.
အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာနိုင်ငံသား ဒုက္ခသည်တွေရဲ့ နှစ်စဉ်ကျင်းပနေကျ ဆောင်းရာသီ အားကစားပွဲတော်က ပုံရိပ်တွေပါ။
ဒုက္ခသည်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ သွေးစည်းညီညွတ်မှုရအောင် စီစဉ်ကျင်းပတဲ့ပွဲလေးတခုပါ။
ဒီနေ့ကစလို့ ၅ ရက်ကြာကျင်းပမယ့် ဒီအားကစားပွဲမှာ ဘောလုံးအသင်း ၁၅ သင်း၊ ဘောလီဘောအသင်း ၁၂သင်း၊ ခြင်းလုံးအသင်း ၅ သင်းနဲ့ ကြက်တောင်ရိုက်အားကစားပြိုင်ပွဲဝင် နှစ်ယောက်တွဲအဖွဲ့ ၅ ဖွဲ့ပါဝင်ပါတယ်။
အားကစားပွဲဖွင့်ပွဲမှာ ကမ္ဘာ့ကုလသမဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဌာနေကိုယ်စားလှယ်က ဒေလီရောက် မြန်မာဒုက္ခသည်တွေထဲက ကလေးသူငယ်တွေ၊ လူငယ်တွေကို စိတ်ဓာတ်မကျဖို့၊ ရရာပညာကို ကြိုးစားသင်ယူကြဖို့ အားပေးစကားပြောခဲ့ပါတယ်။
အားကစားကွင်းထဲမှာ ဖုန်တလုံးလုံးနဲ့ အားကစားပြိုင်သူတွေ ပြိုင်နေကြတဲ့အချိန်၊ အားကစားကွင်းရဲ့ အပြင်ဖက်မှာလည်း မြန်မာရိုးရာအစားအစာတွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အကြော်စုံ၊ လက်ဖက်သုပ်၊ တိုဟူးသုပ်၊ ရခိုင်ရိုးရာ အာပူလျှာပူ၊ ချင်းရိုးရာ ဆာဗူးသီး လို့ ခေါ်တဲ့ အမဲအူပြုတ် စတဲ့ ရိုးရာစားဖွယ်စုံ ရောင်းချနေတဲ့ ဈေးဆိုင်တန်းမှာလည်း စည်ကားလို့နေပါတယ်။
(ဓာတ်ပုံ - ဧရာဝတီ)
.......
.
0 comments :
Post a Comment