လူတယောက်ဟာ ရုပ်မြင်သံကြားကြည့်ဖို့အတွက် အိမ်တအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ Oregon ပြည်နယ် ရဲတွေက ပြောတဲ့အကြောင်း အမေရိကန် သတင်းတွေမှာ ရေးထားပါတယ်။ (ရဲတွေကတော့ အဲဒီလူရဲ့ ထွက်ဆိုချက်အတိုင်း သတင်းထုတ်ပြန်တာပါ။ အိမ်ထဲဝင်ရတဲ့ တခြားအကြောင်းရင်းလည်း ရှိနိုင်တာပေါ့။)
ရုပ်သံဝင်ကြည့်သူဟာ အသက် ၃၂ နှစ်အရွယ် Jason Leon Bastrom လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့ တနင်္ဂနွေနေ့မနက်တုန်းက အိမ်တခါး ဟနေတာမို့ သူက အိမ်ထဲဝင်ပြီး ရုပ်သံကြည့်နေတာလို့ PORTLAND မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အိမ်ထဲမှာ အမျိုးသမီးတယောက် ရှိနေပြီး လူတယောက် ၀င်လာသံ ကြားတဲ့အတွက် သူ့အမေကို ဖုန်းဆက်အကြောင်းကြားတယ်၊ သူ့အမေက အာဏာပိုင်တွေကို ထပ်ဆင့်အကြောင်းကြားတယ်လို့ ဆိုတယ်။
ပြီးတော့ တနေရာရောက်နေတဲ့ အိမ်သားတယောက်ကိုလည်း အိမ်မှာ လူစိမ်းဝင်နေကြောင်း လှမ်းဖုန်းဆက်ပါတယ်။
အဲဒီလူက အိမ်ကိုသွားပြီး ရုပ်သံကြည့်နေတဲ့သူကို ဆော်ပလော်တီးလိုက်တာ ခေါင်းမှာ အပြင်းအထန် ဒဏ်ရာရသွားတယ်၊ သတိလစ်သွားတယ်လို့ ဆိုတယ်။
နောက်ဆုံးတော့ ရဲတွေ ရောက်လာပါတယ်။ ရုပ်သံကြည့်သူကို ဆေးရုံပို့ ပြီးတော့ Multnomah ထောင်ကို ပို့ပါတယ်။
(သေနတ်တွေပေါတဲ့ အမေရိကန်မှာ ဒီ ရုပ်သံကြည့်သူ သေနတ်နဲ့အပစ်မခံရတာ ကံကောင်းလို့ ဆိုရမယ် ထင်ပါတယ်။
သတိလစ်အောင် အဆော်ခံရတဲ့အတွက် သူလည်း ပြန်ပြီး တရားစွဲနိုင်ပါတယ်။ နိုင်လို့ လျော်ကြေးရရင်တော့ TV ကြီးကြီးတလုံးဝယ်ပြီး ကြည့်နိုင်ပြီပေါ့။ )
.
အဟုတ်ဘဲဟေ့။ မသေတာ ကံကောင်းတယ်။