဘူး။ အစိုးရနဲ့  အတိုက်အခံ ပေါင်းစည်းပြီး ပြည်သူပြည်သားတွေရဲ့ အကျိုးကိုဆောင်ရွက်ရင် ပြည်သူချစ်တဲ့ အစိုးရဖြစ်မှ တရုတ် အနိုင်ကျင့်တာ မခံရမှာပါ။

  1. Anonymous said... :

    ဘာလဲ ဘယ်လည်း မပြောချင်ပါဘူး...... ဒါပေမယ့် ကိုယ့်ယုံကြည်ချက်အတိုင်း ဆက်သွားစေချင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved