အနောက်နိုင်ငံတွေနဲ့ မီဒီယာတွေ ပြောသလို နိုင်ငံရေး အကျဉ်းသား ၂၀၀၀ စာရင်းနဲ့ တိုက်ကြည့်တာ ၅၀၀ ပဲရှိတယ်လို့ အစိုးရက လုပ်လာပါပြီ။ အဲဒီအထဲမှာလည်း ၂၀၀ ကို လွှတ်ပေးပြီးပြီတဲ့။ ဆိုလိုတာက ၃၀၀ လွှတ်ပေးပြီးရင် သူတို့ တာဝန်ကျေပြီဆိုတဲ့ သဘောဖြစ်နေပါတယ်။
နိုင်ငံရေး အကျဉ်းသားဆိုတာနဲ့ ပတ်သက်လို့ AAPP ကလည်း ဖွင့်ဆိုချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြစ်မှုအရ သတ်မှတ် ရေတွက်တဲ့အခါမှာတော့ အစိုးရက ဘယ်လို သတ်မှတ်တယ်ဆိုတာတော့ ရေရာစွာ မသိရပါဘူး။
နောက်ပြီး ဒီနေ့ သတင်းစာက တဆင့် ကြေညာချက်မှာ ထပ်ပြောထားတာက မလွှတ်ပေးနိုင်သေးသူတွေကို နယ်ဝေးကနေ မိသားစုနဲ့ နီးတဲ့ထောင်ကို ရွှေ့ဖို့ဆိုတဲ့ ကိစ္စ ပါလာပါတယ်။ နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုနေချိန်မှာ အနေအထိုင်မတတ်သူများလို့ ဝေဖန်ခံနေရသူတချို့က အောက်ဈေးကို စေတနာဗရပွနဲ့ဝင်ပြီး ထောင်ရွှေ့ရေး ဝင်ပြောလာခဲ့ရာက အစိုးရကလည်း ချော်လည်း ရောထိုင် လုပ်လာတာကို မြင်ရပါတယ်။
ဒီလုပ်ရပ်က ကျော်ဆန်း၊ သန်းရွှေ တို့ စစ်အုပ်စု က နိုင်ငံတကာကို တစ်ပတ်ရိုက် ကလိမ်ကကျစ် ကျဖို့  ကြိုးစားတာပါ။ အရင်ကတည်းက မိသားစုနဲ့ ဝေးတဲ့ ထောင်းတွေကို ပို့ ထားတာ၊ မတရား ဖမ်းဆီးထောင်ချထားတာ အလွန်တရာ ရုတ်မာ ကောက်ကျစ်တဲ့ လုပ်ရပ်ပါ။ လူမဆန်တဲ့ အပြုအမှု တွေပါ။ ချက်ချင် လွတ်ပေး ရမည့် ကိစ္စပါ။ မတရားဖမ်းဆီ နိပ်စက်ခဲ့တာတွေ အတွက် ကျော်ဆန်း အပါအဝင် စစ်ခေါင်းဆောင်တွေ ဖင်ထောင် ပြီး ဦးချ ကန်တော့ ဖို့  နောက်ကျ သွားပါပြီး။ ရာဇဝင်အကြွေး ပြန်ဆပ်ရမှာ မလွဲသေချာပါ။ ကိုယ်ပြုခဲ့တဲ့ ကံ ကိုယ်ပြန်ခံရဖို့  အချိန်က စကားပြောလာမှာပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့  ကိုမင်းကိုနိုင် တို့ ၊ လေးစာရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက သဘေားထားကြီးနိုင် ခွင့်လွတ် တာ နားလည်းပေးနိုင်ပါတယ်။ ကံတရားဆိုတာ အလှည့်ကျ မနွဲ့ ရ စတမ်းမို့  ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံဖို့  ပြင်ထားဖို့ လို ပါပြီး။ SNM