ကိုယ်ပျောက် ကိုကျော်ဆန်း

Wednesday, November 2, 2011

သတင်းစာရှင်းလင်းပွဲမှာ အငိုကလေးနဲ့ ဖြေတဲ့ ဦးကျော်ဆန်း


သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း တယောက် ရုတ်တရက် ကိုယ်ယောင် ပျောက်သွားပါတယ်။ ဒီနေ့သတင်းစာမှာပါတဲ့ “ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မသန်စွမ်းအနုပညာရှင်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု ကြည့်ရှုအားပေး” ဆိုတဲ့ သတင်းမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။



ဦးကျော်ဆန်း ကိုင်ထားတဲ့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ခုစလုံးရဲ့ နေရာမှာ နယ်စပ်ရေးရာနဲ့ စက်မှုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကို ခေတ္တဝန်ကြီးအဖြစ် အစားထိုးထားတာ တွေ့ရပါတယ်။

ဦးကျော်ဆန်းဟာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးနှင့်ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

နအဖ စစ်အစိုးရခေတ်တုန်းက မီဒီယာတွေအပေါ် နှိပ်ကွပ်သူ၊ အစိုးရသစ်လက်ထက်မှာလည်း မီဒီယာတွေအပေါ် သဘောထားတင်းမာသူ၊ လွှတ်တော်မှာ သတင်းပြန်ကြားရေးနဲ့ ပတ်သက်လို့ အလွန်အကျွံ ပြောဆိုသူ၊ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျပြသူ၊ အစိုးရသစ်ထဲမှာ ခေါင်းမာတဲ့အုပ်စုဝင်ထဲက တယောက်လို့ သတ်မှတ်ခံရသူ၊ မီဒီယာသမားများရဲ့ မေတ္တာတုံး စတဲ့ ဂုဏ်ပုဒ်များနဲ့ ပြည့်စုံတဲ့ ဦးကျော်ဆန်းတယောက် ခုတော့ ဗြုန်းဆို ပျောက်သွားပါတယ်။

တိုင်းရင်းသားအရေးမှာ တဖက်သတ် အလွန်အကျွံ အပြစ်ဖို့တာကြောင့် အစိုးသစ်ထဲမှာ မျက်စိစပါးမွှေးစူးခံရသူ၊ မြစ်ဆုံဆည်ကိစ္စ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရှေ့ ငိုလို့ တခြားဝန်ကြီးများက စိတ်ပျက်ရသူ၊ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် လာတော့ လက်ဖက်ရည်ဝိုင်းမှာ ကွေ့ပတ်ရှောင်ပြေးရင်း ခုံကို ခလုတ်တိုက်မိလို့ တခြားဝန်မင်းတွေ ဝိုင်းရယ်ခံရသူ ဦးကျော်ဆန်းတယောက် အဲဒါတွေဖြစ်ပြီးနောက်မှာ ခုံလှုပ်နေပြီလို့ သတင်းတွေ ဆက်တိုက်ထွက်နေခဲ့ပါတယ်။

လူတွေသိပ်မပြောင်းဘဲ ဖွဲ့တဲ့ အစိုးရသစ်ထဲမှာ သမ္မတ ဦးသိန်းစိန်က စလို့ အချိုးပြောင်းပေမယ့် စစ်အစိုးရဇာတိရုပ်မပျောက်တဲ့ ဦးကျော်ဆန်းကို သတင်းစာတွေထဲမှာ၊ ပြောပုံဆိုပုံတွေထဲမှာ တောက်လျှောက်မြင်နေခဲ့ရပါတယ်။

တကယ်လို့ ဦးကျော်ဆန်းကို သမ္မတ ဦးသိန်းစိန်က အကွက်ရွှေ့ပစ်ရဲတယ်ဆိုရင် ဒါဟာ ပြည်သူတွေရဲ့ ထောပနာပြုမှုကို ရနိုင်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဦးကျော်ဆန်းဟာ အစိုးရအဖွဲ့အတွင်း ဦးသန်းရွှေကို သစ္စာခံသူ သဘောထားတင်းမာတဲ့ ဘက်သားလို့ အပြောများကြလို့ပါ။

အစိုးရအဖွဲ့အတွင်း အားပြိုင်မှုနဲ့ ပတ်သက်လို့ မန်း VS ဆန်းဆိုပြီး ဧရာဝတီ ဘလော့ဂ်က ရေးဖူးပါတယ်။

မင်းသားကြီး ဦးကျော်ဆန်းနောက်ကြောင်းတွေ သိချင်ရင်တော့ ဧရာဝတီက တင်ပြခဲ့တဲ့ သူ့အကြောင်းကို ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတချို့အရတော့ ဦးကျော်ဆန်းက ရာထူးတွေ ခဏထားပြီး ရဟန်းသွားခံနေတယ်လို့လည်း ကြားရပါတယ်။ တရားရပြီး သင်္ကန်းမြဲသွားရင်လည်း သာဓုကြမယ် ထင်ပါတယ်။






11 comments :

  1. Anonymous said... :

    အကုန်ချွတ်၊အကုန်စွန်ြ့ပီး‌တောထွက်သွားတာ
    ဖြစ်ပါ‌စေ..ဒီတသက်ဘယ်‌တော့မြှပန်မမြင်
    ရပါ‌စေနဲ့‌တော့...။

  1. Anonymous said... :

    Bye Bye U Kyaw San.Please don't come back.

  1. abcde said... :

    2/11/2011ကြေးမုံသတင်းစာမှာတော့အူးကျော်ဆန်းနဲ့သူ့ဇနီး ဆို က ရေး တီး ပြိုင်ပွဲကြည့်နေတာတွေ့တယ်

  1. Anonymous said... :

    ဗမာလူမျိုး၊ မြန်မာနိုင်ငံသားတွေက ခွင့်လွှတ်တတ်တယ် ခွင့်လွှတ်နိုင်စွမ်း မြင့်မားတယ်ဆိုတာ comment တွေက သက်သေပါပဲဗျာ။ သမ္မတကြီး ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲချင်ကြတဲ့ တပ်မတော်သားများ ရဲရဲဝံ့ဝံ့ ပြည်သူ့ရင်ခွင်ကို ပြန်လာကြပါ။

  1. Anonymous said... :

    ဟားဟား ပြိဿာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့။

  1. Anonymous said... :

    abcde
    2/11/2011 ကြေးမုံကော၊မြန်မာ့အလင်းပါ သေချာစွာ
    ကြည့်ပြီးပါပြီ၊ ဘာဦးကျော်ဆန်းမှ မတွေ့ပါ၊ ဘာဇနီးမှလဲမတွေ့ပါ၊ ဒု သမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့်အတူ ခေတ္တပြန်ကြားရေးဝန်ကြီး ဗခသိန်းဌေးတို့တရုပ်အကကြည့်ရှု့တဲ့အကြောင်းပဲပါပါတယ်၊ မသေချာပဲ ထင်ယောင်ထင်မှားဖြစ်အောင် ၀ါဒမဖြန့်ပါနဲ့။

  1. စစ်အစိုးရ ၀န်ကြီးအဆက်ဆက်မှာ ရီစရာကောင်းသော ကိုကျော်ဆန်းလို ၀န်ကြီးလဲရှိတော့ ရီရသဗျိုး

  1. အကယ်၍များ အကယ်၍များပေါ့နော် ပေါ့နော် ဦးကျော်ဆန်း တာဝန်ကရပ်စဲလိုက်ရလဲ ဘာမှအားငယ်စရာမလိုပါဘူးခင်ဗျာ ၊ ဂေါ်ဇီလာဦးဆောင်တဲ့ " ပြည်တော်ပြန်အငြိမ့် " သဘင်ထဲဝင်လိုက်ပြီး လူရွှင်တော်လုပ်စားပေါ့ဗျာ၊ ဘာပဲပြောပြော ဘာပဲလိမ်လိမ် ဂွပဲတိုက်တိုက် ဂျပုကျော်ဆန်းလေးကို လူအတော်များများက ချစ်ကြပါတယ်

  1. Anonymous said... :

    ကုသိုလ်ရမည့်အကြောင်းပြောပေးကြပါ။ ကံကြီးမထိုက်ဘူးဆိုရင် အခုလိုဘုန်းကြီးဝတ်သွားရင် လုပ်ခဲ့သမျှ အကုသိုလ်တွေ နလံမထူနိုင်တော့တာကြောင့် ဦးကျော်ဆန်းရေး...မထွက်ပါနဲ့တော့လား။ အဲ...တစ်ခုတော့မှာပါရစေ။ ဘုန်းကြီးတွေကြားထဲ ၀င်တော့မမွှေနဲ့နော်။ သံဃာဂိုဏ်းခွဲရင်လည်း အပြစ်ကြီးတယ်။

  1. Anonymous said... :

    ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးအဖြစ်သာ မြန်မာပြည်သူတွေက မလိုလားတာပါ။ လူပျက်ပဲလုပ်လုပ်၊ နောက်ပိုင်းမင်းသားပဲလုပ်လုပ် အားပေးမှာပါ။

  1. Anonymous said... :

    hahahaha.... ဦးကျော်ဆန်းတော့ နှပ်ချေးတောင် မညှစ်ရဲလောက်အောင်ပဲ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved