ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ လုပ်မယ်

Monday, November 14, 2011

.



ဒေါ်အောင်ဆန်းစုကြည်က လွတ်ြေ
မာက်မှု တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ဒီလ ၁ ရက်နေ့ကတည်းက အများသိ ကြေညာထားပါတယ်။

ဒီနေ့ နေ့ခင်း ၁ နာရီမှာ ဖြစ်ပါတယ်။

မကြာခင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖွယ်ရှိတယ်၊ NLD က ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မှာလား ဆိုပြီး မေးနေကြ စိတ်ဝင်စားနေကြချိန်မှာ ဒီသတင်းစာရှင်းလင်းပွဲ အစီအစဉ် ပေါ်ပေါက်လာတာပါ။

NLD ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရက်ပိုင်းအတွင်း ညှိနှိုင်း ဆုံးဖြတ်တော့မှာပါ။

NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးရလဒ် ထွက်ပေါ်မလာခင် ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ဒီနေ့ ထုတ်ပြောဖွယ် ရှိပါတယ်။

ဒီနှစ်ထဲမှာ သမ္မတဦးသိန်းစိန်နဲ့ ၁ ကြိမ်၊ ၀န်ကြီးဦးအောင်ကြည်နဲ့ ၄ ကြိမ် တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က
ကြားဖြတ်ရွေးကောက်ပွဲ ၀င်မှာလား ???
ဒီလူ ၂ ဦးဆီက ဘယ်လို ကမ်းလှမ်းမှုတွေ အာမခံချက်တွေ ရထားသလဲ ???

ဒေါ်အောင်ဆန်းစုကြည်
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖွယ် ရှိတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက သတင်းဌာနတွေကို ပြောနေပါတယ်။

ဒီနေ့ နေ့ခင်း ကာယကံရှင်ရဲ့ အသံကို ကြားရမှာပါ။

ဒီနေ့ အခြေအနေက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ NLD ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့တူနေပါတယ်။

အဲဒီတုန်းကတော့ ရွေးကောက်ပွဲကို NLD သပိတ်မှောက်မှာလား လို့ အများက စိတ်ဝင်စားကြချိန်၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေချိန်ပါ။


မှတ်ပုံမတင်ရင် အစိုးရက NLD ပါတီကို တရားမဝင်ကြောင်း ကြေညာမယ်၊ မှတ်ပုံတင်ရင် ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ NLD က သဘောတူရမှာပါ။

၂၀၁၀ မတ် ၂၃ ရက်နေ့မှာတော့ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တက္ကသိုလ်ရိပ်သာလမ်းအိမ်ထဲက အသံ ထွက်လာပါတယ်။

NLD ကို နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်ခြင်း မပြုရန် အကျယ်ချုပ်ကျနေသူ ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေးလိုက်သည် လို့  NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

တပတ်အကြာမှာ ကျင်းပတဲ့ NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ပါတီ မှတ်ပုံတင်ခြင်း မပြုဖို့ ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ အစည်းအဝေးက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရသလို ရက်ပိုင်းအတွင်း ပြုလုပ်မယ့် NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကလည်း အင်မတန် အရေးကြီးပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ဖွယ်ရှိတဲ့ သဘောထားက လွှမ်းမိုးမှာ အသေအချာပါပဲ။

လတ်တလော ဧရာဝတီ ဘလော့ စစ်တမ်းတခု ကောက်နေပါတယ် - NLD ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် ဘယ်လိုသဘောထားမလဲ ဆိုတဲ့ စစ်တမ်းပါ။

လက်ရှိရလဒ်တွေအရတော့ မှတ်ပုံတင်ပါ၊ ရွေးကောက်ပွဲ ၀င်ပါ ဆိုတဲ့ သဘောထားက ပိုများနေတာကို တွေ့ရပါတယ်။




.

1 comments :

  1. Anonymous said... :

    တရားသော ဥပဒေ စိုးမိုးရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်

    ရည္မှန်းချက်ချမှတ်လုပ်ဆောင်ရမည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved