ဆင်ဖြူဖြူ အမည်ပေးနည်း နိဿရည်း

Monday, November 21, 2011

~






အစိုးရမင်းများ ဘုန်းတော်ကြီးမားလို့ ရရှိလာတဲ့ ဆင်ဖြူတော်တွေကို မနေ့က ကင်ပွန်းတပ်ပွဲ လုပ်ပါတယ်။

နေပြည်တော်က နိုင်ငံခေါင်းဆောင်တွေ တယောက်ချင်းစီက ဆင်နာမည်ကို ၃ ကြိမ် အော်ပေး ခေါ်ပေးတယ်လို့ နိုင်ငံတော်သတင်းစာများမှာ ရေးထားပါတယ်။





~

6 comments :

  1. Anonymous said... :

    ဒီအရူးတွေလက်ထက်မှာ ခရုသင်းအရေပြားရောဂါသည် တိရစ္ဆာန်တောင်မှ သူ့ဖာသူ တောထဲတောင်ထဲ သဘာဝအတိုင်းမနေရ ဖမ်းဆီးချုပ်နှောင် အရူးလုပ်ခံနေရတယ် တိုင်းပြည်ရဲ့ ဒုသမ္မတတဲ့ ဝန်ကြီးတွေတဲ့ အရှက်လည်းမရှိကြဘူး ရူးကြောင်ကြောင်လုပ်နေကြပုံတွေ သိမြင်နေရတာ ဒီတိုင်းပြည်အတွက်တော့ မျှော်လင့်ချင်စိတ်တောင် ကုန်ခမ်းလာတယ်။

  1. Anonymous said... :

    ရခိုင်ကဆင်ဖြူကိုနယ်ပြည်တော်ကိုယူဆောင်တယ်ဆိုတော့
    မြန်မာပြည်နယ်ပြည်တော်နဲ့တကွ မြန်မာပြည်မှာအုပ်ချုပ်သူခေါင်းဆောင်(ဘုရင်)ဟာ ရခိုင်လူမျိုးဖြစ်လာမယ့်အတိတ်နမိတ်ပဲ..

  1. Anonymous said... :

    မြန်မာနိုင်ငံတွင်အခြားနိုင်ငံများနှင့် မတူခြားနားသောစရိုက်လက္ခဏာများနှင့်ပြည့်စုံ
    တော်မူလှပါပေသည်၊ အရူးတောင်မှ တခြားနိုင်ငံ
    တွင်မရှိသော ဆင်ရူး ၊ စိန်ရူး ၊ စစ်ရူး ၊ စောက်ရူး
    များနှင့်ပြည်ံနှက်လို့နေပါချေတကား ၊ ယခုလဲ
    ဆင်ဖြူနံမည် (၃) ကြိမ်ခေါ်ဆိုလိုက်ခေါ်နေကြ
    လေရဲ့၊နောင်တချိန် ဆင်ဖြူထပ်မရလျင် ဆင်
    ထက်အသိဥာဏ်ပိုသော လူဖြူ ကို ကိုးကွယ်ကြ
    ဦးမှာမုချမလွဲပေ ၊ ( အဆိုတော် -ဘိုဖြူ သင့်ကို
    သနားဂရုဏာသက်စွာသတိပေးလိုသည်၊ မကြာမီ သင့်အလှည့်ရောက်တော့မည် ။)

  1. ဒီမိုး၊ ဒီလေ၊ဒီလူတွေ နဲ့ ဒီမင်း၊ ဒီစိုး၊ဒီ သူခိုးတွေ တွေ့ကြရောပေါ့ကွာ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ တဘောင် ကို သွားသတိရတယ်။

    သူများ နိုင်ငံတွေမှာ သိပ္ဗံ နဲ့ နည်းပညာတွေ တိုးတက် ထွန်းကားနေတဲ့ ခေတ်မှာ တို့နိုင်ငံမှာတော့ ဆင်ဖြူတော်တွေ၊ ၃၇ မင်း နတ်တွေ၊ ဘိုးတော်၊ ယတြာ၊ ဗေဒင် တွေ ကနေ ရုန်းမထွက်နိုင်ကြသေးဘူး။ အဲဒီအတွေးအခေါ်တွေကြောင့် မတိုးတက်သေးတာ။ လူတဦး နဲ့ တဦး၊ နိုင်ငံတနိုင်ငံ နဲ့ တနိုင်ငံ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ကွာခြားတာ အဲဒီနိုင်ငံက လူတွေရဲ့ အတွေးအခေါ် နဲ့ ဆိုင်တယ်။ ဟင်း...အခုလို အတွေးအခေါ်မျိုး နဲ့တော့ ဒို့နိုင်ငံကြီး တိုးတက်မှာ မြင်ယောင်မိသေးတယ်။

    အုပ်ချုပ်သူ မင်းတွေ ကိုယ်တိုင်က အဲလောက်ထိ ရွှေဥာဏ်တော် စူးရောက် ( ရွှေဥာဏ်တော် စောက်ရူး) နေမှတော့ ဒီလိုနိုင်ငံမျိုးမှာ ပညာတတ်တွေ မနေနိုင်တာ မဆန်းပါဘူး။ တကယ့် ပညာတတ်တွေက အဲလို နိုင်ငံမျိုးမှာမနေဘူး။ ဒါကြောင့်လည်း ပညာတတ်တွေ အပြင်ထွက်ကုန်ကြတာ။

  1. Anonymous said... :

    ဆင်ဖြူတော်နဲ့ ကြောင်သူတော်..ဘတ်သီး မလင်းကြသေးပါလား.......

  1. Anonymous said... :

    ဆင်ဖြူတော်ဆိုတာ ဘုရားဟောဇာတ်တော်တွေမှာအတိအလင်းပါပါတယ်။ အတိအကျကို ဟောထားပါတယ်။ ဆင်ဖြူတော်ကို ဝေဖန်တာ တခြားဘာသာဝင်တွေဆိုရင်တော့ မပြောလိုပါ။ သူတို့အမြင်နဲ့ သူတို့ပေါ့ လွတ်လပ်စွာယူဆနိုင်ပါတယ်။ အင်း ဗုဒ္ဒဘာသာဝင်တွေဆိုရင်တော့ ကိုယ့်ဘာသာအကြောင်းကိုလေ့လာပါဦး။ ကိုယ့်ဇာစ်မြစ်ကိုယ်မသိတာ ရှက်ဖို့ကောင်းတယ်နော်။ ဖြူတိုင်းခရုသင်းစွဲတယ်ထင်ရင်တော့ အနောက်ကမ္ဘာတစ်ခုလုံး ခရုသင်းစွဲသလားပဲ။ စဉ်းစားပါ။ ဝေဖန်တာ ပိုင်းခြားဝေဖန်ပါ။ ဝေဖန်တာကို ဘုရားက အားပေးတယ်။ ပုတ်တာကိုတော့ အားမပေးဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved