ဇင်းမယ်တန်ဆောင်တိုင်

Friday, November 11, 2011



.



မနေ့ညက ဇင်းမယ် ခေါ် ချင်းမိုင်မြို့ မီးမျှောပွဲမြင်ကွင်းတခု။

မီးမျှောရာမှာ ငှက်ပျော်ရွက်၊ ပန်းတို့နဲ့ လှပအောင် တန်ဆာဆင်ပြီး မျှောကြတယ်၊
ဆံပင် လက်သည်း အကြွေစေ့ ဆန်စေ့ စသဖြင့် ထည့်သူလည်း ရှိတယ်၊ ထိုင်းတို့ရဲ့ တန်ဆောင်တိုင်ကာလမှာ လုပ်ကြတဲ့ ဓလေ့ ဖြစ်တယ်၊
မကောင်းမှုတွေကို ရေနဲ့ မျှောလိုက်တယ် ဆိုတဲ့သဘောနဲ့ ပြုလုပ်ကြတာ ဖြစ်တယ်လို့ ဒီဓာတ်ပုံတွေကို ရိုက်ကူး မှတ်တမ်းတင်ခဲ့တဲ့ ကိုအောင်အောင်က ပြောပါတယ်။

ချင်းမိုင်မြို့လယ်ကိုဖြတ်ပြီး စီးနေတဲ့ မဲ့ပင်းမြစ်နားက မြင်ကွင်းတွေပါ။
မဲ့ပင်း မြစ်ထဲ မီးမျှောသူတွေ မီးပုံပျံလွှတ်သူတွေနဲ့ အင်မတန် စည်ကားပါတယ်
စီးနေတဲ့ရေထဲမှာပဲ မီးမျှောကြပါတယ်
ချင်းမိုင်ကျုံးရေပြင်ကိုတော့ တန်ဆောင်တိုင်ကာလမှာ မသုံးပါဘူး (သင်္ကြန်မှာပဲ သုံးပါတယ်)

ရေလယ်မှာ အလှပြထားတဲ့ မီးခွက်ပုံစံ။
မီးခွက်တွေကို ငှက်ပျောပင်စည် ငှက်ပျောရွက်တို့နဲ့ တန်ဆာဆင်ခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ ဖော့တုံး၊ ပင်အပ်၊ ပလပ်စတစ် စတဲ့ ပစ္စည်းတွေနဲ့ လုပ်ကြပါတယ်။


တန်ဆောင်တိုင် အလှပြ လှည့်လည်မှုမှာ ပါဝင်တဲ့
ရှမ်းအိုးစည်ဝိုင်းနဲ့ ကိန္နရီ ကိန္နရာအက


ဘာရေးထားမှန်း မသိပါ


ချင်းမိုင်ဒေသ အ၀တ်အစားနဲ့


မီးပုံးပျံတွေကို တကိုယ်တော်လည်း လွှတ်ကြတယ်

စုံတွဲလည်း လွှတ်တယ်

အုပ်စုလိုက်လည်း လွှတ်ပါတယ်


ကောင်းကင်ယံကိုတက်သွားကြတယ်


တချို့လည်း ဓာတ်တိုင်ကြိုးနဲ့ငြိတဲ့အတွက်

မီးရှူးပန်းလွှတ်သလို ဖြစ်သွားတယ်။
အဲဒီရပ်ကွက် မီးပျက်တာကတော့ နောက်ဆက်တွဲဖြစ်ရပ်ပေါ့။

ပွဲ လှည့်ပြီ

ကလေးတွေနဲ့ အိုးစည်ဗုံမောင်း







ချင်းမိုင်/ဇင်းမယ် ဒေသ အတိတ်က ဆင်ယင်မှု



ရိုးရာဝတ်စုံ ရိုးရာ အက

ဒါလည်း ရိုးရာအ၀တ်အစားပဲ


ဆုပေးတယ်

အလှပြကားတစီးပေါ်မှာ အိမ်ပုံစံ ဆင်ထားတယ်

မုတ်ဆိတ်ဖြူ ၀တ်စုံဖြူနဲ့လူက စိတ်ပုတီးလည်း ချိတ်ထားတယ်


အလှပြကားတွေက မျိုးစုံပဲ










ဆင်အစစ်ကို တင်ထားတာ ထင်ရတယ်

အနီးကပ်ကြည့်မှ ဆင်ရုပ်အစစ်မှန်း သိရတယ်

ဓာတ်ပုံဆရာတွေ အများကြီးထဲက တယောက်




မီးရှူးမီးပန်းအလှ။
ငွေကုန်ကြေးကျခံပြီး ဗျောက်အိုးဖောက် မီးရှူးပန်းလွှတ်ကြတယ်။
တနှစ်မှ တခါ ဒီလို ပျော်ကြ ရွှင်ကြတာပဲပေါ့။



.

4 comments :

  1. saisai said... :

    ပြည့်ပြည့်လေး လည်းသွားလည်တယ်
    ပျော်စရာကြီး ဗမာပြည်မှာ ဒီလိုမျိုးပွဲ
    တစ်ခါမှ မတွေ့ဖူးဘူး

  1. Anonymous said... :

    ကိုယ့်ဘာသာသွားလည်တာ အာကာသပဲလည်လည် ဘယ့်နှယ့်ကြောင့် ကျုပ်တို့မြန်မာပြည် ကိုဆွဲထည့်နေတာတုန်း ။

  1. Anonymous said... :

    ဆိုင်းဘုတ်မှာရေးထားတာက မူးယာဇ်ဆေးဝါး ရှောင်ကျဉ်ပါတဲ့ အေရာက ဆရာလေးတွေရေ့

  1. Anonymous said... :

    ဘာရေးထားမှန်းမသိတဲ့ဆိုင်းဘုဒ် ကို ဘာသာပြန်ပေးတာ ကျေးဇူးတင်တယ်ကွဲ့ 

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved