ကိုရီးယားလှိုင်းက ကမ္ဘာတ၀န်း အထူးသဖြင့် အာရှဒေသမှာ ပျံ့နှံ့နေတာ ၁၀ နှစ်ဝန်းကျင်တော့ ရှိပြီ။
အဲဒီလှိုင်းက တောင်ကိုရီးယားကနေ လာပါတယ်။
ရန်ကုန်ကဂျာနယ်တစောင်မှာ ကိုရီယားစာမျက်နှာတောင် သီးသန့်ဖွင့်ထားတယ်။
ကိုရီးယားမင်းသမီးမင်းသားအဆိုတော်တွေက တီရှပ်ပေါ် စာအုပ်အဖုံးပေါ် နဲ့ ကြော်ငြာတွေပေါ် ရောက်လာတယ်။
သူတို့ရဲ့ သီချင်းတွေ၊ ရုပ်သံဇာတ်လမ်းတွေကို အာရှ နိုင်ငံတိုင်းလိုလိုမှာ လွှင့်နေကြပြီ။
ကိုရီးယားမုန်ညင်းချဉ် ကင်မ်ချီကိုတောင်မှ တယ်ဟုတ်ပါလား ဆိုပြီး စားနေကြတဲ့ အထိ ကိုရီယားလှိုင်းထန်နေတယ်။
အာရှမှာ ကိုရီးယားယဉ်ကျေးမှု ကြီးစိုးနေတာ ဘာကြောင့်လဲ၊ မြန်မာပြည်မှာ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေ ခေတ်စားနေတာ ဘာကြောင့်လဲ။
အဖြေတချို့ကို ကြည့်ကြပါစို့။ (ကိုရီးယားအခန်းဆက်ရုပ်သံတွေအကြောင်း ပြောထားကြပါတယ်။)
ပေါ့ပေါ့ပါးပါးရှိပြီး လူတိုင်းလက်လှမ်းမီနိုင်တဲ့ အရပ်စတိုင်မျိုးရှိလို့လို့ ထင်တာပဲ။
သူ့ဖက်ရှင်က ပညာရှင်မလိုဘူး။
ဆိုင်တွေ ကနားတွေ သွားဖို့ မလိုဘူး။
အိမ်မှာတင် ကိုယ့်ဖာသာ လက်ဆော့ကြည့်လို့ရတဲ့ ပုံမျိုးလေးတွေပါ။
လူထုနဲ့ နီးစပ်တယ်ပေါ့ဗျာ။
ကဗျာဆရာ နှင်းခါးမိုးhttp://www.nykomme.blogspot.com/
ရုပ်သံတွေက လွှင့်ပေးနေလို့ပေါ့။
ရှင်းနေတာပဲကို။
ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/
ကိုရီးယား ယဉ်ကျေးမှု အာရှမှာ လူကြိုက်များလာတာ ဘာကြောင့်လို့ ထင်လဲ။
မြန်မာပြည်မှာ ကိုရီးယားကားတွေပြတာ များပြီ။
မြန်မာတွေကလည်း ကိုရီးယားကားဆို ပိုကြိုက်နေကြပြီ။
ဒါကြောင့် မြန်မာပြည်မှာလည်း ကိုရီးယားယဉ်ကျေးမှု ပျံ့နှံ့နေတယ်လို့ ထင်ပါတယ်။
ချာချာ
Me N Ma Girls အဆိုအကအဖွဲ့
အာရှဆန်တယ်၊ တိုးတက်မှုတွေ တွေ့ရတယ်။
အနုပညာရှိတယ်။
မင်းသမီး မင်းသားတွေ ချောကြ လှကြတယ်။
Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာhttp://facebook.com/RonaldAungNaing
ကျမတော့ မကြိုက်ဘူး။
ဒါ့ကြောင့် မပြောတတ်ပါ။
ဘလော်ဂါ ခင်မင်းဇော်
http://khinminzaw.blogspot.com/
အခုကြည့်လက်စ ဇာတ်လမ်းတွဲလေးဆုံးရင်တော့ ဖြေနိုင်ကောင်းပါရဲ့။
ဘလော်ဂါ မင်းဒင်
http://www.mindin.info/
ကိုရီးယားတို့ရဲ့ ချစ်စရာမိသားစုစရိုက်လေးတွေကို ပေါ်လွင်အောင်ဖေါ်ပြနိုင်လို့ပါ။
ဇာတ်ရုပ်အားပြိုင်မှုကိုလည်း ပီပြင်အောင် သရုပ်ဖေါ်နိုင်ကြပါတယ်။
ခေတ်ဆန်ဆန် လှလှပပ သရုပ်ဆောင်မှုတင် အောင်မြင်တာမဟုတ်ပဲ ရှေးခေတ်နန်းတွင်းဇာတ်လမ်းတွေပါ အောင်မြင်တာဟာလည်း ဇာတ်ရုပ်ပီပြင်လို့ပါ။
ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/
မသိပါဘူး။ ကိုးရီးယားနဲ့ ပတ်သက်ပြီးတော့ ယဉ်ကျေးမှု အာရှမှာ ဘယ်လောက်ထိတောင် လွမ်းမိုးမှုရှိလဲ မပြောတတ်ဘူး။ မြန်မာပြည်မှာတော့ အိမ်တိုင်းလိုလို ကိုးရီးယား ရုပ်ရှင်ဇာတ်လမ်းတွေ လွမ်းမိုးမှု ခံထားရတာတော့ အမှန်ပဲ။
ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ
ကိုရီးယားဇာတ်လမ်းတွဲတွေ ပေါချောင်ကောင်းမို့ အာရှမှာ လူကြိုက်များတယ်။
ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/
လူကြိုက်အောင် လုပ်တတ်လို့ပေါ့။
ကိုရီးယားအစိုးရကိုယ်တိုင်က ရုပ်ရှင်ကို ယဉ်ကျေးမှုလက်နက်အဖြစ် အသုံးချနေတာပါ။
တင့်ကားတွေ၊ လက်နက်တွေ၊ စစ်လေယာဉ်တွေ မ၀ယ်ဘဲ ရုပ်ရှင်ဘက်မှာ အသုံးစရိတ်ကို အများကြီး သုံးပါတယ်။
ကာတွန်း ဘီရုမာ
http://beruma.blogspot.com/
.
အိမ်နီးချင်း စင်္ကာပူ၊ မလေးရှားလို နိုင်ငံတွေမှာ မြန်မာပြည်မှာလောက် ကိုရီးယားကားတွေကို အရူးအမူး မဖြစ်ကြပါ၊ ရုပ်ရှင်ရုံတွေ နိုင်ငံအနှံ့ မှာ အများအပြားရှိပြီး (Mega Mall တစ်ခုထဲမှာပဲ ၁၇ ရုံရှိ) ပုံမှန်အားဖြင့် ဟောလီးဝုဒ် ရုပ်ရှင်ကားတွေကို နိုင်ငံတကာနဲ့ တပြေးညီ ပြသတယ်။ ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ ၉၀% လောက်ကို ရုံတင်တာကြောင့် ပရိတ်သတ်တွေရဲ့ နိုင်ငံတကာရုပ်ရှင်နဲ့  ရင်းနှီးကျွမ်းဝင်မှု အဆင့်ပိုမြင့်ပါတယ်။ မြန်မာပရိတ်သတ် အများစုဟာ ကိုရီးယားကား၊ တရုတ်ကားလောက်ပဲ ကြည့်ဖြစ်တာကြောင့် ခုလိုဖြစ်နေတာလို့ မြင်ပါတယ်။ ခပ်ညံ့ညံ့ မြန်မာရုပ်ရှင်၊ ဗီဒီယိုများ ယခုအထိ မျိုးမတုံးတာ၊ ပေါချောင်ကောင်း ကော်ပီ သီချင်းများကို ယခုတိုင် အားပေးနေတာတွေဟာ မြန်မာပရိတ်သတ် အဆင့်နိမ့်နေတာကို ဖော်ပြနေပါတယ်။