"ဘက်စ်ကားလိုင်းတွေပေါ်မှာ မသမာသူ အမျိုးသားအချို့ကြောင့် ဒုက္ခ ခဏခဏရောက်ရတဲ့ မိန်းကလေးတွေကို တွေ့နေကြားနေရတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့  နှောက့်ယှက်ခြင်းကို ခံနေ ရတယ်။ အချို့ က နှမသားခြင်းမစနာဘဲ လုပ်လာတဲ့ အတွက်ကြောင့် သီးသန့်ယာဉ်လိုင်း ပြေးဆွဲဖို့ စီစဉ်တာပါ။ အမျိုးသမီးယာဉ် သီးသန့်ပေါ့။ ဥပမာ ကား ၁၀ စီးရှိတယ်ဆို ရင် အမျိုးသမီးအတွက်သုံးစီး ဗီနိုင်းထောင်ပြီးဆွဲပေးဖို့ စီစဉ်ထားပါတယ်" ဟု ဒေါ်ကေခိုင်အောင်ခင် ပြောပါသည်
အဆိုပါ အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်း ပို့ဆောင်ရေးဝန်ကြီး၊ လူ့အခွင့်အရေး ကော်မရှင်ရုံးနှင့် ပါရမီယာဉ်လိုင်း ဦးဆောင်ညွှန်ကြားရေးမှူးတို့ထံ စာတင်ပြီး တောင်းဆိုထားကြောင်းသိရသည်။
"ကားပေါ်မှာ ဘေးချင်းကပ် ထိုင်နေတဲ့ အမျိုးသားတစ်ဦးက မဖွယ်မရာလုပ်ပြတဲ့ အကြောင်းကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ ကားကြပ်တဲ့ ညပိုင်း အချိန်တွေမှာ ဒီလို ကိစ္စမျိုးတွေက မြင်တွေ့ကြားနေရတယ်။ အမျိုးသမီးသီးသန့် လိုင်းပြေးဆွဲပေးမယ်ဆိုရင် ကျွန်မတို့ မိန်းမသားတွေအတွက် အရမ်းကို အဆင်ပြေသွားမှာပါ " ဟု အသက် ၂၅နှစ် စွန်းစွန်းအရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် လိုအပ်ပါက အမျိုးသမီးယာဉ်မောင်းနှင့် အမျိုးသမီးယာဉ်အကူထားရှိနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"၁၉၈၁- ၈၂ ဝန်းကျင်လောက်က ဟီးနိုးဘက်စ်ကားတွေမှာ ကားရဲ့  ရှေ့ပိုင်း သုံးပုံ နှစ်ပုံကို သံဆန်ခါခြားပြီး ရှေ့ပိုင်းအမျိုးသားများ၊ နောက်ပိုင်း အမျိုးသမီးသီးသန့် စီနင်းစေတဲ့ ယာဉ်တွေပြေးဆွဲပေးဖူးတယ်။ ဒါပေမယ့် ကားအုံနာနဲ့ယာဉ် မောင်းဝန်ထမ်းတွေ တွက်ခြေမကိုက်ဖြစ်ပြီး မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ အခုခေတ်ကာလ အနေအထားက ကားတစ်စီးရဲ့ တန်ဖိုးဟာ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ တန်ဖိုးနဲ့ သွင်းလို့ရဖို့ အခွင့်အလမ်း များလာပြီး၊ တန်ဖိုးအမှန်နဲ့ ကားသွင်းခွင့်ရပြီ ဆိုရင် အမျိုးသမီးသီးသန့် ကားအစီအစဉ်ဟာ မဖြစ်လာနိုင်စရာမရှိပါဘူး။ အုံနာအတွက်လည်း တွက်ခြေကိုက်ပါလိမ့်မယ်" ဟု အသက် ၄၅ နှစ်အရွယ် ကားဝယ် ရောင်းလုပ်ကိုင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။
ထိုက်သူရ
The Myanmar Post ဂျာနယ်မှ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။
စေတနာကိုလေးစားပါတယ်။ဒါပေမဲ့ မှန်ကန်တဲ့ ဖြေရှင်းမှုလို့ တော့ မထင်ဘူး။အဓိက ကလူတွေရဲ့ ကိုယ်ကျင့် တရားနဲ့ ဥပဒေ စိုးမိုးရေးကိုပြုပြင်ရမှာပါ။လင်မယားတွေ၊မောင်နှမတွေ၊ချစ်သူစုံတွဲတွေ ဘယ်လိုလုပ်ကြမလဲ။