ပိုးဟပ်တကောင်ကြောင့် လေကြောင်းလိုင်းကို တရားစွဲ

Monday, November 14, 2011

.





ပိုးဟပ်နှင့် ခရီးသွားခြင်း)

မကြာသေးမီက လေယာဉ်ပေါ်မှာ ပိုးဟပ်တကောင် တွေ့ပြီး ကျန်းမာရေးထိခိုက်သွားတယ် ဆိုတဲ့ အမေရိကန်နိုင်ငံ ခရီးသည် စုံတွဲက Air Tran Airways အမည်ရှိ လေကြောင်းလိုင်းကို တရားစွဲမယ် တဲ့။ စနေနေ့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။
အဲဒီစုံတွဲဟာ North Carolina ပြည်နယ်က ဖြစ်ပါတယ် တဲ့။

ပိုးဟပ်အကြောင်း သူတို့ ပြောတာကို လေယာဉ်ဝန်ထမ်းတွေက ဂရုမစိုက်ကြဘူးလို့လည်း ဆိုပါတယ်။

တခြားသတင်းတပုဒ်မှာလည်း အဲဒီလိုပဲ ဆိုထားပါတယ်။

လေယာဉ်ဝန်ထမ်းတို့အား ပိုးဟပ်ရှိသည့်နေရာကို ညွှန်ပြလိုက်ရာ လေယာဉ်မယ်တဦးက လက်ချောင်းတချောင်းဖြင့် နှုတ်ခမ်းကို ပိတ်ပြပြီး တေတေနိတ် တိတ်တိတ်နေရန် တုံ့ပြန်လေ၏ တဲ့။

စက်တင်ဘာ ၁၅ ရက်နေ့က Charlotte ဆိုတဲ့ မြို့ကြီးကနေ Houston မြို့ကြီးကို သွားတဲ့ ခရီးစဉ်မှာပါ။

လေယာဉ်ဝန်ထမ်းတွေက ပိုးဟပ်ပြဿနာစုံစမ်းဖို့ အရမ်း အလုပ်များနေတာ လို့ တရားစွဲ စုံတွဲက ဆိုပါတယ်။

တရားစွဲမယ့် စုံတွဲ

ပိုးဟပ်ကြောင့် စိတ်မသက်မသာဖြစ်၊ စိတ်ခံစားချက်ပျက်ယွင်းရတာမို့ ဒေါ်လာ တသိန်းမက လျော်ကြေးရလိုကြောင်း ပြောနေပါတယ်။ လေယာဉ်လက်မှတ်ဖိုးတွေလည်း ပြန်ရချင်ပါတယ် တဲ့။

Air Tran ကတော့ မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ဒါပေမယ့် သူတို့လေကြောင်းလိုင်းဟာ သန့်ရှင်းရေးကို အလေးပေးပါကြောင်း၊ လေယာဉ်တွေကိုလည်း ကျွမ်းကျင်သူတွေက ဂျပိုး ပုံမှန် နှိမ်နင်းပါကြောင်း ပြောဆိုပါတယ် တဲ့။

တရားစွဲစုံတွဲက ပိုးဟပ်နဲ့ရင်ဆိုင်ခဲ့ရပုံကိုလည်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ထားပါတယ်။







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved