မဲဆောက် စိတ်ကြွဆေး အဖမ်းအဆီး

Thursday, November 17, 2011

-





သန်းထိုက်ဦး ဘာသာပြန်၏-

ထိုင်း-မြန်မာနယ် မဲဆောက်မြို့နယ်စပ်မှာ စိတ်ကြွ ဆေးပြား (ရာဘ) ရောင်းနေတယ် လို့ ယူဆရတဲ့ မြန်မာပြည်သား ၃ ဦးကို ထိုင်းအာဏာပိုင် ရဲတွေက ယမန်နေ့က ဖမ်းလိုက်တယ် ဆိုတဲ့ အကြောင်း innnews ဆိုတဲ့ အင်တာနက် စာမျက်နှာမှာ ထိုင်း ဘာသာနဲ့ ရေးသား ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ် ရဲတွေက သတင်းရထားလို့ သူတို့ ပုန်းအောင်းနေတဲ့ နေရာမှာ သွားရောက် ဖမ်းဆီးခဲ့တာပါ တဲ့။ သူတို့နဲ့ အတူ အိတ် ၂ လုံးအထဲက စိတ်ကြွဆေးပြား အလုံးပေါင်း ၃၆၀ နဲ့အတူ ဖမ်းမိခဲ့တယ် လို့ ဆိုပါတယ်။ အဖမ်းခံရသူတွေက ပုံမှာ တွေ့ရတဲ့အတိုင်း အသက် ၂၅ ၊ ၃၀၊ ၃၅ နှစ် အရွယ် လူငယ်တွေပါ။

အဖမ်းခံရသူတွေအထဲက မောင်အတာဆိုတဲ့ လူက ရဲစခန်းမှာ ထွက်ဆိုထားတာကတော့ "ဒီဆေးတွေကို မြ၀တီမြို့နယ်ရှိတဲ့ ဒေသ ခံ တယောက်ဆီကနေ တလုံးကို ဘတ်ငွေ (၁၀၀) နဲ့ ၀ယ်လာတယ်၊ ပြီးတော့ ထိုင်းဘက်ကမ်းမှာ လာပြီးတော့ ထိုင်းလူငယ် တွေ ကို တလုံး ဘတ်ငွေ (၁၅၀)နဲ့ လာရောင်းတာ ၃ ကြိမ်လောက်ရှိပြီ” လို့ ပြောထားပါတယ်။

ထိုင်းရဲကတော့ ထိုင်းဥပဒေအရ သူတို့ ၃ ယောက်ကို လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်ဖောက်ကားမှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲထားပါတယ်။




-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved