ဘုရားနဲ့ လက်နက် မအပ်စပ်မှန်းသိကုန်ပြီ

Thursday, November 10, 2011




ရွှေတိဂုံစေတီပေါ်မှာ တန်ဆောင်မုန်းလပြည့်နေ့ စည်ကားနေတာပါ (ဓာတ်ပုံ - ဧရာဝတီ)

ဒီနှစ် တန်ဆောင်တိုင် ရန်ကုန်မှာ စည်ကားတယ်လို့ သိရပါတယ်။ တန်ဆောင်မုန်း လပြည့်နေ့ ရွှေတိဂုံစေတီမှာ ဘုရားဖူးတွေနဲ့ ပြည့်ကျပ်နေပြီး ခါတိုင်းလို စိမ်းစိမ်းစိမ်းစိမ်း လက်နက်ကိုင်တွေ ဘုရားခြေရင်းမှာ မတွေ့ရတော့ဘူး ဆိုတဲ့ ဝမ်းသာစရာ သတင်း ကြားရပါတယ်။ ဘုရားနဲ့ လက်နက် မအပ်စပ်ဘူးဆိုတာ ဘောင်းဘီချွတ်ပြီးမှ သဘောပေါက်တော်မူပုံ ရပါတယ်။

ဗြောက်ဖောက်သံတွေလည်း သီတင်းကျွတ်၊ တန်ဆောင်တိုင်မှာ ပြန်ကြားနေရပြီလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ ခါတိုင်းနှစ်တွေလို သတင်းစာထဲမှာ ဗြောက်အိုးဖောက်ရင် ဘယ်နှနှစ်၊ ရောင်းရင်ဘယ်နှနှစ် ဆိုတာတွေလည်း မတွေ့ရတော့ပါဘူး။ စိတ်ချမ်းသာစရာပါ။

ပို စိတ်ချမ်းသာစရာ ကောင်းတာက ဗြောက်အိုးတို့ မီးပန်းတို့နဲ့ ပတ်သက်ပြီး ဘာဥပဒေမှ မထုတ်တော့ပေမယ့် လူတွေက စည်းကမ်းတကျ ရှိတယ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်ချင်တိုင်း မဖြစ်ကြဘူး ဆိုတဲ့သတင်းပါ။ မြန်မာပြည်သားတွေက လက်နက်နဲ့ ခြိမ်းခြောက်မှ ဥပဒေကို နားလည်တာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြပြီ ထင်ပါရဲ့။

ဦးဘဂျမ်းလမ်းလို့ ခေါ်တဲ့ ၁၃ လမ်းမှာလည်း ကာတွန်းပြပွဲကို ဟိုးတုန်းကလို ပြန်ကျင်းပခွင့် ရပါပြီ။ ဘာပဲဖြစ်ဖြစ် အပျော်တွေ ဆက်လာ နိုင်ပါစေလို့ ဧရာဝတီက တန်ဆောင်တိုင်ဆုတောင်း ပေးလိုက်ပါတယ်။







5 comments :

  1. Anonymous said... :

    သိပ်ကောင်းတဲ့ မင်္ဂလာသတင်းနဲ့ မင်္ဂလာဆုတောင်းပါ။

  1. Anonymous said... :

    ဒီသတင်း ဖတ်ရတာ ၀မ်းသာပါတယ် ခင်ဗျာ။

  1. Anonymous said... :

    good news for all burmese

  1. Anonymous said... :

    သမ္မတကြီးနဲ့ အမေစု တို့ ဒီတန်ဆောင်တိုင်ပွဲတော်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အသက်ရှည်ပါစေ၊ မြန်မာပြည်သူ ပြည်သားများ စိတ်ထဲမှာ ကိန်းနေတဲ့ ပလိဒေ၀ သောက အကြောက်တရားများကိုလဲ အေးချမ်းလာအောင် ဆောင်ကြဉ်ပေးနိုင်ကြပါစေ လို ဆန်ဒပြုလိုက်ပါတယ်.

  1. Anonymous said... :

    ဘု၇ားကို စိတ်ကြည်လင်စွာနဲ့ အာရုံပြုလို့ ၇တာပေါ့ .သာဓုခေါ်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved