မြန်မာ ၇ ဦးကို တရုတ်စက်ရုံမှာ လှောင်ပိတ် ခိုင်းစေ

Thursday, November 10, 2011


တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှေ့ပိုင်း Yuyao မြို့ ချည်ထည်စက်ရုံတခုမှာ ကျွန်အဖြစ်ခိုင်းစေခံထားရတဲ့ မြန်မာနိုင်ငံသား ဆယ်ကျော်သက် ၇ ဦးကို တရုတ်ရဲတွေက ကယ်ဆယ်ခဲ့ကြောင်း ရှန်ဟိုင်းနေ့စဉ် သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အဲဒီစက်ရုံက ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာဆယ်ကျော်သက် နှစ်ယောက် (ကျား မ ဖော်ပြမထား) အဝေးပြေးလမ်းပေါ်မှာ ၃ ရက်ကြာလမ်းလျှောက်ပြီး ငတ်ပြတ် အားနည်းနေတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။

ဒီကလေးနှစ်ယောက်ကို အလုပ်ပေးမယ်ဆိုပြီး တရုတ်-မြန်မာ နယ်စပ်ကနေ ခေါ်ခဲ့ကြောင်း၊ စက်ရုံရောက်တဲ့အခါ နိုင်ငံကူးလက်မှတ်ကို သိမ်းထားလိုက်ပြီး မိုဘိုင်းဖုန်းတွေကိုလည်း အလုပ်ရှင်က သိမ်းယူထားလိုက်ကြောင်း၊ ထွက်ပြေးလို့ မရအောင် အစောင့်တွေ ချထားကြောင်း သိရပါတယ်။

တခြား မြန်မာအလုပ်သမားတွေနဲ့အတူ ပိတ်လှောင်ခံထားရပြီး လုပ်ခလည်း မရရှိကြပါဘူး။ လုပ်ခတောင်းမိရင် အရိုက်ခံရတယ်လို့ ဆယ်ကျော်သက်တွေက ပြောပါတယ်။

တရုတ်ရဲတွေက ချည်ထည်စက်ရုံကို ဝင်ရောက်စီးနင်းခဲ့ကြပြီး အသက်မပြည့်သေးတဲ့ တခြားမြန်မာ အလုပ်သမား ၅ ဦးကို ထပ်တွေ့ခဲ့ကြပါတယ်။

“အလုပ်အခြေအနေက တော်တော်ဆိုးတယ်။ စက်ရုံက ရွံ့တွေ အမှိုက်တွေနဲ့ ဝက်ခြံလိုပဲ” လို့ တရုတ်ရာအရာရှိက ပြောပါတယ်။

စက်ရုံပိုင်ရှင်က ရဲတွေ မရောက်ခင် ထွက်ပြေးသွားပါတယ်။ ဒီကိစ္စကို တရုတ်ရဲတွေက ဆက်လက်စုံစမ်းနေပါတယ်။

Source: Shanghai Daily













1 comments :

  1. Anonymous said... :

    Poor Myanmar teenagers!
    Does Myanmar Embassy in Beijing know about this?
    Myanmar Embassy in Beijing needs to look after all of them.
    Myanmar diplomats should dare talk to Chinese authority about this issue.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved