ချင်းမိုင်ရောက် မြန်မာကထိန်

Wednesday, November 9, 2011

.



ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းကြီးကျောင်းကို ဒီနေ့ ပဒေသာပင်တွေ ရောက်လာပါတယ်

ကျောင်းအတွင်း ကထိန်ပွဲ မြင်ကွင်းတွေကို ဧရာဝတီ သတင်းထောက် သန်းထိုက်ဦးက အခုလို မှတ်တမ်းတင်ထားပါတယ်

မွန်းလွဲပိုင်းမှာ ပဒေသာပင်တွေ ထပ်ပြီး ရောက်လာဖွယ် ရှိပါတယ်

ပဒေသာပင်နဲ့ ရောက်လာတဲ့ မိသားစု

ရွှေမြန်မာလုပ်သားများကောင်းမှု ဆိုတဲ့ ပဒေသာပင်

ကျောင်းထဲက ကြော်ငြာ

ပဒေသာပင်မှာ အိပ်ယာလည်း ပါတယ်

မြိုင်မြိုင်ဆိုင်ဆိုင် ဒိုးပတ်ဝိုင်းမှာ ပလွေသမားက ၀ိုင်းဆရာ ဖြစ်ဟန်တူပါတယ်
ဒိုးပတ်သံကြောင့် ကထိန်ပွဲအတွက် ပြင်ဆင်နေသူတွေ တက်ကြွလာတာ တွေ့ရတယ်

ကထိန်ပွဲ အခင်းအကျင်းကို အကဲဖြတ်နေသူနှစ်ဦး

နိုက်ဘဇား လို့ ခေါ်ကြတဲ့ ချင်းမိုင်ညဈေးက မြန်မာပြည်သားတို့ရဲ့ ပဒေသာပင်

၃၁ ဘုံ အဖွဲ့ တဲ့

ယာယီမဏ္ဍပ်တခု ဆင်တဲ့နေရာမှာ ဆားဖြူးနေတဲ့ ဧရာဝတီက လူကြီးမင်းတချို့

ဖြူးနေကြပြီတကယ်ဖြူးသည်

ပဒေသာပင်မှာ လှူဖွယ်တွေ ထပ်ဖြည့်နေသူများ

လှူဖွယ်စုံလင် ပဒေသာပင်

ကော်ဖီမစ်တွေနဲ့ ပဒေသာပင်

မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့မှာ ကထိန်ခင်းမှာ ဖြစ်ပါတယ်

ဒီရက်ပိုင်း ချင်းမိုင်မှာ မိုးရိပ်လေရိပ် ကင်းတဲ့အတွက် ကထိန်ပွဲ အဆင်ပြေမယ်လို့ ယူဆပါတယ်

(နောက်ဆက်တွဲ ဖြည့်စွက်ချက် - ည ၆ နာရီဝန်းကျင်မှာ မိုးရွာပါပြီ။ ရာသီဥတုသတင်းမှာလည်း ရွာရန်ရာနှုန်း ၃၀ လို့ ဆိုထားပါတယ်)

ကထိန်ခင်းတဲ့ ၀ပ်ဆိုင်မွန်း လို့ ခေါ်တဲ့ မြန်မာဘုန်းကြီးကျောင်းက ချင်းမိုင်မြို့ ကျုံးထဲမှာ ရှိပါတယ်




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved