ဗိုလ်ချုပ်နဲ့ ဒေါ်စုရဲ့ ပုံကားချပ်တွေ လွတ်လပ်စွာ ၀ယ်နိုင်ပြီ

Friday, November 11, 2011

.











ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှ ပုံကားချပ်များ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ပုံတွေရိုက်နှိပ်ထားတဲ့ ဗီနိုင်းကားချပ်တွေကို ရန်ကုန်မြို့လယ်လမ်းမတွေမှာ လွတ်လွတ်လပ်လပ်ရောင်းချနေကြတာဟာ ၁ လကျော်နေပါပြီ။
ဗိုလ်ချုပ်ဈေးရှေ့မှ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)

အင်္ကျီအ၀ါရောင်လေး ၀တ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်း ပုံရယ်၊ ဗိုလ်ချုပ်နဲ့ နှစ်ယောက်တွဲထားတဲ့ ပုံတွေကို လူကြိုက်ပိုများတယ်လို့ ပုံတွေရောင်းချတဲ့သူတယောက်က ပြောပြပါတယ်။ ဒီလိုပုံတွေကိုတော့ လူငယ်ပိုင်းတွေက ပိုမိုဝယ်ယူကြပြီး ဗိုလ်ချုပ်အောင်ဆန်း တယောက်တည်းပုံတွေကိုတော့ သက်လတ်နဲ့ သက်ကြီးပိုင်းတွေက ပိုစိတ်ဝင်စားကြတယ်လို့ ပြောပြပါတယ်။
အနော်ရထာလမ်းမှ အရောင်းဆိုင်တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)

အရွယ်အစားစုံ၊ ဒီဇိုင်းအစုံနဲ့ ပုံတွေ စထွက်ခါစတုန်းက ၀ယ်တဲ့သူတချို့ဟာ ဒီပုံတွေ ၀ယ်ဖို့ ကြောက်သလိုလို ဖြစ်နေကြပြီး ဈေးမေးတဲ့အခါမှာလည်း တိုးတိုးလေးပဲ မေးဝယ်တယ်၊ ပြီးတော့ ပုံတွေကိုလည်း အိတ်ထဲကို မြန်မြန်ဆန်ဆန်ပဲ ထိုးသွင်းကြတယ်လို့ ဈေးသည်တယောက်က ပြောပြပါတယ်။ အခုနောက်ပိုင်းမှာတော့ ၀ယ်သူတွေဟာ အရင်ကလို ကြောက်စိတ် သိပ်မထားတော့တာတွေ့ရတယ်လို့ ပြောပြပါတယ်။

ပုံတပုံကို ကျပ် ၁၀၀၀၊ ၁၅၀၀၊ ၁၈၀၀၊ ၂၀၀၀ အသီးသီး ဈေးရှိကြပါတယ်။ ပုံတွေ စထွက်တုန်းက တနေ့ကို ကျပ် ၅သောင်းကျော် အထိ ရောင်းရတယ်လို့ ဆိုပါတယ်။ အခုအချိန်ထိလည်း ရောင်းနေရဆဲဖြစ်ပြီး တနေ့ကို ကျပ် ၃သောင်းကျော်ဖိုးအထိ ရောင်းနေရတယ်လို့ ပြောပြကြပါတယ်။ တချို့လည်း ရောင်းအား မကျသေးဘူးလို့ ဆိုတယ်။




.

3 comments :

  1. Anonymous said... :

    ဧရာဝတီ ဘလော့နဲ့ဖေ့စ့်ဘွတ်ခ်မှာ လူမုန်းများနေတဲ့ အောင်ဆန်းပုံများ အရောင်းသွက် ဆောင်းပါးရဲ့ ခေါင်းစဉ် ပြင်လိုက်ပြီ ထင်တယ်။ပြည်တင်းရင် အယ်ဒီတာမင်း မခံနိုင်ပြီ။ပြုပြင်ပေးတာ အပေါင်းလက္ခဏာပါ။

  1. Anonymous said... :

    တချို့ပုံတွေက မြန်မာပြည်မှာ ရိုက်တာမှ ဟုတ်ရဲ့လားလို့။
    မလေးရှားမှာ...ထိုင်းနိုင်ငံ မဲဆောက်ဈေးမှာ ရိုက်တာများလားလို့။ခေါင်းမြီးခြုံ မိန်းမပုံတွေပါနေလို့ မေးကြည့်တာပါ။မြန်မာပြည်မှာ ရိုက်တာ သေချာတယ်ဆိုရင်တောင် ကမ္ဘာလှည့်ခရီးသည်တွေမြင်ရင် မြန်မာပြည်ဟာ ဗုဒ္ဓဘာသာနိုင်ငံမှ ဟုတ်ပါရဲ့လားလို့ တွေးထင်နိုင်ပါတယ်။

  1. Anonymous said... :

    အောင်ဆန်း (သို့မဟုတ်) အရိုင်း ... ဘယ်သူ ဘာပြောလဲ ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved