ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်
Monday, November 14, 2011
.
ပြည်သူ့ဂုဏ်ရည်ဆုရှင်တစ်ဦးဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ပြုလုပ်သော ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၄၁၁၊ မဟာဗန္ဓုလလမ်းရှိ ဧမာနွေလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၏ ၂၁ နှစ်မြောက် မဟာဓမ္မသဘင်ပွဲတွင် ယင်းသို့ လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဦးကျော်သူ (ခ) ဦးကျော်ဝင်း အား Doctor of Humane Social Services (D.H.S.S) ဘွဲ့၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား Master of Humane Social Services (M.H.S.S) ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပြီး သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ပေးအပ်ခဲ့သည်။ ထို့ပြင် ဆရာမကြီး ဒေါ်မေမေခင်အား Doctor of Divinity (D.D) ဘွဲ့ ပေးအပ်ခဲ့ပြီး ဒေါ်မော်မော် (စာရေးဆရာမ လမင်းအိမ်)၊ ဒေါ် Peggy Gyaw၊ ဒေါ် Rowena Hein တို့အား Master of Humane Social Services (M.H.S.S) ဘွဲ့များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဦးကျော်သူအား D.H.S.S ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ဧမာနွေလ နှစ်ခြင်းအသင်းတော်၏ သိက္ခာတော်ရဆရာတော်ကြီး ပေါလ်အက်ဖ် ဂျွန်စ် က “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကို ပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကို လုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရား တွေ့မှပဲ လူတွေက မျက်ရည်ကျတာ များတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာက တကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့အလုပ် ကိုကျော်သူက လုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား M.H.S.S ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို ‘မောင်တထမ်း မယ်တရွက်’ တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိ ဤဘွဲ့အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်ကြောင်း၊ နိုင်ငံတော်အစိုးရအား မိမိတို့ တဖက်တလမ်း လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့် ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်ခင်ဖေ ကလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါတယ်။ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျမ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကို အမြန်ဆုံး စည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျမ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများက ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် နှင့် မွေးနေ့ အထူးဖယောင်းတိုင်များ ထွန်းညှိဆုတောင်းခြင်း၊ ပရိသတ်များက ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့က ဓမ္မတေးများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ။
ပြည်သူ့ဂုဏ်ရည် အင်တာနက် စာမျက်နှာ - http://2011.citizenofburma.org/en/coba-press-release/2011-11-08-09-33-36/370-2011-11-14-01-00-38 ရှိ သတင်းကို ကူးယူ ဖော်ပြသည်။
.
11 comments :
  1. Anonymous said... :
    ဘာသာခြားကတော့ အသိအမှတ်ပြုတာ ဆုဘွဲ့ 
    ချီးမြှင့်တာဟာ ကိုကျော်သူရဲ့ ကြိုးစား ရိုသား မူ့ 
ေ၇ာင်ပြန်ဘဲ ကျွန်တော်တိုဘာသာကတော့
    သိတဲ့အတိုင်းဘဲ ပြောစရာမလိုတော့ပါဘူး။
  1. Anonymous said... :
    Good. They deserve it.
  1. Anonymous said... :
    လုံးဝကို ၀မ်းသာဝမ်းမြောက်ပါတယ်ဗျာ။ စိတ်တူကိုယ်တူ ပါရမီတူတဲ့ ဒီလင်မယားဟာ ကျနော်တို့ဘာသာနဲ့ ဆိုရင် သာဝကတွေဖြည့်ဆီးတဲ့ပါရမီမျိုးပါပဲ။ ဦးကျော်သူ ဆထက်ထမ်းပိုး နိုင်ငံနဲ့ လူမျိုးအတွက် အောင်မြင်စွာနဲ့ သယ်ပိုးနိုင်ပါစေ။
  1. Anonymous said... :
    အများအကျိုးအတွက် ဆောင်ရွက်သူတွေတွေကို ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်တဲ့ ဒီလိုအခမ်းအနားမျိုးမှာ ဘာသားရေး လူမျိုးရေးတွေ မပြောသင့်ပါ။ ပြီးတော့ ဦးကျော်သူဟာ "ဗုဒ္ဓဘာသာ" နဲ့ "ဗုဒ္ဓဘာသာကိုးကွယ်သူ" ကို သေသချာချာ ခွဲခြားသိမှာပါ။ ကိုယ့်ဘာသာက အသိအမှတ် မပြုခဲ့တာ မဟုတ်ပါဘူး။ နာမည်ခံ ဗုဒ္ဓဘာသာဝင်တွေက နားလည်းမပေးနိုင်ခဲ့တာပါ။ PFJ
  1. Anonymous said... :
    အထက်က အမည်မဲ့ပြောတဲ့စကားမှာ လူမျိုးခွဲတဲ့စကား တဲကျောသူပြောတာကို နားမလယ်တာလား မသိဘူးကျော်သူဆိုလိုတာက အဲအဓိပ္ပယ်မပါဘူးလေမိတ်ဆွေ။
  1. သီရိဒုံ said... :
    လူမျိုးမရွေး၊ဘာသာမရွေး တိုင်းရင်းသားညီနောင်ဖွား မြန်မာပြည်သားများအတွက်လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ ဦးကျော်သူတို့ဇနီးမောင်နှံကို ဘာသာခြားက အသိအမှတ်ပြု ဂုဏ်ပြုဆုချီးမြှင့်တာဟာ အင်မတန်မှ ဂုဏ်ယူစရာပါ။ ဦးကျော်သူရဲ့လူမှုရေးလုပ်ငန်းတွေ ဒီ့ထက် ဆထက်ထမ်းပိုးလုပ်ဆောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ ဦးကျော်သူရဲ့လူမှုရေးလုပ်ငန်းတွေကို အစဉ်လေးစားလျှက်ပါ။ အားပေးလျှက်ပါ။ ဂုဏ်ယူလျှက်ပါ။ ဘုရားသခင်ကောင်းချီးပေးပါစေ။
  1. Anonymous said... :
    "မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲ
    မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ
    ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း"
    ဦးကျော်သူကို ကျွန်တော်လည်းလေးစားပါတယ်။
    ကျွန်တော်က အထက်ပါကျေးဇူးတင်စကား
    ကိုပြောတာပါ။ ဥပမာ။ ခင်ဗျား Nobel ဆုရတယ်ထားပါတော့။ ဒီလိုကျေးဇူးတင်စကားမျိုး ခင်ဗျား ပြောဖြစ်မယ်မထင်ဘူး။ ကျွန်တော်က အပြစ်ပြောတာမဟုတ်ပါဘူး။ စဉ်းစားမိတာကို ပြောတာပါ။ PFJ
  1. MinAhPhay said... :
    I have decided to ' input ' my opinion in support of 09 38 AM 15 Nov 2011.
    ' Wording ' is very important in media.
    Assuming that ' the news' in Irrawaddy is right, the way Ko Kyaw Thu narrated is questionable.
    This is called in English ' paraphrase '. ( Correct me if I am wrong ) . That implies ' unnecessary - adverse outcome in between people ' . Words .. words .. words.
    Even so , it is very excusable and ignorable. for Ko Kyaw Thu.
    The above is written based on the fact the what Irrawaddy said in its news is ' correct ', not misinterpretation of reporter's words.....
    ' saying a word by high-profiled person is delicate and should be well-chosen' . Never ever 'impromptus' .
    Well ........I wish Ko Kyaw Thu very well and his success in everything he pursues.
    By the way, I am nobody with anybody. I know noone. Just FYI.
    Just giving my input. Cheers to all.
  1. Anonymous said... :
  1. Anonymous said... :
    ဇေကမ္ဘာCo.,Ltd ပိုင်ရှင် ဦးခင်ရွှေအား အထင်ကြီးလေးစားရပါတယ်!
    ၁။ မီဒီယာတွေကို မကောင်းမြင်သည့်ဘက်က ရှုမြင်ရေးသားကြသူများလို့ ပြစ်တင်ပြောကြား လိုလို့တော့မဟုတ်ပါ။
    ၂။ နိုင်ငံတော်က သွားနေတဲ့လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုလိုတဲ့ သဘောလို့ ပြောလိုလို့လဲမဟုတ်ပါ။
    ၃။ ကြံ့ဖွတ်အမတ် ဖြစ်လို့လဲမဟုတ်ပါ။
    ၄။ တချို့ပြောတာလဲ ကြားပါတယ်၊ ဒါကြီးကို အသက်ပေးပြီးကာကွယ်မယ်တဲ့။ အသက်ပေးစရာမလိုပါဘူး၊ တစ်ယောက်တစ်သိန်းထည့်ပြီး ထိန်းသိမ်းမယ်ဆိုရင် မထည့်ကြပဲ အသက်သာပေးကြမှာလို့ ပြောတာကို အရမ်းအရမ်းသဘောကျပါတယ်၊ ဒါကြောင့် အထင်ကြီးလေးစားပါတယ် ဦးခင်ရွှေ-အဲ့-ဟုတ်ပေါင် ဒေါက်ချာဦးခင်ရွှေ့။
    ဒေါက်ချာဦးခင်ရွှေကြီးကို မေးပါရစေ-ငွေတွေဒီလောက်ပေါနေရင် ဘာကြောင့်ကိုယ်တိုင် ကျောင်းသွားမတက်ပဲနဲ့ ဒေါက်ချာဘွဲ့ကို အဝေးသင်ယူရပါသလဲဗျာ၊ ကျောင်းနေစဉ် အရွယ်တုန်းက ဘာမှမရှိပဲနဲ့-ခေတ်ပျက်သူဌေး ဖြစ်တော့မှ ဟိုလူနဲ့တိုင်း ဒီလူနဲ့တိုင်း၊ မစလခေတ် ပျက်တုန်းက ရန်ကုန်-မော်လမြိုင် မှောင်ခိုကုန်ကူးကာလ၊ မော်လမြိုင်-ရန်ကုန် မှောင်ခိုခရီး ၃-၄ ခေါက်သွားတဲ့အသက် ၃၀ အရွယ် မှောင်ခိုမယ်လေသံမျိုးကြားရတော လေးစားပါတယ်လေးစားပါတယ်၊ THS လောက်အောင်လို့သာတော်တော့တယ်၊ လွတ်တော်အမတ်ဆိုလဲ လူကြီးလိုပြောပါဦး၊ လမ်းဘေးကလူလိုမပြောသင့်ဘူး။ကိုယ့်ကိုကိုယ် millionaire လို့ပြောတယ်၊ ဘယ်သူ့ပိုက်ဆံ နဲ့ချမ်းသာနေတာလဲ၊ တိုင်းပြည်ကို ဇောက်ထိုး မိုးမျှောဖြစ်အောင်လုပ်ခဲ့တဲ့ အောက်လမ်းဆရာ တွေနဲ့တွဲ၊ တိုင်းပြည် (ပြည်သူ့ဘဏ္ဍာ)ငွေတွေကို ထုတ်ချေးထားတဲ့ သူကများ၊ချေးထားတဲ့ ငွေတိုင်းပြည် ကိုပြန်ဆပ်ရမယ့်အချိန်ကျရင် အိမ်ပေါင်၊ အိုးပေါင်၊ သမက်ပါပေါင်ရမယ့်ကိန်း ဆိုက်ပြီး ခွက်ဆွဲတောင်းစားရမယ်ဆိုတာ ငါကိုယ်တိုင်မှမဟုတ်ဘူး ပြည်သူလူထုတစ်ရပ်လုံး သိတယ်၊ တိုင်းပြည်-ပြည်သူလူထုက လူကြီးတွေ (သမ္မတ၊ ဒုသမ္မတ) ဘယ်အချိန် ချေးထားတဲ့ငွေတွေ
    ပြန်ဆပ်ခိုင်းမလဲဆိုတာ စောင့်ကြည့်နေကြတာ၊ တော်တော်ဘ၀မေ့တဲ့လူပဲ၊ မဆလခေတ်က ဆည်မြောင်း(၉၇-၉၈)မှာ အင်ဂျင်နီယာမြေပိုင်းပြီး လွတ်တော်ဆောက်တဲ့ဆီမှာ လွယ်အိတ်တစ်လုံးနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်ခဲ့တဲ့ သူကများ သူခိုးတွေနဲ့ပေါင်းပြီး ခိုးထားတဲ့ငွေတွေနဲ့ ချမ်းသာလာတာကို မသိဘူးမှတ်နေလား၊ (ပြည်သူကိုစော်ကားတဲ့ သူပြည်သူ့မေတ္တာ ခံရလိမ့်မယ်)
  1. Anonymous said... :
    Dr. U Kyaw Thu...Remember Buddhist (monk) will never give you such Degree to you because it is "Pyintnyat " so dont be surprised...
    You will reap for what you sow..that's "Paramat"
    Anyway,you deserve it and please accept my heartfelt bid "Congratulations"
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved