မြန်မာက ဗီယက်နမ်ကို ၄ - ၁ နဲ့ နိုင်

Monday, November 21, 2011

~







ရွှေနဲ့ ဗထက်ချိုက်တို့ အကြိတ်အနယ် - ဓာတ်ပုံ - getty images

ဒီနေ့ အင်ဒိုမှာ ကန်တဲ့ ဆီးဂိမ်း တတိယနေရာလုပွဲမှာ မြန်မာအသင်း နိုင်ပါတယ်။ ၄ ဂိုး ၁ ဂိုးနဲ့ပါ။

ပထမပိုင်း ၃၄ မိနစ်မှာ ကျော်ဇေယျာဝင်းက တဂိုးရှူးတဲ့အတွက် မြန်မာအသင်း ဘဲဥ စ ကွဲပါတယ်။

ဒုတိယပိုင်း ၇ မိနစ်မှာ ကိုကိုက မြန်မာအသင်းအတွက် နောက်တဂိုး ရအောင် လုပ်ပေးပါတယ်။ ကိုကိုနဲ့ ပြည့်ဖြိုးတို့ အချိတ်အဆက်မိမိ ကစားသွားတာပါ တဲ့။
ဒုတိယပိုင်းမှာပဲ ဗီယက်နမ် အလယ်တန်းလူ Hoang Thinh က ကိုယ့်ဂိုးကိုယ်သွင်းပါတယ်။ ဒီတော့ ပွဲက ၃-၀ ဖြစ်သွားပါတယ်။
မြန်မာအသင်းရဲ့ ၄ ဂိုးမြောက်ကို ကန်သွင်းသူက ကျော်ကိုကိုဖြစ်ပါတယ် တဲ့။ ဂိုးသမား ပေါင်ကြားထဲက သွင်းလိုက်တာလို့ ဆိုပါတယ်။

ဗီယက်နမ်ရဲ့ တလုံးတည်းသော ချေပဂိုးက ပွဲပြီးခါနီး မိနစ်ပိုင်းလိုမှာ ဖြစ်ပါတယ်။
ဘဲဥခွဲသူက Lam Anh Quang လို့ ဆိုပါတယ်။

ကိုးကားသတင်း = http://www.tuoitrenews.vn/cmlink/tuoitrenews/sports/vietnam-myanmar-1-4-second-half-1.51979




~

9 comments :

  1. Anonymous said... :

    သတင်းရေးတာကို စိတ်မပါ လက်မပါနဲ့  ........
    မြန်မာမဟုတ်တဲ့အတိုင်းဘဲ ....၀မ်းမြောက်ကြောင်းမပြော အောင်မြင်သာ မလိုလားတဲ့အတိုင်းဘဲ....
    နောက်ဒါမျိုးဆင်ခြင်သင့်တယ်လို့ထင်ပါတယ်.....ဘလော့ဂ်တစ်ခုရေရှည်အောင်မြင်ဖို့
    အတွက်ဆိုရင်တော့...... အပြုသဘောနဲ့ပါ ဆောရီးမှားတာပါသွားရင်

  1. Anonymous said... :

    ဟုတ်တယ် စိတ်မပါရင်လည်း မရေးနဲ့။ ပို့စ်တခုဖြစ် ပြီးရောဆိုပြီး ရေးနေတဲ့ပုံစံ။ စာဖတ်ပရိတ်သတ်ကို လေးစားမှုမရှိဘူး။ ကိုယ့်အလုပ်ကို လေးစားမှုမရှိဘူး။ မြင်ရတွေ့ရ ဖတ်ရတာ စိတ်မချမ်းသာစရာ... ရိသလို ခနဲ့သလိုလို.. ဒီတစ်ပုဒ်ထဲ မဟုတ်ဘူး ဒါမျိုးတွေ ခဏခဏတွေ့နေရတယ်။ ဒါသတင်းရေးတဲ့ စတိုင်သစ်ပါဆိုလဲ ဒီစတိုင်ဟာ ပရိတ်သတ်ကို စော်ကား အလုပ်ကို အလေးမထားတဲ့ စတိုင်ပဲ..

  1. Anonymous said... :

    ကိုယ့်လူပြောတာမှန်တယ်ဗျို့ ။
    ကျုပ်တောင် ဖတ်နေ၇င်း ဒီလောက်စာအေ၇းအသား အချိုးမပြေတာ ဘယ်ဝက်ဆိုဒ်လဲ သိချင်လို့ အပေါ်ကို SCROLL ဆွဲကြည့်လိုက်တာ။ လား ... လား .... ဧ၇ာဝတီ ဖြစ်နေပါလားဗျို့ ။ စိတ်မပါ၇င်တော့ မတင်တောင် ကောင်းတယ်ဗျို့ ။ တင်မယ်ဆို၇င်တော့ အေ၇းအသားလေးတွေ အဆင်ပြေအောင်လုပ်ဗျာ။

  1. KO KYAW said... :

    သတင်းရေးတာကို စိတ်မပါ လက်မပါနဲ့  ........
    မြန်မာမဟုတ်တဲ့အတိုင်းဘဲ ....၀မ်းမြောက်ကြောင်းမပြော အောင်မြင်တာ မလိုလားတဲ့အတိုင်းဘဲ....
    နောက်ဒါမျိုးဆင်ခြင်သင့်တယ်လို့ထင်ပါတယ်.....ဘလော့ဂ်တစ်ခုရေရှည်အောင်မြင်ဖို့
    အတွက်ဆိုရင်တော့......

    ဟုတ်ပါတယ်...စာဖတ်တဲ့သူတွေကိုမလေးစား
    တဲ့သဘောပါ.....

  1. saisai said... :

    သူ့ကိုယ်သူတော့ရွှေတဲ့
    သူများကိုတော့ ဗ ထက်ချိုင့် တဲ့
    မင်းလည်း ဗထက်ချိုင့်ပါပဲ ကွာ(ဗမာ)

  1. Anonymous said... :

    It is good that we win with 4-1. Good Counter attacks and Good team movement. My congratulation goes to the Coach he did it ! But we don't have 'Football spirit' at all. I felt frustrated watching that match and it is fair to say what Irrawaddy's report on the match is negative.

  1. zaw said... :

    မျိုးချစ်စိတ်နဲ့..ဘောလုံးပွဲနဲ့..တိုက်၇ိုက်မသက်ဆိုင်ပေမဲ့.ကိုယ့်နိုင်ငံ.ကိုယ်စားပြုပြီး..အောင်နိုင်တဲ့.သတင်းကို.ရေးတာမှာတော့..စကားလုံးအသုံးအနှုံးက..နည်းနည်း..နားဝင်ဆိုးနေသလားလို့..ဘောလုံးဘိုးအေ အင်္ဂလန်ကြီးတစ်ယောက်က..သူ့နိုင်ငံ..အသင်းရဲ့ခြေစွမ်းကို..ခြေဖျားတောင်မမီတဲ့..ဆီးဂိမ်းလို..ပြိုင်ပွဲသေးသေးလေးမှာ..အသင်းငယ်လေးတစ်သင်းက အနိုင်ရတဲ့သတင်းကို..မင်းတို့ အသင်းက တို့ဆီက ကလေးသာသာပဲရှိပါတယ်ကွာဆိုတဲ့ အထာမျိုးနဲ့..စိတ်မပါလက်မပါ..ပျင်းရိပျင်းတွဲ..တာဝန်ကျေ..ပုံစံနဲ့ ဆရာကြီးဂိုက်ဖမ်းတဲ့ အရေးအသားမျိုးပါ..ဒီပွဲကို..အလုပ်အပျက်ခံပြီး..ရင်တမမနဲ့ကြည့်..ဂိုးပြတ်နိုင်လို့..မျက်၇ည် ၀ဲလောက်အောင်.၀မ်းသာကြည်နူးခဲ့၇တဲ့.ကျွန်တော်တို့ကို.စော်ကားသလိုဖြစ်နေလို့..တော်တော်စိတ်ပျက်ရပါတယ်..ဒီသတင်းအရေးအသားကြောင့် ဧရာဝတီကို..အထင်မကြီးတော့တာလည်း..အမှန်ပါပဲ..နောက်နောင် သတင်းတွေတင်ရင်..နည်းနည်းဆင်ခြင်သင့်တယ်လို့ အကြံပြုလိုပါတယ်.........

  1. Anonymous said... :

    hey all- they know how to write about than shwe and his grandson,

    they do not know about football,

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved