(ဓာတ်ပုံ - ဧရာဝတီ)
ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန် အမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးတွေမှာ လူနာနဲ့ လူနာစောင့်တွေ ငွေလိမ်ခံရတာတွေ၊ ပစ္စည်းပျောက်တာတွေ မကြာခဏ ကြားနေရပါတယ်။
ငွေလိမ်တဲ့သူတွေဟာ လူနာစောင့် ဟန်ဆောင်ပြီးပဲဖြစ်ဖြစ်၊ ဆေးရုံဝန်ထမ်းဟန်ဆောင်ပြီးတော့ပဲဖြစ်ဖြစ် လူနာနဲ့ လူနာစောင့်တွေကို ခင်မင်အောင်၊ ရင်းနှီးအောင်လုပ်ပြီး ဆေးဝယ်ပေးမယ်၊ လိုအပ်တဲ့ ပစ္စည်းဝယ်ဖို့ ကူညီပေးမယ် စသဖြင့် ပြောဆိုစည်းရုံးပြီး ငွေတွေ လိမ်ယူသွားတာတွေကြောင့် ဆေးရုံတက်သူတွေမှာ တပူပေါ်နှစ်ပူဆင့် ကြုံကြရပါတယ်။
အဖြစ်အပျက်တခုမှာတော့ နယ်က ဆေးရုံလာတက်ရတာကြောင့် မလည်မ၀ယ်ဖြစ်နေတဲ့ လူနာစောင့်ကို ဆေးရုံအလုပ်သမား အယောင်ဆောင်ထားတဲ့သူတယောက်ဟာ ဆရာဝန်ညွှန်ကြားတဲ့ဆေးနဲ့ ဆေးပစ္စည်းတွေ ၀ယ်ပေးမယ်ဆိုပြီး ငွေတသိန်း လိမ်လည်ယူဆောင်သွားတာကြောင့် လူနာနဲ့ လူနာစောင့်ခမျာ ဘယ်ကိုတိုင်လို့တိုင်ရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိဖြစ်ရသလို ဆေးဝယ်ဖို့ အခက်အခဲဖြစ်သွားလို့ သူနာပြုဆရာမတွေနဲ့ အခြားလူနာရှင်တွေက ဆေးဝယ်ဖို့ ၀ိုင်းဝန်းကူညီလိုက်ရတယ်လို့ သိရပါတယ်။
ဒီလိုအဖြစ်အပျက်တွေကြောင့် လူနာနဲ့ လူနာစောင့်တွေ အနေနဲ့ သတိထားကြဖို့ မသင်္ကာတာတွေ့ရ ကြုံရရင် နီးစပ်ရာ ရဲစခန်းကို တိုင်ကြားဖို့ ရဲစခန်းဖုန်းနံပါတ်နဲ့တကွ အသိပေးနှိုးဆော်စာတွေကို ရန်ကုန်ဆေးရုံကြီးမှာ ကပ်ထားတာ တွေ့ရပါတယ်။
စာမှာပါတဲ့ ရဲစခန်းဖုန်းတွေက အလုပ် လုပ်မလုပ်နဲ့၊ ဖုန်းဆက်အကြောင်းကြားတာနဲ့ ချက်ခြင်းအရေးယူဆောင်ရွက်မှု ရှိမရှိကတော့ …
0 comments :
Post a Comment