Google music

Thursday, November 17, 2011

ဂူဂယ် က Apple ရဲ့  iTunes နှင့် Amazon ရဲ့  online shop ကို စိန်ခေါ်ကာ တေးသီချင်းတွေ ကို စတင် ရောင်းချလိုက်ပါပြီ။

အမေရိကန်ပြည်ထောင်စု Los Angeles မှာ မနေ့ကပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ Google product Manager Paul Joyce က "ကျနော်ဒီနေ့ကြည်နူးမိပါတယ် ကျနော်တို့ရဲ့ Android Market မှာ လူတိုင်း လွတ်လပ်စွာ သီချင်း အပုဒ်ပေါင်း တသန်းကျော် ဝယ်ယူလို့ရပါပီ" လို့ကြော်ငြာခဲ့ပါတယ်။

အရင်က အမေရိကန်ပြည်ထောင်စု တစ်ခုတည်းကိုသာ အစမ်းသဘောပေးသုံးထားခဲ့တာဖြစ်ပါတယ်။
အသစ်ထွက်ရှိတဲ့ Digital songs မှန်သမျှကို Android Market မှာအချိန်နှင့်တပြေးတည်း ချက်ချင်း ဝယ်ယူနိုင်နေပါပီ၊ Android-powered smartphones တွေနဲ့ tablets တွေမှာလဲ များမကြာမီ ကာလ အတွင်း ဝယ်ယူနိုင်ပါလိမ့်မယ်။

Source: Agencies

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved